Published_ 26 January 2024

ရွှေတိဂုံစေတီ‌တော်အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင် ပန်းခြံကြားမြေအောက်လမ်းကူးလူသွား ဥမင် (Underpass) အဆောက်အဦတည်ဆောက်လျက်ရှိပြီးတည်ဆောက်မှု၊ ပြီးစီးမှုရာခိုင်နှုန်း(၃၀) ရှိပြီဖြစ်ကြောင်းမြို့တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။

အဆိုပါ စီမံကိန်း၏ ခန့်မှန်းလျာထားကာလ မှာ ၁၄ လခန့် ကြာမြင့်မည်ဖြစ်ပြီး ၂၃ ပေအကျယ်ရှိသည့် မြေအောက်လမ်းကူး လူသွား ဥမင်သီးသန့်အဖြစ် တည်ဆောက်သွားမည်ဖြစ်သည်။

ယခုတည်‌ဆောက်နေသည့် မြေအောက်လမ်းကူး လူသွား ဥမင်သည်တစ်နာရီလျှင် လူဦးရေ ၁၄,၀၀၀ ဦး ဖြတ်သန်း သွားလာနိုင်မည်ဖြစ်ကာ ရွေ့လျား စက်လှေကားလေးစင်းနှင့် မသန်စွမ်း သူများ အသုံးပြုရန် ၁၀ ယောက်စီး ဓာတ်လှေကား နှစ်စင်းပါရှိကြောင်းသိရသည်။

ရွှေတိဂုံစေတီတော်နှင့် ပြည်သူ့ရင်ပြင်သို့ ပြည်သူများ သွားလာရာတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေပြီး သက်သောင့်သက်သာ ဖြတ်သန်း သွားလာနိုင်ရေးနှင့် ခေတ်မီ အခြေခံအဆောက်အဦ တစ်ခု ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် မြေအောက်လမ်းကူး လူသွားဥမင် (Underpass) တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေးခဲ့ပြီး စံချိန်စံညွှန်း ကိုက်ညီစွာဖြင့် ဆောင်ရွက်ရေး၊ လုပ်ငန်းဆောင်ရွက်နေစဉ် ယာဉ် ကြော ကျပ်တည်းမှုမရှိစေရေး နှင့်    လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ကြောင်းသိရသည်။
Yangon Times/tthl
#Local_News
#Published_ 26 January 2024
#YMG #Yangon_Times #Yangon_Media_Group