Published 26 January 2024

  ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၅/၅) နှင့် (၃၅/၆) ကြားတွင် ယာဉ်(၁)စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

  ဇန်နဝါရီ ၂၆ရက် နံနက် ၇နာရီ ခန့်က ဖြစ်ပွားခဲ့ ခြင်း ဖြစ်ပြီး ယာဉ်(၁)စီးတိမ်းမှောက်မှုဖြစ်ပွား‌ကြောင်း သတင်းရရှိသဖြင့် ဘောနတ်ကြီးအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ သံဃာ(၃)ပါး၊ အမျိုးသား (၅)ဦးနှင့် ကလေးငယ် ကျား(၁)ဦး၊ အမျိုးသမီး (၈)ဦး စုစုပေါင်း(၁၇)ဦးအနက် (၇)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

  ထိခိုက်ဒဏ်ရာရရှိသူ တို့အား 192 သူနာတင်ယာဉ်ဖြင့် ပဲခူးပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 26 January 2024
#YMG #Yangon_Times #Yangon_Media_Group