Published 23 January 2024

ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသည့် YBS ခရီးသည်တင်ယာဉ် များ ညအိပ်ရပ်နားနိုင်ရန် အတွက်ယာဉ်ရပ်ကွင်း ၁၅ ကွင်းကို ၂၀၂၄ ခုနှစ် အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီထံက သိရသည်။

YBS ယာဉ်များ ညအိပ်ရပ်နားသည့်အခါ မြို့နယ်အလိုက်ပြေး ဆွဲလျက်ရှိသည့် ဂိတ်ရင်း၊ ဂိတ်ဖျားများရှိသည့် လမ်းပေါ်တွင် ညအိပ်ရပ်နားရသည့်အခါ ကားပစ္စည်းများ ဖြုတ်ခိုးခံရခြင်း ၊လမ်းပိတ် ခြင်းများရှိသည့်အတွက် YBS ယာဉ်များ ရပ်နားရန် ကားကွင်းတည် ဆောက်ရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီက သိရသည်။

အဆိုပါ YBS ယာဉ် ညအိပ်ရပ်နားကွင်းများကို ၂၀၂၃ ခုနှစ်က မြို့နယ်ရှစ်ခုတွင် စတင်အကောင်အထည်ဖော်ဆောင်ခဲ့ပြီး လက်ရှိ တွင် ကျန်ရှိနေသော ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အိုးအိမ်ဦးစီး ဌာနက ခွင့်ပြုချပေးထားသည့် သုခဒဂုံအိမ်ရာဝင်းရှိ ငါးဧက အကျယ်ရှိသော မြေပေါ်တွင်ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

ယာဉ်ရပ်နားကွင်းများကို ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း) ၊ သာကေတ ၊မြောက်ဥက္ကလာ၊ ရွှေပေါက်ကံ မြို့သစ် ၊ မင်္ဂလာဒုံ ၊ ထောက်ကြန့်နှင့်လှိုင်သာယာမြို့နယ်များတွင် တည်ဆောက်လျက်ရှိကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 23 January 2024
#YMG #Yangon_Times #Yangon_Media_Group