Published 23 January 2024

မလေးရှားနိုင်ငံတွင်  အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပိသားတစ်ဦးမှာ အိပ်မက်ဂဏန်းကို ထီထိုးခဲ့ရာမှ ပထမဆုပေါက်ကာ မြန်မာကျပ်ငွေ သိန်း (၂၇၀) ကျော် ရရှိခဲ့ကြောင်းမလေးရှားရှိမြန်မာလူမှုကူညီရေးအသင်းဖြစ်သည့်နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ထံက သိရသည်။

အဆိုပါ ကံထူးရှင် သည် အိပ်နေရင်းအိမ်မက်ထဲတွင် အော်ပရာစီဖမ်းမိရာ... ရဲမှ ရင်းဂစ် ( ၅၀၀၀ )ပေးရင်ပြန်လွှတ်မယ်ပြောသည့်အတွက် လန့်နိုးသွားခဲ့ရာ ယင်းဂဏန်းက်ုထီထိုးခဲ့ရာမှ ထီပေါက်ခြင်း ဖြစ်ကြောင်းသိရသည်။

 အိပ်မက်ထဲတွင် ရဲကတောင်းသည့် ရင်းဂစ် (၅၀၀၀)ကို အတိတ်ကောက်ယူပြီး၊ (၅၀၀၀) ဂဏန်းကို  (၁၅)ရင်းဂစ် ဖိုးထိုးခဲ့ရာမှ ပထမဆုပေါက်ခဲ့ပြီး ဆုငွေ ရင်းဂစ် (၃၇၅၀၀)၊ မြန်မာကျပ်ငွေ သိန်း (၂၇၀) ကျော်ရရှိခဲ့ခြင်းဖြစ်သည်။

   အဆိုပါ ထီဆုပေါက်သူ ကိုမြင့်ဇော်သည် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ မလေးရှားနိုင်ငံကို လာရောက်ပြီး အလုပ်လုပ်ကိုင်နေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

ထီဆုငွေထုတ်ယူရာတွင် လိုက်ပါကူညီဆောင်ရွက်ပေးခဲ့သည့်နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ကိုလည်း  ကိုမြင့်ဇော်က ပရဟိတလုပ်ငန်းများလုပ်ဆောင်ရာမှာအသုံးပြုဖို့ ရင်းဂစ် (၃၀၀၀)ကို လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 23 January 2024
#YMG #Yangon_Times #Yangon_Media_Group