#Local_News
Published_ 19 July 2023
ယနေ့ ဇူလိုင်လ(၁၉)ရက်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်နှင့် မုဒုံမြို့နယ်တို့တွင် မိုးရေချိန်စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
မော်လမြိုင်တွင် ၂၀၂၁ခုနှစ် ဇူလိုင်လ ၂၇ ရက်က မိုးရေချိန်စံချိန်ဟောင်းအဖြစ် မိုးရေချိန်၁၁.၈၅လက်မရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်ဇူလိုင်လ ၁၉ ရက်တွင် စံချိန်သစ်အဖြစ် မိုးရေချိန်၂၂.၇၅လက်မရှိခဲ့သည်။
မုဒုံတွင် ၁၉၉၉ ခုနှစ်ဇူလိုင်လ၂ရက်က မိုးရေချိန်စံချိန်ဟောင်းအဖြစ် မိုးရေချိန် ၁၀.၇၅ လက်မရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်ဇူလိုင်လ ၁၉ ရက်တွင် စံချိန်သစ်အဖြစ် မိုးရေချိန်၁၄.၀၉လက်မရှိခဲ့သည်။
မော်လမြိုင်တွင် စခန်းဖွင့်ချိန်မှလွန်ခဲ့သော နှစ်ပေါင်း(၇၁)နှစ်အတွင်း မိုးရေချိန်အများဆုံးရွာသွန်းခဲ့တာဖြစ်ပြီး မုဒုံတွင်စခန်းဖွင့်ချိန်မှလွန်ခဲ့သောနှစ်ပေါင်း(၄၂)နှစ်အတွင်း မိုးရေချိန်အများဆုံးရွာသွန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#Local_News #မော်လမြိုင်နှင့် မုဒုံတွင် မိုးရွာသွန်းမှုအများဆုံး
#tthl #Yangon_Times
#Local_News
Published-19 July 2023
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့တွင် အောင်လံ-ပြည်ကားလမ်းတွင် Expressယာဥ်မှ သုံးဘီးဆိုင်ကယ်နှင့် ရပ်နားထားသော ဆိုင်ကယ်အား ဝင်တိုက်မိ၍ လူ ၁ ဦးသေဆုံး၍ ၁ ဦး ထိခိုက်ဒဏ်ရာရရှိမှု ယနေ့ဖြစ်ခဲ့ကြောင်း မေတ္တာမွန်လူမှုကူညီရေးအသင်းက သိရသည်။
ဖြစ်စဥ်မှာ ဇူလိုင်လ ၁၉ ရက် နံနက် ၁၀ နာရီ ၂၀မိနစ်အချိန်ခန့်က အောင်လံမြို့၊ ရွာထောင်ရပ်ကွက်၊ အောင်လံ-ပြည်ကားလမ်းတွင် Express ယာဉ်သည် လားရာတူမောင်းနှင်နေသောသုံးဘီးဆိုင်ကယ်နှင့် ရပ်နားထားသောဆိုင်ကယ်အား ဝင်ရောက်တိုက် မှုဖြစ်ခဲ့ကြခြင်းဖြစ်သည်။
"သုံးဘီးယာဥ်မောင်း(ကျား) ၁ဦးသေတယ်။ နောက် အမျိုးသား၁ဦး (မစိုးရိမ်) ရ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်"ဟု ယင်းအသင်းကသိရသည်။
ယင်းဖြစ်စဥ်နေရာသို့ အောင်လံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပြီး သေဆုံးသူနှင့်ထိခိုက်ဒဏ်ရာရရှိသူအား မေတ္တာမွန်လူမှုကူညီရေးယာဉ်ဖြင့် အောင်လံမြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။
#Yangon_Times/BM #Local_News #Expressမှသုံးဘီးဆိုင်ကယ်အားဝင်တိုက်မိ
‘ကျွန်တော်တို့ မနက် ၄ နာရီကတည်းက ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနေပါတယ်။ ရေနစ်မြုပ်မှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးခဲ့သလို အုတ်တံတိုင်းပြိုကျလို့ လူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်။ ရေဘေးသင့်ပြည်သူ (၂၀၀)ဦးရှိပါတယ်’ ဦးဘိုဘိုဝင်း၊(မွန်ပြည်နယ် အခြေစိုက်ဘိုဘိုဝင်းလူမှုကူညီရေးအဖွဲ့ဥက္ကဌ)
Published_ 19 July 2023
#Local_News
#ရေဘေးသင့်သူ(၂၀၀)ဦးရှိ
#tthl #Yangon_Times
ဇူလိုင် (၂၄) ရက် ကနေ ဇူလိုင် (၃၁)ရက်နေ့ အထိ နေပြည်တော်မှာ (၈) ရက်ကြာပြုလုပ်မည်
Published_ 19 July 2023
#Local_News
#အမျိုးသား/အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ
#YMG/my #Yangon_Times
#Local_News
Published_ 19 July 2023
ဇူလိုင်လ(၁၄)ရက်၊ (၁၆)ရက်နှင့် (၁၇)ရက်သုံးရက်တာအတွင်း ကျပ်သန်း(၁၁၀)ကျော်တန်ဖိုးရှိ တရားမဝင်ပစ္စည်းများနှင့်ယာဉ်များဖမ်းဆီးရမိခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကော်မတီမှ သိရသည်။
ဖမ်းဆီးရမိသည့်အမှုတွဲ စုစုပေါင်း(၉)မှုရှိပြီး ကျပ်(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၄၂၂၂၃၅၀၀ တန်ဖိုးရှိတရားမဝင် စားသောက်ကုန်၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့်ယာဉ်များဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့်ပဲခူး၊ ရှမ်းပြည်နယ်၊ ရန်ကုန်အစရှိသည့်ဒေသအသီးသီးမှတရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးအဖွဲ့များနှင့် အကောက်ခွန်ဦးစီးဌာနအထူးစစ်ဆေးရေးအဖွဲ့များ၊ မွန်ပြည်နယ်မရမ်းချောင်အမြဲ တမ်းစစ်ဆေးရေးစခန်း တာဝန်ကျအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖမ်းဆီးခဲ့မိခြင်းဖြစ်ကြောင်းသိရသည်။
ယခုဖမ်းဆီးရမိခဲ့သည့်တရားမဝင်ပစ္စည်းများ၊ ယာဉ်များကိုသိမ်းဆည်းခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။
#tthl #Local_News #လူသုံးကုန်၊လျှပ်စစ်ပစ္စည်းများနှင့်ယာဉ်များဖမ်းမိ
#Yangon_Times
#Local_News
Published_ 19 July 2023
ဗိုလ်တထောင်ဘိုးဘိုးကြီးအတွက် ရွှေ(၅)ကျပ်သားဖြင့် ပြုလုပ်ထားသော ရွှေလက်ညှိုးတော်စွပ်ကို လာအိုနိုင်ငံသူမှ လှူဒါန်းခဲ့ကြောင်း ဗိုလ်တထောင်ဂေါပကအဖွဲ့များထံမှ သိရသည်။
ဇူလိုင်လ ၁၉ ရက်တွင် လာအိုနိုင်ငံသူ Ms.SOUPHAPHONE CHANTHANILEUTHမှ ရွှေအလေးချိန် (၄ကျပ်၁၃ပဲ၅.၅ရွေး)ကျပ်သိန်းတစ်ရာ့လေးဆယ်ကျော်တန်ဖိုးရှိရွှေလက်ညှိုးတော်စွပ်ကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရွှေလက်ညှိုးတော်စွပ်ကိုလှူဒါန်းဆက်ကပ်သည့် ရေစက်ချမင်္ဂလာအခမ်းအနားကို ဗိုလ်တထောင်စေတီတော်တွင်ကျင်းပခဲ့ပြီး ဆရာတော်သံဃာတော်တွေမှ ငါးပါးသီလခံယူခြင်း၊ လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်းကို ဆောင်ရွက်ခဲ့ပြီး ဗိုလ်တထောင်ရောဟဏီဘိုးဘိုးကြီးအား လက်ညှိုးတော်တွင် ရွှေလက်ညှိုးတော်စွပ်လှူဒါန်းခဲ့ကြောင်းသိရသည်။


#tthl #Local_News #ရွှေ(၅)ကျပ်သားရှိသောရွှေလက်ညှိုးတော်စွပ်ကိုလှူဒါန်း
#Yangon_Times
#Local_News
Published-19 July 2023
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့်ကုန်ထုတ်လုပ်သားသစ် (၁၅၁)ဦး ကို ဇူလိုင် ၁၉ရက်(ယနေ့) ထပ်မဲစေလွှတ်ခဲ့ပြီးယခုလတွင် ၅ကြိမ်တိုင် စေလွှတ်ခဲ့ပြီးဖြစ်သည်။
ဇူလိုင် ၁၉ ရက်တွင် ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိကကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည်များမှာကြားခဲ့ကြောင်း သိရသည်။
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် ဇူလိုင်လ ၄ ရက်ကလည်း EPS စနစ်ဖြင့် စုစုပေါင်း (၁၅၃) ဦးလည်းကောင်း၊ ဇူလိုင်လ ၁၀ရက်က EPSစနစ်ဖြင့် Regular ကုန်ထုတ်လုပ်သား(၁၄၆)ဦး ကိုလည်းကောင်း၊ ဇူလိုင်လ ၁၂ ရက်တွင် မြန်မာလုပ်သား (၁၅၀)ဦးကိုလည်းကောင်း၊ဇူလိုင် ၁၈ရက်တွင်မြန်မာလုပ်သား(၁၅၁) ဦးကိုလည်းကောင်းစေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးကသိရသည်။
#Yangon_Times/BM #Local_News #မြန်မာလုပ်သား(၁၅၁)ဦးကို ယနေ့ထပ်မံစေလွှတ်
(၇၆)နှစ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို လေးစားစွာ ဦးညွတ်အလေးပြုပါသည်
Published_ 19 July 2023
#Local_News
#(၇၆)နှစ်မြောက် အာဇာနည်နေ့
#Yangon_Times
ဘိန်းအစားထိုး စိုက်ပျိုးနေတဲ့ရှမ်းပြည်မြောက်ပိုင်းက ပြောင်းတွေကိုတရုတ်နိုင်ငံကို တင်ပိုလျက်ရှိ
Published 19 July 2023
#Local_News #YMG/my #မြန်မာ့ပြောင်းဂျပန်ဈေးကွက်အထိထိုးဖောက်
#Yangon_Times
‘မုတ်သုန်အားအလွန်ကောင်းလာသလို တာလင်းမုန်တိုင်းရဲ့သက်ရောက်မှုနဲ့ လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်လာနိုင်မှုတွေကြောင့် မွန်၊ ကရင်၊ တနင်္သာရီမှာ လေပြင်းတိုက်တာ၊ မိုးသည်းထန်တာတွေဖြစ် နိုင်တယ်’ ဦးလှထွန်း(မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး)
Published 19 July 2023
#Local_News #tthl/my #မွန်၊ ကရင်၊ တနင်္သာရီ
#Yangon_Times
(၇၆)နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကို နစကအဖွဲ့ဝင်တွေနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့မိသားစုဝင် အပါအဝင်ကျန်ရစ်သူမိသားစုဝင်တွေက တက်ရောက်ဂါရဝပြုခဲ့တယ်။
Published 19 July 2023
#Local_News #tthl #အာဇာနည်နေ့အခမ်းအနားကျင်းပ
#Yangon_Times
#Daily_News
Published_ 19 July 2023
၁။ အာဇာနည်နေ့အခမ်းအနားသို့ နစကအဖွဲ့ဝင်များနှင့် အာဇာနည်မိသားစုဝင်များတက် ရောက်ဂါရဝပြု
၂။ မွန်၊ ကရင်၊ တနင်္သာရီဒေသနှင့်ရန်ကုန်တွင် လေပြင်းတိုက်ပြီး မိုးဆက်တိုက်သည်းမည်
၃။ မြန်မာ့ပြောင်း ဂျပန်ဈေးကွက်အထိ ထိုးဖောက်နိုင်ရန်အရည်အသွေးမြှင့်တင်နေ
၄။ ရာသီဥတု အပူချိန်မြင့်မားလွန်းခြင်းနှင့် မိုးခေါင်ရေရှားမှုများကြောင့် အီရတ်မှပျားရည်ထုတ်လုပ်မှုများစွာထိခိုက် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Page 1007 of 1856