#Local_News
Published 22 January 2024


အရှေ့တောင်အာရှ၌ သက်တမ်းအရှည်ကြာဆုံးဖြစ်သည့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ၏ (၁၁၈)နှစ်ပြည့် ပွဲတော်‌ကိုယခုလအတွင်း လေးရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ သိရသည်။

 

အဆိုပါပွဲ‌တော်ကို ဇန်နဝါရီ ၂၅ ရက်မှ ၂၈ ရက်အထိ ၄ ရက်တိုင်တိုင် ပျော်ရွှင်ဖွယ်ရာအစီ အစဉ်များနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

 

ပွဲတော်ကာလအတွင်း တေးဂီတနှင့် အကအလှဖျော်ဖြေရေးအစီအစဉ်များ၊ မျက်လှည့်အစီအစဉ်များ၊ ချစ်စရာတိရစ္ဆာန် လိမ္မာလေးများနှင့်အတူ ဓာတ်ပုံရိုက်ကူးနိုင်နည်ဖြစ်ကြောင်းသိရသည်။

 

ထို့အပြင် ကလေးတို့အကြိုက် ဂိမ်းအစီအစဉ်များ၊ လက်ဆောင်များရယူနိုင်မည့် အမေးအဖြေကဏ္ဍများ၊ ဈေးရောင်းပွဲများအပါအဝင် ပျော်ရွှင်ဖွယ်ရာအစီအစဉ်များလည်း ပါဝင်မည်ဖြစ်‌ကြောင်း သိရသည်။

 

#Local_News #ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏(၁၁၈)နှစ်ပြည့် #ပွဲတော်‌လေးရက်တိုင်တိုင်ကျင်းပ #YMG/ NN #Yangon_Times