#Local_News
Published_31 January 2023
တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၄၅ ဦးကို ယနေ့ (ဇန်နဝါရီလ ၃၁ ရက်)တွင် စေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
တောင်ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ တစ်ဆင့် EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ် ၂၉ ဦး၊ CBT ကုန်ထုတ်လုပ်သား ၅ ဦး၊ Re-entry ကုန်ထုတ်လုပ်သား ၂၀ ဦး၊ စိုက်ပျိုး၊မွေးမြူရေး လုပ်သားသစ် ၆၁ ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် ၃၀ ဦးကို စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်ဖြင့် Re-entry ကုန်ထုတ်လုပ်သား ၄၅ ဦး၊ Re-entry စိုက်ပျိုး၊မွေးမြူရေး လုပ်သား ၃ ဦးကို ယခုလထဲတွင် ပထမဦးဆုံးအကြိမ်စေလွှတ်ထားကြောင်းလည်း သိရသည်။ လက်ရှိတွင် မြန်မာလုပ်သား ၅၀,၀၀၀ နီးပါး တောင်ကိုရီးယားနိုင်ငံတွင် လုပ်ကိုင်နေကြောင်းလည်း သိရသည်။
ယင်းအပြင် တောင်ကိုရီးယားအလုပ်အကိုင် EPS စာမေးပွဲကုန်ထုတ်လုပ်ငန်းအတွက် ဒုတိယအသုတ်စာမေးပွဲကိုလည်း လာမည့် ဖေဖော်ဝါရီလ ၆ ရက်မှ ၁၀ ရက်အထိ ၅ ရက်ကြာကျင်းပသွားမည်ဖြစ်ပြီး အဆိုပါစားမေးပွဲတွင်လူဦးရေ ၁၅၀၀၀ နီးပါး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_31 January 2023
ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ် ပြခန်းများနှင့် ဈေးရောင်းပွဲတော်ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်း ဈေးရောင်းပွဲတော်ကို ဖေဖော်ဝါရီလ ၁၁ ရက် နှင့် ၁၂ ရက်တို့တွင် နံနက် ၉ နာရီ မှ ညနေ ၅ နာရီအထိ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း၊ အဆိုပါပြခန်းနှင့်ဈေးရောင်းပွဲတော်အတွင်း ဖျော်ဖြေရေးအစီအစဉ်များဖြင့်ဧည့်ခံ ဖျော်ဖြေမည်ဖြစ်ပြီး ဝန်ကြီးဌာနပြခန်း ၂၅ ခန်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနဲ့ပြည်နယ် ပြခန်း ၁၅ ခန်း၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အနုပညာပြခန်း၊ ဝတ်စားဆင်ယင်မှုပြခန်း၊ ဒေသထွက်ကုန် ပစ္စည်းပြခန်း၊ တိုင်းရင်းသားရိုးရာ အစားအစာပြခန်း ၁၅ ခန်း၊ စုစုပေါင်းပြခန်း ၅၅ ခန်းပါဝင်မည် ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက် မှုဇုန် ၂၉ ဇုန်မှ ထုတ်လုပ်သည့် အိမ်သုံးဆေးဝါး၊ တိုင်းရင်းဆေးများ၊ လူသုံးကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ အီလက်ထရောနစ်ဆက်စပ် ပစ္စည်းများ၊ ဟိုတယ်နှင့်အိမ်သုံး မီးဖိုချောင်နှင့်ဧည့်ခန်းသုံး ပစ္စည်းများပြခန်း ၃၅၆ ခန်း ပါဝင်မည်ဖြစ်ကြောင်း လည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_31 January 2023
ထိုင်းနိုင်ငံတွင် ကလေးငယ် ၆ ဦးအပါအဝင် မြန်မာနိုင်ငံသား ၉၀ ကျော် အဖမ်းခံရကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးဆောင်ရွက်နေသူများထံမှ သိရသည်။
"ဇန်နဝါရီလ ၂၈ ရက်နဲ့ ၂၉ ရက်က နှစ်ရက်ပေါင်းမှာ လူ ၉၀ အဖမ်းခံရတယ်။ ဒီလိုတရားမဝင်သွားနေရင် နောက်လည်းအဖမ်းခံနေရအုံးမှာပဲ၊မလာကြပါနဲ့၊ တရားမဝင်လမ်းကနေ မလာကြပါနဲ့ဆိုပေမဲ့လည်း ပို့တဲ့သူကပို့၊ လာတဲ့သူကလာဆိုတဲ့ ပုံစံဖြစ်နေတယ်"ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
အဆိုပါ မြန်မာနိုင်ငံသား ၉၀ ကျော်မှာ တရားမဝင်ရောက်လာခြင်းဖြစ်ပြီးထိုင်းနိုင်ငံ၊ ကန်ကျနဘူရီခရိုင်အတွင်း ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများမှာ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ရန် လာရောက်သူများဖြစ်ကြောင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်စသည့် ဒေသများက ဖြစ်ကြောင်းနှင့် စမွတ်စာခွန်၊ ရယောင်း၊ ကန်ကျနဘူရီ ၊ ဘန်ကောက်စသော ဒေသများတွင် အလုပ်လုပ်ရရှိရန် ပွဲစားများအား တစ်ဦးလျှင် ဘတ်နှစ်သောင်းမှ ဘတ်သုံးသောင်းထိပေး၍ လာရောက်ကြသူများ ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#World_Military
Published 31 January 2023
ယူကရိန်းအလိုရှိနေတဲ့ F-16 တိုက်လေယာဉ်တွေကို အမေရိကန်က ထောက်ပံ့မှာမဟုတ်ကြောင်း အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်'က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
ထိုအချိန်မှာပဲ ယူကရိန်းအရှေ့ဘက်ပိုင်းမှာ ရုရှားတပ်များ သိမ်းပိုက်ချီတက်နေပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်က အဓိကတင့်ကားကြီးတွေ ထောက်ပံ့ရရှိဖို့ သေချာခဲ့ပြီးနောက် ယူကရိန်းတို့ဟာ အနောက်နိုင်ငံရဲ့ စတုတ္ထမျိုးဆက် F-16 တိုက်လေယာဉ်တွေကိုလည်း ရရှိဖို့ တိုက်တွန်းခဲ့တာဖြစ်ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးအကြံပေးက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
ယူကရိန်းလေယာဉ်မှူးတွေအနေနဲ့ ဒီလိုတိုက်လေယာဉ်တွေ မောင်းတတ်ဖို့ နှစ်ဝက်လောက် သင်ကြားလေ့ကျင့်ရမှာဖြစ်ကြောင်း ယူကရိန်းလေတပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။
အမေရိကန်အနေနဲ့ တိုက်လေယာဉ်တွေ ထောက်ပံ့မှာလားလို့ မေးမြန်းခဲ့ရာမှာ ဘိုင်ဒင်က မထောက်ပံ့ဘူးလို့ အိမ်ဖြူတော်ကနေ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ကျူးကျော်မှုကို အပြင်းထန်ဆုံးခုခံတိုက်ထုတ်ခဲ့တဲ့ ယူကရိန်းကို ရုရှားက လက်စားချေတဲ့အနေနဲ့ ရုရှားက တိုက်ခိုက်မှုတွေ တောက်လျှောက်ပြုလုပ်နေတယ်လို့ ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'က ပြောကြားလာပါတယ်။
ပြီးခဲ့တဲ့အပတ်က ဂျာမနီနဲ့ အမေရိကန်တို့က ယူကရိန်းအတွက် တင့်ကားများထောက်ပံ့မယ်လို့ ကြေညာခဲ့ပါတယ်။
ရုရှားတပ်တွေဟာ ကျောက်မီးသွေးတူးဖော်ရာမြို့တစ်ခုမှာ အခြေစိုက်နေရာယူထားနိုင်ခဲ့ပြီလို့ ဒိုနက်စ်ဒေသစီမံအုပ်ချုပ်ရေးမှူး 'ဒန်နစ်ပူရှီလင်'က ဆိုပါတယ်။
ရုရှားသတင်းဌာန TASS က ဖော်ပြထားရာမှာ ရုရှားတပ်တွေက ချီတက်တိုက်ခိုက်လျက်ရှိပြီး နေရာတိုင်းမှာ တိုက်ပွဲဖြစ်နေပါတယ်။
ထောက်ပံ့ရန်ကတိပြုထားတဲ့ လက်နက်တွေကို အလျင်အမြန်ပေးပို့ရန် ဇယ်လန်စကီက အနောက်နိုင်ငံကို တွန်းအားပေးနေပါတယ်။
အနောက်နိုင်ငံအနေနဲ့ လက်နက်ထောက်ပံ့နေတာဟာ နေတိုး(NATO)နိုင်ငံတွေအနေနဲ့ ပဋိပက္ခမှာ ပိုမိုပါဝင်ပတ်သက်လာတာဖြစ်ကြောင်း၊ ဒါပေမဲ့ အခြေအနေတွေကိုတော့ ပြောင်းလဲပေးနိုင်မှာမဟုတ်ကြောင်း ရုရှားစစ်အုပ်ချုပ်ရေးမှ ပြောရေးဆိုခွင့်ရှိသူ'ဒီမစ်ထရီပက်စ်ကော့ဗ်'က ဆိုပါတယ်။
Source: Reuters
#Yangon_Media_Group
#Local_News
Published_31 January 2023
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအား နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်အစီအစဉ်ကို ယာယီရပ်နားမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၆ ရက်ကစ၍ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် စက်နှင့် ကွန်ပျူတာများကိုပြုပြင်၊ ထိန်းသိမ်ရန်အတွက် ဖြစ်ကြောင်းယာယီရပ်နားရန် ကြေညာခြင်း ဖြစ်ကြောင်း၊ ယင်းကာလအတွင်းနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် ရက်ချိန်းယူခြင်း၊ မည်သူမည်ဝါဖြစ်ကြောင်း ထောက်ခံချက်ယူခြင်းနှင့် ဗီဇာ၊ ထောက်ခံစာထုတ်ပေးသော လုပ်ငန်းစဉ်များကိုမူ ရုံးဖွင့်ရက်တိုင်း ပုံမှန်ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ယခုအခါ သာမန်မြန်မာနိုင်ငံကူးလက်မှတ် Passport for Job (PJ) အမျိုးအစား ကိုင်ဆောင်ထားသူများ အနေဖြင့် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်(Overseas Worker Identification Card-OWIC) လျှောက်ထားရမည်ဖြစ်ကြောင်းလည်း အသိပေးကြေညာထားသည်။
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ကျွမ်းကျင်လုပ်သားအဖြစ် သွားရောက်မည့်သူများ၊ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ခွင့်ပါမစ်၊ အမြဲတမ်းနေထိုင်ခွင့်ပါမစ်၊ စီးပွားရေးပါမစ် များဖြင့် နေထိုင်လုပ်ကိုင်သူများမှ အကြောင်းအမျိုးမျိုးဖြင့် မြန်မာနိုင်ငံသို့ ပြန်လာပြီး ပြန်လည်ထွက်ခွာမည့်သူများ၊ OWIC ကတ် သက်တမ်းကုန်ဆုံးသွားသူများ၊ပျောက်ဆုံးသွား သူများအနေဖြင့် နိုင်ငံကူးလက်မှတ်(PJ)အမျိုးအစား ကိုင်ဆောင်ထားရှိပါက မြန်မာအပြည်ပြည်ဆိုင်ရာလေဆိပ်၊ မြန်မာနယ်စပ်ဂိတ်များမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာနိုင်ရေးအတွက် OWIC ကတ် မဖြစ်မနေ ကိုင်ဆောင်ထားရမည်ဖြစ်ကြောင်း၊ အလုပ်သမားဝန်ကြီးဌာန၏ Website၊ Safe Migration Facebook Page၊ Safe Migration Telegram Channel၊ အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးရုံးများ၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်များမှတစ်ဆင့် ကြေညာထားရှိပြီးဖြစ်ပြီးဖြစ်သောကြောင့် OWIC ကတ်ကို အလုပ်သမား ဝန်ကြီးဌာနသို့ တင်ပြလျှောက်ထားကြရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်ရန်မဟုတ်ဘဲ ပညာသင်ကြားနေသူများ၊ အမြဲတမ်းနေထိုင်ခွင့်ပါမစ်ဖြင့်နေသူများ၊ အသက်အရွယ်ကြီးရင့်ပြီး အငြိမ်းစားဝန်ထမ်းဖြစ်သူများနှင့် မှီခိုနေထိုင်သူများဖြစ်ပါကလည်း ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များကို အခြားသက်ဆိုင်ရာ နိုင်ငံကူးလက်မှတ်အမျိုးအစားသို့ ပြောင်းလဲလျှောက်ထားရမည် ဖြစ်ပါကြောင်း ၎င်းတွင် ထည့်သွင်းရေးသားထားသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_31 January 2023
ဂျပန်နိုင်ငံရှိ ကုမ္ပဏီများ၌အလုပ်လုပ်ကိုင်ရန် မြန်မာလုပ်သား အမျိုးသား ၄၂၂ ဦးနှင့် အမျိုးသမီး ၅၄၃ ဦး စုစုပေါင်း ၉၆၅ ဦးခေါ်သွားရန် အလုပ်ကမ်းလှမ်းစာ ၁၃၂ စောင်ရရှိထားကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ တိုကျိုမြို့က အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ အလုပ်ကမ်းလှမ်းစာ ၁၃၂ စောင်အား မြန်မာသံရုံး၊ တိုကျိုမြို့က ဇန်နဝါရီလ ၁၇ ရက်မှ ဇန်နဝါရီလ (၃၀)ရက် အတွင်း စိစစ်ပြီးနောက် ယင်းကမ်းလှမ်းစာများနှင့် ပတ်သက်သည့် အချက်အလက်များအား နိုင်ငံခြား ရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အလုပ်ကမ်းလှမ်းစာများသည် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီး ဌာနမှတဆင့် ပေးပို့လာခြင်းဖြစ်၍ အလုပ်ကမ်းလှမ်းစာ (Demand Letter)များကို အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများသည် ဂျပန်နိုင်ငံ၌ တရားဝင်တည်ထောင်ထားခြင်း ရှိ၊ မရှိနှင့်စာရွက်စာတမ်းအထောက်အထားများအား စိစစ်၍ တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အလုပ်ကမ်းလှမ်းစာ ၁၃၂ စောင်အတွက် မြန်မာနိုင်ငံရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေး တရားဝင်လိုင်စင်ရ ကုမ္ပဏီများက မြန်မာအလုပ်သမားများအား စေလွှတ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Myanmar_News
Published 31 January 2023
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အစိတ်အပိုင်းကြီးအား ရတနာပုလ္လင်တော်ထက်သို့ ပင့်ဆောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ပြီး ယနေ့ ဇန်နဝါရီ ၃၁ရက် နံနက် ၀၁.၃၅ နာရီမှစတင်ပင့်ဆောင်ခဲ့ရာ နံနက် ၈ နာရီ ၀၁ မိနစ်တွင် ရတနာပုလ္လင်တော်ထက်သို့ ရောက်ရှိပင့်ဆောင်ပြီးစီးကြောင်း သတင်းရရှိပါတယ်။
-ymg/Knl/
#Yangon_Media_Group
#Health_Tips
Published 31 January 2023
ဒေါက်တာ'ယန်ကော်ဒယ်လ်'ဟာ တစ်တော့ပေါ်မှာ ဖော်လိုဝါ ၉ သောင်းကျော်ရှိတဲ့ ဆရာဝန်တစ်ဦးဖြစ်ပါတယ်။
လူတွေရေချိုးတဲ့အခါ သန့်ရှင်းရေးမလုပ်ဖြစ်ကြတဲ့ ခန္ဓာကိုယ်နေရာတွေအကြောင်း ဒေါက်တာက ဗီဒီယိုတစ်ခုတင်ခဲ့ရာမှာ ကြည့်ရှုသူ ၂ သန်းနီးပါးရှိသွားပါပြီ။
- ချက်
ပထမဦးဆုံးအနေနဲ့ ချက်ကို သန့်ရှင်းရေးလုပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
- နားရွက်
လူတွေက နားရွက်အပေါ်ပိုင်းကို မသန့်ရှင်းကြသလို နားရွက်နောက်ဘက်ကိုလည်း သန့်ရှင်းရေးမလုပ်ကြပါဘူး။
ဒီနေရာတွေကို မဆေးကြောဘူးဆိုရင် အနံ့ဆိုးထွက်တတ်တယ်လို့ ပြောပြခဲ့ပါတယ်။
- လက်သည်း
လက်သည်းကြားတွေကို သန့်ရှင်းရေးလုပ်ဖို့ မေ့လျော့နေတတ်ပါတယ်။ ဒီနေရာတွေမှာ ဖုန်မှုန့်အညစ်အကြေးတွေ စုပြုံနေတတ်ပါတယ်။
- ခြေထောက်
လူအများက ခြေထောက်ကို မသန့်ရှင်းကြဘူးလို့ 'ကော်ဒယ်လ်'က ယူဆထားပါတယ်။
ခန္ဓာကိုယ်အပေါ်ပိုင်းကနေ ဆပ်ပြာဆေးချလိုက်တဲ့ ရေတွေနဲ့တင်မကဘဲ ခြေထောက်ကိုပါ ဆပ်ပြာတိုက်ဖို့ လိုအပ်ပါတယ်။
- ခြေချောင်းများ
ဒါ့အပြင် ခြေချောင်းတွေကြားကိုလည်း သန့်ရှင်းပေးဖို့လိုပါတယ်။
ဒါမှ ရောဂါပိုးမကူးစက်နိုင်မှာဖြစ်ပြီး မှိုမစွဲစေရန်လည်း ရေချိုးပြီးတဲ့အခါ ခြောက်သွေ့အောင် ထားရပါမယ်။
Source: The Jerusalem Post
#Yangon_Media_Group
#World_Science
Published 31 January 2023
ရှဉ့်တူကြွက်တူသတ္တဝါတွေထံမှာ အချစ်ဟော်မုန်းအောက်ဆီတိုဆင်နဲ့ မသက်ဆိုင်နိုင်အောင် မျိုးရိုးဗီဇပြုပြင်ပြီး စမ်းသပ်လေ့လာခဲ့ကြပါတယ်။
ဒီလေ့လာချက်ကို Neuron ဂျာနယ်မှာ ဖော်ပြထားကာ မေတ္တာသက်ဝင်ခြင်းနဲ့ ကလေးမွေးဖွားပြုစုခြင်းတို့က အောက်ဆီတိုဆင်အပေါ် မူတည်နေတဲ့အကြောင်းကို လေ့လာခဲ့ကြတာဖြစ်ပါတယ်။
"တစ်ယောက်နဲ့တစ်ယောက် အချိန်ကြာမြင့်စွာ မေတ္တာမျှနေခြင်းက ဟော်မုန်းတစ်ခုကြောင့်ဆိုတာထက် ပိုပြီးလေးနက်အရေးကြီးတယ်ဆိုတာကို သိခဲ့ရပါတယ်" လို့ အင်ဒီယာနာတက္ကသိုလ်မှ စိတ်ပညာပရော်ဖက်ဆာ'ဆူးကာတာ'က ပြောကြားခဲ့ပါတယ်။
အောက်ဆီတိုဆင်က မေတ္တာသက်ဝင်ခြင်း၊ နို့တိုက်ကျွေးခြင်း၊ ပြုစုစောင့်ရှောက်ခြင်းတို့မှာ အဓိကအရေးကြီးတဲ့အရာဖြစ်ပေမယ့် ဒီဟော်မုန်းကိုမတုန့်ပြန်နိုင်တဲ့ သတ္တဝါတွေမှာလည်း အခြားနည်းလမ်းများနဲ့ အသက်ရှင်နေထိုင်နိုင်ကြတယ်လို့ ဆိုပါတယ်။
အောက်ဆီတိုဆင်မရှိဘဲနဲ့ မေတ္တာမျှနိုင်တဲ့အပြုအမူကို လေ့လာသူများက အံ့အားသင့်စွာတွေ့ရှိခဲ့ကြပါတယ်။
သူတို့အဖွဲ့က ရှဉ့်တူကြွက်တူတွေမှာ မေတ္တာသက်ဝင်ခြင်းနဲ့ အောက်ဆီတိုဆင်သက်ဆိုင်တဲ့ အပြုအမူတွေကို နှောင့်ယှက်ဟန့်တားရန် ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။
အောက်ဆီတိုဆင်ကိုလက်ခံတဲ့ ဆဲလ်နေရာကို မျိုးရိုးဗီဇပြုပြင်ပြီး ဖယ်ရှားခြင်းဖြင့် ဒီအပြုအမူတွေ ပျောက်ကွယ်သွားမယ်လို့ မျှော်မှန်းခဲ့ကြတာပါ။
အမတွေထံကနေ မျိုးဥများကိုဖယ်ထုတ်ကာ မျိုးရိုးဗီဇပြုပြင်ပြီးတော့ ကိုယ်ဝန်ဆောင်ဖို့အသင့်ဖြစ်နေတဲ့ အမများထံမှာ သန္ဓေတည်စေခဲ့ပါတယ်။
ထိုကနေ ပုံမှန်သားပေါက်များ မွေးဖွားလာပြီး ကြီးပြင်းလာတဲ့အခါမှာလည်း အခြားသတ္တဝါတွေလို မေတ္တာသက်ဝင်ကြပါတယ်။
ရာနှုန်းပြည့်သေချာစေရန် ၃ ကြိမ်တိုင်လုပ်ဆောင်ခဲ့ပြီးနောက် တွေ့ရှိချက်ကို အတည်ပြုခဲ့ကြပါတယ်။
အောက်ဆီတိုဆင်မရှိဘဲနဲ့ ဒီလိုအပြုအမူတွေ ပြုလုပ်နိုင်တာဟာ ဦးနှောက်အစိတ်အပိုင်းတွေနဲ့ လုပ်ငန်းစဉ်တွေက အောက်ဆီတိုဆင်အပေါ်မှာပဲ မူတည်နေတာမဟုတ်တဲ့အတွက်ဖြစ်ကြောင်း စတန်းဖို့ဒ်တက္ကသိုလ်မှ မာနိုလီက ပြောပြသွားပါတယ်။
သန္ဓေတည်တဲ့ကိစ္စမှာလည်း အောက်ဆီတိုဆင်မရှိရင် အခြားအဖွဲ့အစည်းတွေကနေ ဖြစ်ပေါ်လာပါတယ်။
ဒါနဲ့ပတ်သက်ပြီး လူသားတွေမှာလည်း ဇီဝအချက်အလက်တွေနားလည်ဖို့ အရေးကြီးပါတယ်။
ဒါကြောင့် လူသားတွေမှာ ဆက်ဆံရေးမကောင်းဘဲနဲ့ ချစ်ကျွမ်းမဝင်နိုင်တာဘဲ ဖြစ်ပါတယ်။
Source: NPR
#Yangon_Media_Group
Published 30 January 2023
မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံအကြား စီးပွားရေးဆိုင်ရာကိစ္စရပ် များနှင့် နည်းပညာဆိုင်ရာကိစ္စရပ်များတွင် ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက် သွားမည့်အခြေအနေများကို နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကိုပြောဆိုခဲ့တယ်လို့ နစကပြန်ကြားရေးရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Anatoly Bulochnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကိုရောက်ရှိနေပြီး ယနေ့ဇန်နဝါရီ ၃၀ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ ဗိုလ်ချူပ်မှူးကြီးထံ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့တာဖြစ်ပါတယ်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ရုရှား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင် ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာမှု အခြေအနေများ၊ စီးပွားရေးဆိုင်ရာကိစ္စရပ် များနှင့် နည်းပညာဆိုင်ရာကိစ္စရပ်များတွင် ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက် သွားမည့်အခြေအနေများ၊ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံ အကြား တိုက်ရိုက်လေကြောင်း ပျံသန်းရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံထုတ်ကုန်များ အပြန်အလှန်တင်ပို့နိုင်သည့် အခြေအနေများ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုများ ယခုထက် ပိုမိုတိုးတက်စေရေးနှင့် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုး တက်အောင် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌဗိုလ်ချူပ်မှူးကြီးနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြည်ထောင်စု ဝန်ကြီးတွေဖြစ်ကြတဲ့ ဒေါက်တာကံဇော်၊ ဦးကိုကိုလှိုင်နှင့် တာဝန်ရှိသူများတက် ရောက်ကြပြီး ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင် ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌနှင့်အတူ ကိုယ်စားလှယ်အဖွဲ့မှ တာဝန်ရှိသူများတက် ရောက်ခဲ့ကြပါတယ်။
Ymg/knl
#Myanmar
#Myanmar_Russia
#Myanmar_SAC
Published 30 January 2023
ပါကစ္စတန်ရဲဌာနချုပ်တစ်ခုအတွင်းမှာရှိတဲ့ ဗလီတစ်ခုအတွင်း ဇန်နဝါရီ ၃၀ ရက် တနင်္လာနေ့က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ ရဲအရာရှိများအပါအဝင် ၃၃ ဦးသေဆုံးပြီး ၁၅၀ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
အကြမ်းဖက်မှုတွေမြင့်တက်နေတဲ့ အာဖဂန်နစ္စတန်နယ်စပ်အနီးက ပက်ရှ်ဝါပြည်နယ်မြို့တော်မှာ တနင်္လာနေ့ မွန်းလွဲပိုင်းက ဝတ်ပြုဆုတောင်းပွဲလုပ်နေစဉ်အတွင်း အဆိုပါတိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ပေါက်ကွဲမှုပြင်းအား ကြောင့် နံရံတစ်ခုလုံးနှင့် အမိုးအချို့ လွင့်စင်ပွင့်ထွက်ခဲ့ရပါတယ်။
“ အပျက်အစီးပုံတွေကြားထဲမှာ ရဲသားတွေအများကြီးရှိနေတယ်”လို့ ပက်ရှ်ဝါရဲချုပ် မူဟာမက် အိုင်ဂျက်ဇ်ခန်က ပြောပါတယ်။ အဲဒီ ဗလီထဲမှာ ပုံမှန်အားဖြင့် ရဲအရာရှိ ၃၀၀နှင့် ၄၀၀အကြား ဝတ်ပြုလေ့ရှိကြတယ်လို့လည်းသူက ပြောပါတယ်။
Source AFP
#Pakistan_mosque_blast
#Pakistan_sucide_bomb_blast_at_a_mosque
#Pakistan
#Local_News
Published _30 January 2023
လျှပ်စစ်ကားတွေ၊ လျှပ်စစ်ကားတက်စီတွေဈေးကွက်ဖွံ့ဖြိုးဖို့အတွက် အချိန်တစ်ခုစောင့်ရဦးမှာဖြစ်တယ်လို့ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (MAMDA) ဥက္ကဌဒေါက်တာစိုးထွန်းက ပြောပါတယ်၊၊
#Yangon_Media_Group
Page 1024 of 1641