#LocalNews
Published_ 22 March 2023
သင်္ကြန်ကာလမတိုင်ခင်အထိ ဆန်ဈေးအတက်အကျမရှိ တည်ငြိမ်နေနိုင်ကြောင်း ဆန်ကုန်သည်များတွေက ပြောပါတယ်။
#YMG#Yangon_Media_Group
#LocalNews
Published_ 22 March 2023
ဝေါမြို့နယ် စစ်တောင်းတံတားအနီး ညောင်ခါးရှည် စစ်ဆေးရေးဂိတ်မှာ ယာဉ်တန်းများပိတ်မိနေတာကြောင့် လူနာတင်ယာဉ်မျာနဲ့ ခရီးသည်များအခက်အခဲဖြစ်နေတယ်လို့ ပရဟိတအသင်းတွေက YMG ကိုပြောပါတယ်။အခုလို ယာဉ်တွေပိတ်နေတာဟာ တစ်ပတ်လောက်နီးပါးရှိနေပြီလို့ ခရီးသွားတွေကပြောပါတယ်။
#YMG#Yangon_Media_Group
#LocalNews
Published_ 22 March 2023
လင်းနို့တွေကြောင့် ပုဂံနံရံပန်းချီတွေ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ဖူးတဲ့အတွက် ပုဂံပုထိုးသားများဘုရားမှာ လင်းနို့မဝင်အောင် ရောင်လင်းပေါက်တွေမှာ သံဇကာတွေတပ်ဆင်နေတယ်လို့ Hertige Trust Team Bagan အဖွဲ့ထံမှသိရပါတယ်၊
#YMG#Yangon_Media_Group
#DailyNews
Published_ 22 March 2023
၁။ ပုဂံပုထိုးသားများဘုရားတွင် လင်းနို့မဝင်အောင် ရောင်လင်းပေါက်၌ သံဇကာတပ်ဆင်
၂။ ညောင်ခါးရှည် X RAY စစ်ဆေးဂိတ်တွင် ယာဉ်တန်းများ နာရီနှင့်ချီပိတ်နေ၍ လူနာတင်ယာဉ်များ အခက်အခဲဖြစ်နေ
၃။ သင်္ကြန်မတိုင်ခင်အထိ ဆန်ဈေးတည်ငြိမ်နေနိုင်
၄။ဆွီဒင်တွင် အမြန်နှုန်းကန့်သတ်ထားသည့်ဇိမ်ခံကားများကို ယာဉ်မောင်းလိုင်စင်မလိုအပ်ဘဲ ဆယ်ကျော်သက်များမောင်းနှင်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#LocalNews
Published_ 22 March 2023
လျှပ်စစ်ကား (EV)များလမ်း/တံတား အသုံးပြုခွင့်အခမဲ့အစီအဉ်ကို လာမည့် ဧပြီ ၁ ရက်ကစပြီး ၂၀၂၅ ခုနှစ်အထိ ကင်းလွတ်ရရှိမယ်လို့ဆောက်လုပ်ရေး ဝန်ကြီးဌာနက သိရသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး အပါအဝင် BOTစနစ်ဖြင့် ဆောင်ရွက်နေ သော လမ်းတံတားများအခြားပြည်ထောင်စုလမ်းနှင့် တိုင်းဒေသကြီး/ပြည်နယ်များ လမ်း တံတားအားလုံးမှာ လျှပ်စစ်သုံးယာဉ်များလမ်းတံတား အသုံးပြုခကို၁၀၀ ရာခိုင်နှုန်း ဖြေလျော့ပြီးအသုံးပြုခကောက်ခံခြင်းမပြုသည့်အစီအစဉ်အား ယခု လာမည့် ဧပြီ ၁ ရက်နေ့ကစပြီး ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်အထိ ကင်းလွတ်ရရှိမည်ဖြစ်သည်။။
လက်ရှိတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေနဲ့လည်း ပြည်ပမှ တင်သွင်း လာသည့်မော်တော်ယာဉ်များအပေါ်သတ်မှတ်ကောက်ခံသည့်ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခကိုလျှပ်စစ်စွမ်းအားသုံးမော်တော်ယာဉ်များ Battery Electric Vehicle (BEVs)အတွက်ကင်းလွတ်ခွင့်ပြုထားကြောင်းသိရသည် ။
အလားတူ လျှပ်စစ်သုံးမော်တော်ယာဉ်များအပေါ်၂၀၂၃-၂၀၂၅အထိ ကနဦးမှတ်ပုံတင် သည့်ယာဉ်များအတွက်၁၀၀ ရာခိုင်နှုန်း ဘီးခွန်ကင်းလွတ်ခွင့်၊မြို့ဝင်ကြေး၊ လမ်းအသုံးပြုခ၊တန်ပိုကြေး၊ အရောင်းပြခန်း၊ လုပ်ငန်းလိုင်စင်၊ညအိပ်ခ၊ ပစ္စည်းခွန်စသည်တို့အပေါ်အခွန်အခကင်းလွတ်ခွင့်ပြုထားခြင်း ဖြစ်သည်။
ymg/ppk
#EV
#လျှပ်စစ်သုံးမော်တော်ယာဉ်
#Yangon-Media-Group
#LocalNews
Published_ 22 March 2023
သကြန်ကာလနီးလာတာနဲ့အမျှ အခြေခံစားသောက်ကုန် ကုန်စျေးနူန်းတွေစျေးအနည်းငယ်မြင့်တတ်နေတယ်လို့ စားသုံးသူတွေကိုမေးမြန်းချက်အရသိရပါတယ်။အရင်က ကြည်ဥတစ်လုံးကို ငွေကျပ် ၂၆၀ စျေးရှိနေပြီးလက်ရှိမှာ တစ်လုံးကိုငွေကျပ် ၂၈၀ နဲ့ ဝယ်ယူစားသောက်နေတယ်လို့ စားသုံးသူတွေကပြောပါတယ်။ ဘဲဥစျေးဟာလည်း တစ်လုံးကို ၃၂၀ ကျပ်ရှိနေတယ်လို့ စားသုံးသူတစ်ဦးကပြောပါတယ်။
#YMG#Yangon_Media_Group
#LocalNews
Published_ 22 March 2023
အမြန်လမ်းယာဉ်တိုက်မှုကြောင့် ကားထဲညပ်နေသူအား ကယ်ထုတ်ခဲ့ရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။
ယနေ့ မတ်လ၂၂ ရက် နံနက် ၅ နာရီခန့်က ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁/၂ နှင့် ၁/၃ ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူတစ်ဦးညပ်နေကြောင်း သတင်းအရ သွားရောက် ကယ်ဆယ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်နေရာသို့ လှည်းကူးမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြကာ အဆိုပါ အမျိုးသား (၁)ဦးထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ)အား လှည်းကူးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ပိုင်သူနာတင်ယာဉ်ဖြင့် လှည်းကူးဆေးရုံသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။
ymg/ppk
#Yangon-Media-Group
#LocalNews
Published_ 22 March 2023
ထိုင်းကုမ္ပဏီတစ်ခုတွင်အလုပ်သမားနှစ်သောင်းကျော် ခေါ်ယူမည်ဆိုကာလိမ်လည်မှု ဖြစ်ပွားနေကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။
အလိမ်ခံနေရသောကိစ္စနှင့် ပတ်သက်၍ ထိုင်းနိုင်ငံသား နိုင်ဗန်ထွိုင်ဆနဗန်ကျော ဦးဆောင်ကာ မြန်မာနိုင်ငံသား ပွဲစား ၁၄ ဦးတို့ ထိုင်းနိုင်ငံရှိ ဗဟိုအလုပ်သမားရုံး နှင့် အလုပ်သမားကာကွယ်ရေးရုံးသို့ စာရွက်စာတမ်းအထောက်အထားတို့ ဖြင့် မတ်လ ၂၀ ရက်တွင် တိုင်ကြားခဲ့ကြကြောင်း သိရသည်။
Calcom Public Company Limited စက်ရုံ၌ အလုပ်သမားပေါင်း ၂၀၀၀၀ ကျော် ခေါ်ယူရန် မြန်မာပြည်တွင်းရှိ အေဂျင်စီကုမ္ပဏီ ၁၄ ခုချိတ်ဆက်ထားသည်ဟု လိမ်လည်၍ တစ်ဦးလျင် ဘတ်ငွေ ၁၃၀၀ ဘတ်ဖြင့် စုစုပေါင်း ထိုင်းဘတ်ငွေ ၄၄၂၀၀၀၀ ဘတ် (မြန်မာကျပ်ငွေ သိန်း ၄၀၀၀ ခန့်) ကို ထိုင်းနိုင်ငံသူ အမည် နန်စောင်ဝရဖောင် က ကြိုတင်ကောက်ခံခြင်းပြုခဲ့ကြောင်း၊ယင်းငွေများကို ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်တွင် ယင်းအမည် နန်စောင်ဝရဖောင်၏ ဘဏ်အကောင့်သို့ ငွေလွဲပေးထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ Calcom Public Company စက်ရုံ တာဝန်ခံထံ သွားရောက်စုံစမ်းမေးမြန်းခဲ့သော်လည်း အလုပ်သမားခေါ်ယူထားခြင်း မရှိကြောင်း ၊ စက်ရုံကုမ္ပဏီအမည်ဖြင့် အလွဲသုံးစားပြု၍ လိမ်လည်မှုသာဖြစ်နိုင်ကြောင်း၊ယင်းကြောင့် နစ်နာသူ အလုပ်ကိုင်ရှာဖွေရေး မြန်မာပွဲစား ၁၄ ဦးထဲ၌ တစ်ဦးဖြစ်သော အမည် နန်စောင်ခွန်ဒေါင် နှင့် နိုင်ဗန်ထွိုင်ဆနဗန်ကျော ဦးဆောင်၍ ဗဟိုအလုပ်သမားရုံးနှင့် အလုပ်သမားကာကွယ်ပေးရေးရုံး အပါဝင် မှုခင်းနှိမ်နှင်းရေးဌာနတို့ထံ တိုင်ကြားထားခြင်းဖြစ်ကြောင်း သိရပါသည်။
၎င်းဖြစ်စဉ် အပေါ် "အလုပ်သမားတွေက သူတို့ကိုယ်တိုင်သွင်းတာပါ၊ပိုက်ဆံကို ပွဲစားလက်ထဲ ကနေတစ်ဆင့် သွင်းတာမဟုတ်ပါဘူး"ဟုလည်း မှတ်ချက်တွင် ရေးသားပြောဆိုနေကြသကဲ့သို့ "ပွဲစားတွေခံလိုက်ရတာ မဟုတ်ဘူး၊အလုပ်သမားတွေဆီက ကောက်ပြီး သူတို့က တစ်ဆင့်ပေးရုံပဲ"ဟုလည်း မှတ်ချက်ပေး ပြောဆိုနေကြသည်ကိုတွေ့ရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published-22 March 2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ နေအိမ်တစ်အိမ်တွင် အမျိုးသားတစ်ဦး
အိမ်သာကျင်းအသစ်အား ပြုပြင်ရန်ကျင်းထဲဆင်းစဉ် အောက်ဆီဂျင်ပြတ်လတ်၍ သေဆုံးခဲ့ကြောင်း လေးဝတီကုလရက္ခိတပရဟိတအသင်းက သိရသည်။
ကျောက်ဖြူမြို့၊ စိုင်ခြုံကျေးရွာမှ လက်သမားလုပ်ကိုင်သူ ဦးချစ်လွင်သည် မတ်လ ၂၀ ရက် နံနက် ၉ နာရီအချိန်ခန့်က စေတီတောင်ရပ်ကွက်၊ ခေမာလမ်းရှိ ၎င်းအလုပ်လုပ်ကိုင်နေသည့် ဦးကျော်ဝင်း၏နေအိမ်တွင် အိမ်သာကျင်းအသစ်လောင်းရာ၌ ကွန်ကရစ် အဖုံးတွင်ထည့်ထားသည့် သစ်သားဒေါက်တိုင်များဖြုတ်ယူရန် ကျင်းအတွင်းသို့ဆင်းချိန်တွင် အောက်ဆီဂျင်ပြတ်လတ်မှုဖြစ်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။
"အိမ်သာကျင်းက လူတစ်ကိုယ်စာအပေါက်ဖွင့်ထားတာ။ လေမရဘူး။ ပြီးတော့ကျင်းအောက် မှာလည်း ရေက တစ်ပေလောက်ရှိတယ်။ အဲဒီ
အိမ်သာတွင်းအသစ်လောင်းရာမှ ထည့်ထားတဲ့ ဒေါက်တိုင်တွေကို ဆင်းဖြုတ်တဲ့ချိန် အောက်ဆီဂျင်ပြတ်လတ်ပြီး သေဆုံးမှုဖြစ်ခဲ့တာ"ဟု လေးဝတီကုလရက္ခိတပရဟိတအသင်းတာဝန်ရှိသူကဆိုသည်။
ယင်းအပြင် သေဆုံးသူအမျိုးသားအား ဆင်းကယ်ခဲ့သည့် အမျိုးသား၃ဦးမှာလည်း ကျင်းပေါ်ပြန်အရောက်တွင် သတိလစ်ခဲ့ကြောင်းသိရသည်။
#ymg/mt
#Yangon-Media-Group
#LocalNews
Published_ 22 March 2023
ကမ္ဘာ့ရွှေပေါက်စျေးဟာမတ် ၂၂ ရက်နေ့မနက်ပိုင်းတွင် ၁၉၄၃ ဒေါ်လာပေါက်စျေးရှိနေပြီး ပြင်ပမှာရွှေစျေးမှာလည်းမတ်လ ၂၂ ရက်နေ့ မနက်ပိုင်းအထိ အကယ်ဒမီမီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ်၂၉သိန်း၄သောင်းနီးပါး ရှိနေကြောင်း ရွှေစျေးကွက်ထဲကသိရသည်။
ရွှေစျေးဟာ မတ်လ ပထမအပတ်နှင့်ဒုတိယအပတ်မှာ ၂၈သိန်းအောက်အထိကျဆင်းခဲ့ပြီးအမေရိကန်နိုင်ငံ၏ဘဏ်လူပ်ခတ်မူတွေကြောင့် ၂၉သိန်းအထက်ကိုပြန်တတ်လာတာဖြစ်သည်။ရွှေစျေး၂၇သိန်းအောင်ပြန်လည်ကျဆင်းပါက အရောင်းအဝယ်ပြန်လိုက်လာနိုင်တယ်လို့ သုံးသပ်သူတွေလည်းရှိသည်။
အမေရိကန်နိုင်ငံဘဏ်သတင်းတွေကြောင့် ကမ္ဘာ့ရွှေစျေးအပြောင်းအလဲတွေဖြစ်နေပြီးပြည်တွင်းမှာရွှေစျေးကစားသူတွေရှိနေကြောင်း ရန်ကုန်ရွှေအသင်းကထုတ်ပြန်ထားပါတယ်။မတ်လ၂၂ရက်နေ့မနက်ပိုင်းမှာတော့ရန်ကုန်ရွှေအသင်းကတော့ ၂၃သိန်းကျော်သတ်မှတ်ထားသည်။
ymg/ynzw
#Yangon_Media_Group
#LocalNews
Published_ 21 March 2023
မတ်လ ၂၁ ရက်တွင် စက်သုံးဆီပေါက်ဈေး၌ ဓာတ်ဆီ ၁ လီတာလျှင် ၂၀၄၀ ကျပ်အထိ ရောက်ရှိလာပြီး ယနေ့လက်ကားရောင်းချဈေးမှာ တစ်လီတာ ၁၉၃၆ အတက်နှုန်းထားဖြင့် ဈေးပြန်တက်လာကြောင်းစက်သုံးဆီတင်သွင်းမှုကြီးကြပ်ရေးအဖွဲ့ PPRD ၏ နေ့စဉ်ဈေးနှုန်းအပြောင်းအလဲများအရ သိရသည်။
“ဆီဈေးက မနေ့ကတစ်ရက်ဘဲကျသွားတာ၊ဒီနေ့ ဆီဝယ်ဖို့မနက်ကဆီဆိုင်ရောက်တော့ပြန်တက်သွားပြီ”ဟုအဌားယာဉ်မောင်းတစ်ဦးကပြောသည်။
ယနေ့ ရန်ကုန်မြို့ စက်သုံးဆီရည်ညွှန်းဈေး၌ အောက်တိန်း ၉၂ တစ်လီတာ ၂၀၄၀ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၂,၁၃၀ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာ ၂၀၆၀ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာ၂,၁၄၀ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။
မတ်လအစ၌ ပြည်တွင်း စက်သုံးဆီဈေးကွက်တွင် ဓာတ်ဆီ ၂,၁၀၀ ကျပ်ဖြင့် စဖွင့်ခဲ့ပြီး အမြင့်ဆုံးဈေးအဖြစ် ပရီမီယမ်ဒီဇယ် တစ်လီတာ ၂,၂၆၅ ကျပ်အထိရောက်ရှိခဲ့သည် ။
ဒေါ်လာဈေးအပြောင်းအလဲမရှိသော်လည်း ကမ္ဘာစက်သုံးဆီဈေးကြောင့် ပြည်တွင်းစက်သုံးဆီဈေးများ ပြန်လည်ကျဆင်းလာခြင်းဖြစ်ကြောင်းသိရသည်။
ymg/ppk
#Yangon_Media_Group
#LocalNews
Published-22 March 2023
ထိုင်းနိုင်ငံသို့ အထောက်အထားမဲ့ ဝင်လာသည့် ကလေးငယ်တစ်ဦး ၊ အမျိုးသမီး ၇ ဦး ၊အမျိုးသား ၄ ဦး ကို ထိုင်းရဲတပ်ဖွဲ့က မတ်လ ၂၀ ရက်တွင် ဖမ်းမိခဲ့ကြောင်း သိရသည်။
အဆိုပါ ကလေးငယ်အပါ ၁၂ ဦး မှာ ထိုင်းနိုင်ငံ၊ ကန်ကျနဘူရီခရိုင်၊ မင်မြို့၊ ဝမ်ဒို့ကျေးရွာ စမ်ဖရန်၊ဝမ်ဖာရဖီမြို့အနီး စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးမိခြင်းဖြစ်ကြောင်း သိရသည်။
ယင်း မြန်မာ ၁၂ ဦးကို ပစ်ကပ်ကားတစ်စီးဖြင့်တင်ဆောင်ကာ မောင်းနှင်လာစဉ် စစ်ဆေးရေးဂိတ်က မောင်းပြေးခဲ့စဉ် ဖမ်းမိခြင်း ဖြစ်ကြောင်း၊စစ်ဆေးချက်များအရ ပို့ဆောင်သူက ပို့ဆောင်ခ ဘတ် ၇၀၀၀ ကနေ ၈၀၀၀ ထိရရှိပြီး ယခင်ကလည်း ၄ ကြိမ်ခန့် ပို့ဆောင်ဖူးသည့်အတွေ့အကြုံရှိကြောင်း ယာဉ်မောင်းက ပြောဆိုထားသည်။
လက်ရှိတွင်ဖမ်းဆီးမိသူအားလုံးကို ဥပဒေအရ ကန်ကျနဘူရီ ရဲစခန်း က ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1023 of 1703