Published 30 April 2023
နာမည်ကျော် ဖက်ရှင်အမှတ်တံဆိပ် လူဝီဗစ်တွန်(အယ်ဗွီ)ဟာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ရဲ့ ဂျမ်ဆူဂျိုတံတားပေါ်မှာ ပထမဆုံးဆောင်းဦးအကြိုဖက်ရှင်ပွဲကို ဧပြီ၂၉ ရက်က ပြသသွားခဲ့ပါတယ်။
အဆိုပါဖက်ရှင်ပွဲမှာ နာမည် ကျော်နက်ဖလစ်စီးရီး စကွစ်ဂိမ်းဒါရိုက်တာ ဟွမ်ဒေါင်းယပ်လည်း ပွဲရဲ့ ဖန်တီးမှုအကြံပေးအဖြစ် ပါဝင်ဆင်နွှဲခဲ့ပါတယ်။ အဲဒီအပြင် အဲဒီစီးရီးရဲ့ သရုပ်ဆောင်လည်းမင်းသမီးဖြစ် တောင်ကိုရီးယားမော်ဒယ်လ်လည်းဖြစ်တဲ့ ဂျွန်ဟိုယွန်းလည်း တက်ရောက်ခဲ့ပါတယ်။
Source AFP
#Louis_Vuitton
#Prefall_show
#Seoul_Fashion_Show
#YangonMediaGroup
#Local_News
Published_ 30 April2023
မင်းကင်းမြို့၏ အနာက်မြောက်ဘက် (၁၄)မိုင်ခန့်အကွာ ရစ်(ခ်)တာစကေး (၄ ဒသမ ၉) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ထုတ်ပြန်ထားသည်။
ယနေ့ ဧပြီလ ၃၀ ရက် ၊မွန်းလွဲ ၁ နာရီ (၂၆)မိနစ်၊ (၅၉)စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၅၄)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (မင်းကင်းမြို့၏ အနာက်မြောက်ဘက် (၁၄)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၀၁)ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၄.၃၃)ဒီဂရီ၊ အနက်(၁၁၅)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ymg/pl
#Local_News ##မင်းကင်းမြို့ # မြေငလျင်တစ်ခုလှုပ်ရှား
#YMG #Yangon_Media_Group
#Myanmar_News
Published_ 30 April 2023
၂၀၂၃ ခုနှစ်အတွက် တောင်ကြီး၊ပုဂံနှင့်ငွေဆောင် လူရည်ချွန်အပန်းဖြေစခန်းတွေကို ဧပြီ ၁၉ရက်က အသီးသီးဖွင့်လှစ်ပေးခဲ့ကြတယ်လို့ သိရှိရပါတယ်။
တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်းဖွင့်ပွဲကို နစက ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် တာဝန်ရှိူတွေက ဖွင့်လှစ်ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အလားတူ ပုဂံလူရည်ချွန်စခန်းဖွင့်ပွဲ အခမ်းအနားကိုလည်းကျင်းပခဲ့ရာမှာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းအား နှင့် တာဝန်ရှိသူတွေနှင့်အတူ Grade-9 လူရည်ချွန်ကျောင်းသား/သူများကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။
၂၀၂၃ ခုနှစ် ဧကာဒသမ လူရည်ချွန်များအတွက် လူရည်ချွန်စခန်း(ငွေဆောင်)ဖွင့်ပွဲ အခမ်းအနားကို ငွေဆောင်မြို့ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်များအရသိရှိရပါတယ်။
-ymh/knl
#လူရည်ချွန်စခန်းများဖွင့်
#တောင်ကြီး၊ငွေဆောင်၊ပုဂံလူရည်ချွန်စခန်းများဖွင်
#မြန်မာပညာရေး
#YMG #Yangon_Media_Group
Published 28 April 2023
မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုန်အန်ရဲ့ ဩဇာတိက္ကမကြီးမားလှတဲ့ နှမဖြစ်သူ ကင်မ်ယိုဂျုန်က အမေရိကန်နှင့် တောင်ကိုရီးယားတို့ နျူကလီးယားသဘောတူညီချက်အသစ်လက်မှတ်ရေးထိုးခဲ့တဲ့အတွက် သတိပေးချက်ထုတ်ပြန် လိုက်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကိုလည်း သူငယ်ပြန်နေသူလို့ ခေါ်ဝေါ်သုံးစွဲလိုက်ကာ သူ့ရဲ့ ကြေညာချက်ဟာ “ အတွက်အချက်အလွန်မှားယွင်းပြီး တာဝန်မဲ့တဲ့ သတ္တိတွေ” ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
ပြုံယမ်းကို ဟန့်တားတာ တိုးမြှင့်ဖို့ ရည်ရွယ်တဲ့ အဆိုပါသဘောတူညီချက်ဟာ ဒေသအတွင်း ပိုပြီးစိုးရိမ်ရတဲ့ အန္တရာယ်ထဲ ရောက်သွားအောင်ဦးတည်သွားလိမ့်မယ်လို့ ပြောလိုက်ပါတယ်။
“ ဒီဖော်ပြမှုဟာ ကျွန်မတို့ရဲ့ ရန်အလိုဆုံးရန်ဘက်ဖြစ်တဲ့ အမေရိကန်သမ္မတရဲ့ ပုဂ္ဂိုလ်ရေးအရ အသုံးပြုတာလို့ ကျွန်မတို့ မှတ်ယူတယ်” လို့ သူမကပြောတယ်လို့မြောက်ကိုရီးယား နိုင်ငံပိုင် ကေအင်န်စီအေသတင်းဌာနက ရေးသားပါတယ်။
“ သူတို့ကို နျူကလီးယား စစ်လေ့ကျင့်ခန်းတွေပိုလုပ်လေလေ၊ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားပိုင်ဆိုင်မှုတွေ ပိုဖြန့်ကျက်ချထားလေလေ၊ သူတို့လုပ်တာနှင့် အချိုးကျစွာပဲ ကျွန်မတို့ရဲ့ ခုခံကာကွယ်ပိုင်ခွင့်ပို ပိုမိုအားကောင်းအောင် လုပ်မှာပဲဖြစ်တယ်” လို့ သူမက သတိပေးခဲ့ပါတယ်။
ကင်မ်ဂျုန်အန်ဟာ အမေရိကန်နှင့်အပေါင်းပါမဟာမိတ်တွေအပေါ် နျူကလီးယားတိုက်ခိုက်မှုလုပ်လာရင် သူ့ရဲ့အစိုးရဟာ တည်ရှိမှု အဆုံးသတ်သွားလိမ့်မယ်လို့ ဘိုင်ဒင်က ပြောခဲ့အပြီး ကင်ယိုဂျုန်ရဲ့ သတင်းထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ တောင်ကိုရီးယားသမ္မတ ယွန်ဆတ်ယိုရဲ့ ဒီတစ်ပတ်စောစောပိုင်း အမေရိကန်ခရီးစဉ်မှာ ဝါရှင်တန်ကြေညာချက်လက်မှတ်ရေးထိုးအပြီး ဘိုင်ဒင်ရဲ့ မှတ်ချက်စကားထွက်ပေါ်လာခဲ့တာပါ။
ဝါရှင်တန်ကြေညာချက်အရ ဆိုးလ်အနေနှင့် သူ့ကိုယ်ပိုင်နျူကလီးယားလက်နက်တွေထုတ်လုပ်မှာမဟုတ်ဘဲ မြောက်ကိုရီးယားနှင့် ပဋိပက္ခဖြစစ်လာနိုင်ချေတစ်ခုခုရှိတဲ့အခါ အမေရိကန်က အဲဒါတွေအသုံးပြုဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။ အဲဒီအပြင် အမေရိကန်ဟာ သဘောတူညီချက်အစိတ်အပိုင်းတစ်ခုအရ တောင်ကိုရီးယားမှာ နျူကလီးယား လက်နက်တပ် ရေငုပ်သင်္ဘောတွေ ဖြန့်ကျက်ချထားပါလိမ့်မယ်။ ပြီးတော့ ရန်သူတွေကို သတင်းစကားပါးတဲ့အနေနှင့် လေယာဉ်တင်သင်္ဘော်တွေနှင့် ဗုန်းကြဲလေယာဉ်တွေကို တောင်ကိုရီးယားထံ ပုံမှန်ခရီးသွားရောက်မှာလည်း ဖြစ်ပါတယ်။
၁၉၉၁ခုနှစ်မှာ အမေရိကန်က သူ့ရဲ့ နျူကလီးယားလက်နက်တွေကို တောင်ကိုရီးယားနိုင်ငံမှ ပြန်လည်ရုပ်သိမ်းပြီးနောက် ဒီသဘောတူညီချက်ဟာ ပထမဆုံးရရှိတဲ့သဘောတူညီချက်ဖြစ်ပါတယ်။
Source WION
#ကိုရီးယားကျွန်းဆွယ်တင်းမာမှု
#ကင်မ်ယိုဂျုန်
#ဝါရှင်တန်ကြေညာချက်
#YangonMediaGroup
#Local_News
Published_30 April2023
လျှပ်စစ်မီးကို ၂ နာရီပေး ၊ ၄ နာရီပိတ် စနစ်ဖြင့် ပေးမည်ဟု ညွှန်ကြားချက် ရန်ကုန်တွင် မလာသေးကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း တာဝန်ရှိသူက ပြောသည်။
မနက်ဖြန် မေလ ၁ ရက်ကစ၍ နေ့စဉ် အုပ်စု ၃ စု ခွဲပြီး ၂နာရီ ပေး ၄နာရီ ပိတ် စနစ်ဖြင့် လျှပ်စစ်ဓါတ်အားပေးသွားမည်ဟု ထွက်ပေါ်နေသော သတင်းအပေါ် အဆိုပါ တာဝန်ရှိသူက YMG ကို ပြောခြင်း ဖြစ်သည်။
"အဲဒီလို တော့ ညွှန်ကြားလာတာ မရှိသေးဘူး။လောလောဆယ်တော့ လာမယ့်မိုးရာသီအမီ ရေအားတွေကိုတော့ ထိန်းထားတယ်။ထိန်းပြီးတော့ပေးနေပေမဲ့ အဲဒီလို Plan တော့ မညွှန်ကြားသေးဘူး၊တစ်နိုင်ငံလုံးထုတ်တဲ့ဓာတ်အားကိုတော့ ထိန်းပြီး ရန်ကုန်ဘယ်လောက်၊ဘယ်ကိုဘယ်လောက်ဆိုတာတော့ လုပ်နေတာပေါ့၊အဲဒီထက် ထပ်လျှော့ပြီးတော့ ဘယ်လောက်နဲ့ လောက်အောင်သုံး ဆိုပြီးတော့တော့ မထုတ်ပြန်သေးဘူး"ဟု ယင်း တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်မဂ္ဂါဝပ် ၁၂၀၀ ခန့် အသုံးပြုနေကြောင်းနှင့် နေ့ဘက်အချိန်ထက် ညပိုင်းကို ပို၍ လျှပ်စစ်မီးပေးနိုင်ရေးလုပ်ဆောင်နေကြောင်း၊သို့သော်လည်း ဝန်အား မမျှမှုဖြစ်ပေါ်ပါက ပိတ်ထားရသည်များရှိကြောင်း သိရသည်။
ymg/pl
#Local_News #လျှပ်စစ်မီးကို၂နာရီပေး၊၄နာရီပိတ်စနစ် #ညွှန်ကြားချက်
#YMG #Yangon_Media_Group
#Local_News
Published_30 April 2023
တာချီလိတ်လေဆိပ်သို့ လေယာဉ်ကြီးများ ဆင်းသက်နိုင်သည်အထိ ဆက်လက်အဆင့်မြှင့်တင် တိုးချဲ့ဆောင်ရွက်ရန် နစက ဥက္ကဌက ဧပြီလ ၂၉ ရက် တာချီလိတ်ခရီးစဉ်အတွင်း ပြောကြားခဲ့ကြောင်း သိရသည်။
တည်ဆောက်မှုလုပ်ငန်းများများကိုလည်း သတ်မှတ်ချိန်အတွင်းပြီးစီးနိုင်ရေး ၊လေယာဉ်ကွင်းသန့်ရှင်း ရေးအတွက် ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်းကို အမြဲမပြတ်ဆောင်ရွက်နေစေရေးအတွက်လည်း ယင်းက ပြောကြားခဲ့ကြောင်း၊၎င်းအပြင် တာချီလိတ်မြို့အတွင်းရှိလမ်းများကို သတ်မှတ်ထားသည့် လမ်းညွှန်အမှတ်အသားများ ပြည့်စုံစွာပြုလုပ်ထားရန်၊ယာဉ်စည်းကမ်း ထိန်းသိမ်းမှုများကိုလည်း စနစ်တကျဆောင်ရွက်ရန်၊သတ်မှတ်ထားသည့် ယာဉ်နံပါတ်များတပ်ဆင်ရေး ပညာပေးကာလကုန်ဆုံးသွားပြီဖြစ်သဖြင့် ယာဉ် နံပါတ်များစနစ်တကျတပ်ဆင်စေကာ ယာဉ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် လိုကြောင်းတို့ကို ပြောကြားခဲ့ကြောင်းလည်း သိရသည်။
အလားတူ တာချီလိတ်မြို့ သန့်ရှင်းသာယာလှပရေး၊သောက်သုံးရေလုံလောက်စွာ ရရှိရေး၊ ဒေသတွင်း အသား၊ ငါးများ လုံလောက်စွာရရှိရေး ၊ပို့ကုန်များ တင်ပို့နိုင်မှုများကို မှတ်တမ်းတင်ထားပြီး သုတေသန ပြုဆောင်ရွက်၍ ကုန်သွယ်မှုလုပ်ငန်းများ တိုးတက်စေရေဒ၊တာချီလိတ်မြို့သို့ မော်တော် ယာဉ်၊ လေယာဉ်များဖြင့် ပြင်ပမှ ဝင်ရောက်လာသူများအား စနစ်တကျမှတ်တမ်း တင်ရန်ထားရေး တို့ကိုလည်း ပြောကြားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လနှင့်ဧပြီလအတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်းဒေသ)တွင် တောင်ယာများမီးရှို့ခြင်းမှ ထွက်ပေါ်လာသည့် မီးခိုးငွေ့များကြောင့် တာချီလိတ်လေဆိပ်ကို ရက် ၂၀ ကျော်ကြာ ပိတ်ခဲ့ရသောကြောင့် တောင်ယာများမီးရှို့ခြင်းနှင့် လယ်ယာများ၌ ကောက်ရိုးများမီးရှို့ ခြင်းမရှိစေရေး ထိန်းသိမ်းကြပ်မတ်ရန်၊ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးမှု စနစ်ပပျောက်အောင်ဆောင်ရွက်ရန်နှင့် တောင်ယာများ၌ ကုန်းမြင့်လယ်စိုက်ပျိုးမှု စနစ်ကို ဖော်ဆောင်ပေးရန်တို့ကိုလည်း ဒေသအစိုးရအဖွဲ့အနေဖြင့် ကြပ်မတ်လုပ်ဆောင်ရန်း နစက ဥက္ကဌက ပြောကြားခဲ့ကြောင်း သိရသည်။
ymg/pl
#Local_News #တာချီလိတ်လေဆိပ် #လေယာဉ်ကြီးများဆင်းသက်နိုင်
#YMG #Yangon_Media_Group
#Local_News
Published_ 30 April 2023
မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊အပေါ်ကမ်းနားလမ်းနှင့် ၃၄လမ်းအနီး အမြောက်ကြီး နှစ်လက်ဆိပ်ကမ်းမှ ဧရာဝတီမြစ် အတွင်း ရေဆင်းကူးခဲ့သူ အမျိုးသားတစ်ဦးရေနစ်သေဆုံးမှု ဧပြီလ ၂၉ ရက် ညနေ ၅ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဧရာဝတီမြစ်အတွင်း အုပ်စုလိုက် ရေဆင်းကူးကြရာမှ ရေစီးဖြင့် မျောပါသွားသည့် အသက်၂၅ နှစ်ခန့် အရွယ် အမျိုးသားမှာ ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း နိဗ္ဗာန် သုခလူမှုကူညီရေးအသင်း (မန္တလေး)က သိရသည်။
ယင်းကြောင့် သေဆုံးသူ၏ ရုပ်အလောင်းကို နယ်မြေခံမီးသတ်တပ်ဖွဲ့နှင့် ရေငုတ် လုပ်သားများက ပူးပေါင်းဆယ်ယူခဲ့ကြကာနိဗ္ဗာန် သုခလူမှုကူညီရေးအသင်း (မန္တလေး)၏ အသင်းကားဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ကြကြောင်းသိရသည်။
ymg/pl
#Local_News
#ဧရာဝတီမြစ် #အမျိုးသားတစ်ဦးရေနစ်သေဆုံး
#YMG #Yangon_Media_Group
#Local_News
Published_30 April 2023
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ၊ ဗုဒ္ဓဥယျာဉ်တော် အတွင်း တည်ဆောက် ပူဇော်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မကွေးမြို့၊ သံဃာရာမကျောင်းတိုက်မှ နိုင်ငံတော်သြဝါဒစရိယ ဆရာတော်ဘဒ္ဒန္တ စိန္တသာရဦးဆောင်လျက် ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်စုစုပေါင်း သံဃာအပါး (၁၀၀)က ဧပြီလ ၂၉ ရက် နံနက်ပိုင်းတွင် လေ့လာဖူးမြှော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။
ဆရာတော်၊ သံဃာတော်ကြီးများအား ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား တည်ထား ကိုးကွယ်ရသည့် ရည်ရွယ်ချက်၊ တည်ထားကိုးကွယ်ရန် စကျင်ကျောက်တုံးတော်ကြီးများအား အဆင့်ဆင့်တူးဖော် ခြင်းနှင့် ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းများဖြင့် ပင့်ဆောင်ခဲ့ရမှု၊ ရုပ်ပွား တော်မြတ်ကြီး၏ ဆင်းတုတော် အပိုင်း(၁/၂/ ၃/ ၄)တို့အား ထုဆစ်ခြင်း၊ ပလ္လင်တော်အထက်သို့ ပင့်ဆောင်နိုင်ရန် သံမဏိမျှော်စင် ဝန်ချီစက် တည်ဆောက် ခြင်း၊ ရုပ်ပွားတော်မြတ်ကြီးအား ပင့်ထောင်ခြင်းနှင့် ပင့်ဆောင်နေရာ ချထားခြင်း လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နေမှုအခြေအနေများ၊ မာရဝိဇယ ဗုဒ္ဓဥယျာဉ် တော်ကြီးနှင့် သာသနိကအဆောက်အဦ စိမ်းလန်းစိုပြေသာယာလှပ စေရေး အတွက် သစ်ပင်၊ ပန်းမန်များစိုက်ပျိုးဆောင်ရွက်နေမှု၊ သာသနိက အဆောက်အဦ များ ဆောက်လုပ်နေမှုနှင့် အဆင့်ဆင့်တိုးတက်လာမှု အခြေအနေများကို ရှင်းလင်း လျှောက်ထားခဲ့ကြကြောင်း သိရသည်။
ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်ကြီးများက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ပလ္လင်တော် တည်ဆောက်ပြီးစီးမှု၊ ဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်းရှိ သာသနိကအဆောက်အဦများ တည်ဆောက် ပြီးစီးမှုနှင့် ဆက်လက်တည်ဆောက်နေမှု အခြေအနေများကိုလည်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်နေမှုများအား မိထ္ထီလာမြို့၊ အသောကာရုံ ရေလည်ကျောင်းတိုက် နိုင်ငံတော်သြဝါဒစရိယ ဆရာ တော် ဘဒ္ဒန္တလာဘာဝတနှင့် ကျောက်ဆည်မြို့၊ ဧရာဝတီပရိယတ္တိ စာသင်တိုက် နိုင်ငံတော်သြဝါဒစရိယဆရာတော် ဘဒ္ဒန္တပါမောက္ခဘိဝံသတို့ ဦးဆောင်လျက် ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော် စုစုပေါင်းသံဃာ(၁၀၃)ပါးတို့က ဧပြီလ ၂၈ ရက်တွင်လည်းကောင်း၊ ကြာနီကန်စာသင်တိုက် နိုင်ငံတော်ဩဝါဒစရိယ ဘဒ္ဒန္တသူရိယ ဦးဆောင် သော ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှပင့်ဖိတ်ထားသည့် စာသင်တိုက်(၄၈)ခုမှ ဆရာတော်၊ သံဃာတော် စုစုပေါင်း(၆၀)ပါးတို့က ဧပြီလ ၂၇ ရက်တွင်လည်းကောင်း၊နိုင်ငံတော်ဩဝါဒစရိယ ဆရာတော်ကြီးများဖြစ်ကြသည့် ဘဒ္ဒန္တသုဇနပိယ၊ ဘဒ္ဒန္တသာဂရဘိဝိံသ တို့ဦးဆောင်သော မန္တလေးတိုင်းဒေသကြီးမှ ပင့်ဖိတ်ထားသည့် ဆရာတော်၊ သံဃာတော် စုစုပေါင်း (၁၅၅) ပါးတို့က ဧပြီလ ၂၆ ရက်တွင် လည်းကောင်း အသီးသီး လေ့လာဖူးမြော်ကြည်ညိုခဲ့ကြပြီး ဖြစ်ကြောင်းလည်း သိရသည်။
ymg/pl
#Local_News #မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး #မကွေးမြို့ #ဆရာတော်ကြီး
#YMG #Yangon_Media_Group
#World_Science
Published 30 April 2023
နက္ခတ္တဗေဒပညာရှင်များဟာ ဂြိုဟ်အသစ်တစ်ခုကို ရှာဖွေတွေ့ရှိရန်အတွက် လူလုပ်အသိဉာဏ်(AI)စနစ်ကိုအသုံးပြုခဲ့ကြပါတယ်။
ဂျော်ဂျီယာတက္ကသိုလ်မှ သုတေသီများက ဒီနည်းပညာကိုအသုံးပြုပြီး နေအဖွဲ့အစည်းအပြင်ဘက်က မသိရှိခဲ့ကြတဲ့ ဂြိုဟ်များရှိနေကြောင်း အတည်ပြုခဲ့ပါတယ်။
ဒီနည်းပညာဟာ နယ်ပယ်ပေါင်းစုံက အစွမ်းထက်ကိရိယာအဖြစ် တည်ဆောက်ထားတာဖြစ်ပြီး နက္ခတ္တဗေဒနဲ့ ဂြိုဟ်တုရှာဖွေရေးလောကမှာ AI ကနဦးခြေလှမ်းဖြစ်ပါတယ်။
သမားရိုးကျနည်းစနစ်များဖြင့် ဂြိုဟ်ကိုအတည်ပြုခဲ့တာဖြစ်ပေမယ့် ဂြိုဟ်တည်ရှိနေနိုင်တဲ့နေရာကို ပြသခဲ့တယ်လို့ UGA ဖရန်ကလင်အနုပညာနဲ့သိပ္ပံကောလိပ်မှ 'ဂျေဆန်တယ်ရီ'က ဖော်ပြခဲ့ပါတယ်။
ရှာဖွေတွေ့ရှိမှုအသစ်အရ နေအဖွဲ့အစည်းအပြင်ဘက်မှာ တွေ့ရတဲ့ ဂြိုဟ်သိမ်ပေါင်း ၅ ထောင်ကျော်ကို စာရင်းထဲထည့်ခဲ့ပါတယ်။
AI နဲ့ စက်ပစ္စည်းလေ့လာသင်ယူခြင်းတို့က ဂြိုဟ်စနစ်များဖွဲ့စည်းခြင်းနဲ့ ဆင့်ကဲဖြစ်စဉ်များကို နောက်ခံပြုထားတဲ့ လုပ်ငန်းစဉ်အသစ်များကို ပြသခဲ့တာဖြစ်ပါတယ်။
AI ကတွေ့ရှိခဲ့တဲ့ ဂြိုဟ်ဟာ အရင်က နက္ခတ္တဗေဒပညာရှင်များ ခွဲခြမ်းစိတ်ဖြာခဲ့ဖူးပြီး သတိမပြုမိဘဲရှိနေခဲ့တာဖြစ်ပါတယ်။
AI စနစ်က အချိန်တစ်နာရီတည်းဖြင့် အချက်အလက်တွေ ပိုက်စိပ်တိုက်ရှာဖွေကာ ဂြိုဟ်အသစ်တစ်ခုကို နေရာတစ်ခုမှာ အခိုင်အမာတွေ့ရှိခဲ့တာဖြစ်ပါတယ်။
AI အသုံးပြုတဲ့ပုံစံက စကြဝဠာအစိတ်အပိုင်းတစ်ခုမှာ ဂြိုဟ်တစ်ခုတည်ရှိနေတယ်လို့ သိရှိစေတာဖြစ်ပါတယ်။
စက်ပစ္စည်းကိုအသုံးပြုပြီး ဂြိုဟ်မွှားတွေတွေ့ရှိနိုင်မယ်လို့ သိရှိထားခဲ့ကြောင်း၊ အမျိုးအစားသစ်များလည်း တွေ့ရှိနိုင်မယ်လို့ သိထားကြောင်း UGA Exoplanet and Planet Formation Research Group မှ စစ်ဆေးရေးမှူးချုပ်'ကာဆန်ဒရာဟောလ်'က ပြောပြခဲ့ပါတယ်။
Source: India Today
#YMG #Yangon_Media_Group
#Local_News
Published_ 29 April 2023
သရုပ်ဆောင်ဦးဝင်းနိုင်(အနုပညာ)ဧပြီလ(၂၉)ရက်မနက်ပိုင်းမှာ ကွယ်လွန်သွားတယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရပါတယ်၊၊
#Local_News #အနုပညာရှင် #ကွယ်လွန်ခြင်း
#YMG #Yangon_Media_Group
#Local_News
Published_ 29 April 2023
သင်္ကြန်ကာလအပြီးကတည်းက တရိပ်ရိပ်တက်လာတဲ့ ပြည်တွင်းစားဆန်ချောဈေးဟာမေလ ၄ ရက်ဝန်းကျင်မှာ ပြန်လည်ကျဆင်းနိုင်တယ်လို့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းကပြောပါတယ်။
#Local_News #မေလဆန်း #ဆန်ဈေးပြန်ကျ #ဆန်ကုန်သည်အသင်းခန့်မှန်း
#YMG #Yangon_Media_Group
#Asia_Development
Published 29 April 2023
ဧပြီ ၂၆ ရက်မှ ၂၈ ရက်အတွင်း ပေကျင်းမှာကျင်းပနေတဲ့ ၁၅ ကြိမ်မြောက် တရုတ်နိုင်ငံတကာနျူကလီးယားစွမ်းအင်ပြပွဲမှာ တရုတ်နိုင်ငံမှဖန်တီးတဲ့ နျူကလီးယားဓာတ်ပေါင်းဖိုအကြီးစားပုံစံက အဓိကနေရာယူထားပါတယ်။
#Asia_Development #ပေကျင်း #နျူကလီးယားစွမ်းအင်ပြပွဲ
#YMG #Yangon_Media_Group
Page 1034 of 1777