Published 10 October 2023
အသားမစားတဲ့ စားသောက်မှုပုံစံက စိတ်ဆန္ဒတစ်ခုတည်းနဲ့ လုပ်ယူလို့မရပါဘူး။
သက်သက်လွတ်စားခြင်းနဲ့ ဆက်စပ်နေတဲ့ မျိုးရိုးဗီဇ ၄ ခုရှိတယ်လို့ PLOS One မှာ ဖော်ပြထားပါတယ်။
ချုပ်ပြီးပြောရရင် သက်သက်လွတ်စားခြင်းက မျိုးရိုးဗီဇနဲ့ များစွာသက်ဆိုင်နေတယ်လို့ ဦးဆောင်စာတမ်းပြုစုသူ ဒေါက်တာ နာဘီလ်ယာဆင်က ပြောပြခဲ့ပါတယ်။
ဘာသာရေးနဲ့ ယဥ်ကျေးမှု ထုံးတမ်းအစဥ်အလာများအပြင် သက်ရှည်ကျန်းမာရေး၊ ပတ်ဝန်းကျင် အခြေအနေတို့ကြောင့် အသားလျှော့စားဖို့ ဖြစ်လာကြရပါတယ်။
သက်သက်လွတ် စားဖြစ်ကြသူတွေရဲ့ မျိုးရိုးဗီဇ အချက်အလက် အတိအကျကိုတော့ ရှာမတွေ့ခဲ့ပေမယ့် အနာဂတ်မှာတော့ စူးစမ်းလေ့လာသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ယမန်နှစ်တစ်နှစ်လုံး အသားထုတ်ကုန်ပစ္စည်းများ မစားခဲ့တဲ့ လူ ၅ ထောင်နဲ့ အသားစားသူ ၃ သိန်းကို နှိုင်းယှဥ်ခဲ့ကြပါတယ်။
ထိုအခါမှာ သက်သက်လွတ်စားခြင်းနဲ့ ဆက်စပ်နေတဲ့ မျိုးရိုးဗီဇ ၃ မျိုးကို တွေ့ရှိခဲ့ပြီး ဆက်စပ်နိုင်ချေရှိတဲ့ နောက်ထပ် ၃၁ မျိုးကိုလည်း တွေ့ရှိခဲ့ပါတယ်။
သက်သက်လွတ်သမားတွေရဲ့ အဆိုပါမျိုးရိုးဗီဇတွေဟာ အသားစားသူတွေနဲ့ ယှဥ်ရင် ကွဲလွဲချက်တွေ ရှိနေပါတယ်။
ဒါတွေဟာ လူတစ်ဦးချင်းစီမှ အဆီများကို ချေဖျက်ပုံ မတူညီတာကြောင့် ဖြစ်နိုင်ပါတယ်။
ဟင်းသီးဟင်းရွက်တွေနဲ့ အသားတွေက အဆီဖွဲ့စည်းပုံချင်း မတူညီတာကြောင့် အချို့လူတွေမှာ အသားမှရရှိတဲ့ အဆီတွေကို မျိုးရိုးဗီဇအရ လိုအပ်တာ ဖြစ်ပါတယ်။
အဆီချေဖျက်ခြင်းရဲ့ မျိုးရိုးဗီဇကွဲလွဲမှုများ၊ ဦးနှောက်အပေါ် သက်ရောက်ပုံတို့နဲ့ ဆက်စပ်နေကာ နောက်ထပ်လေ့လာမှုတွေ ပြုလုပ်ဖို့ လိုအပ်နေပါတယ်။
Source: India Today
#World_Health
#YMG #Yangon_Times #Yangon_Media_Group
တရုတ်နိုင်ငံရဲ့ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ်စီမံကိန်း BRIရဲ့ အထင်ကရ အစိတ်အပိုင်းဖြစ်တဲ့ တရုတ်-လာအိုရထားလမ်း ဖွင့်လှစ်လိုက်ပြီဖြစ်ရာ ယူနန်ပြည်နယ် အနောက်တောင်ဘက်ရှိ မိုဟန်မြို့ဟာ မထင်မရှားမြို့လေး ဖြစ်ခဲ့ရာကနေ နိုင်ငံတကာကုန်းကြောင်း ဆိပ်ကမ်းတစ်ခု ဖြစ်လာပါပြီ။
#Asia_Transport
Yangon_Times
#Published_ 09 October 2023
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 09 October 2023
၁။ လှည်းကူးတွင် ရေဘေးသင့်သူထောင်ချီ၊ သောင်းချီရှိ၊ ကူညီကယ်ဆယ်ရေးအတွက် အင်အားဖြည့်ပေးရန် အကူအညီတောင်းခံထားဟုဆို
၂။ ပဲခူးမြစ်ရေဆက်လက်မြင့်နေတာကြောင့်ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်တိုက်ပြုလုပ်နေရ
၃။ စိုက်ဧကတိုးလာခြင်းနှင့် ပြည်ပတင်ပို့မှု မရှိသောကြောင့် ငရုတ်အစို၊အခြောက် ဈေးနှုန်းတွေကျဆင်းနေ
၄။ တရုတ်-လာအို ရထားလမ်းကြောင့် မိုဟန်မြို့ နိုင်ငံတကာကုန်းကြောင်းဆိပ်ကမ်းမြို့ဖြစ်လာ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published 9 October 2023
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေမြင့်တက်ပြီး ရေဘေးဒဏ် ခံနေရသည့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် သို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အတွက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှရှာဖွေကယ်ဆယ်ရေး(အထူး)တပ်ဖွဲ့ဝင်များ ကိုစေလွှတ် လိုက်ကြောင်းသိရသည်။
အောက်တိုဘာ ၈ ရက် နေ့ က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေမြင့်တက်ပြီး ရေဝင်ရောက်မှုများဖြစ်ပွားသဖြင့် ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရေဘေးသင့်ပြည်သူများအား နီးစပ်ရာဘုန်းတော်ကြီးကျောင်းများနှင့် ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေရာချခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပဲခူးမြစ် ရေသည် ဆက်လက် မြင့်တတ်လာတာကြောင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ပိုမို လုပ်ဆောင်ပေးနိုင်ရန် အတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေး(အထူး)တပ်ဖွဲ့ဝင်များ ကို အောက်တိုဘာ ၉ရက် နံနက်ပိုင်းတွင် စေလွှတ် ခဲ့ ကြောင်း သိရသည်။
ရေဘေးဒုက္ခကြုံတွေ့နေရသော နေရာများတွင် အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေးဆောင်ရွက် နိုင်ရန် အတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေး (အထူး)တပ်ဖွဲ့ဝင်များသည်ရေပြင်ရှာဖွေကယ်ဆယ်ရေးသုံး ရေယာဉ်/ စက်ပစ္စည်းကိရိယာများ၊ ရေပြင်ကယ်ဆယ်ရေးဆိုင်ရာ တစ်ကိုယ်ရေသုံးဝတ်စုံပစ္စည်းကိရိယာ စုံလင်စွာဖြင့် သွားရောက် ကူညီပေးနေကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 09 October 2023
#YMG #Yangon_Times #Yangon_Media_Group

အမြန်လမ်း ၃၉ မိုင် မီနီတိုးဂိတ်အနီး ရေဆက်လက်မြင့်တတ်နေတာကြောင့် ယာဉ်ငယ်များ သွားမရဘဲပိတ်ဆိုနေ
အမြန်လမ်း ၃၉မိုင် မီနီတိုးဂိတ်အနီး ရန်ကုန်-မော်လြမိုင် လမ်းပေါ်ရေကျော်မှု ပိုများလာတဲ့ အတွက် ယာဉ်ငယ်များ ဖြတ်သန်းမရဘဲ ပိတ်ဆိုနေတယ်လို့ လူမှုကူညီရေး အသင်းတွေထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 09 October 2023
#YMG #Yangon_Times #Yangon_Media_Group
အခုရက်ပိုင်းအတွင်း ပဲခူး၊ ရန်ကုန်စသည့်ဒေသများ မိုးကြီးဦးမည်
‘မုတ်သုန်မထွက်သေးတဲ့အတွက် မုတ်သုန်အရှိန်၊ မုတ်သုန်ဆုတ်ခွာချိန် မုတ်သုန်အထွက်မှာ လေထုမငြိမ်မသက် ဖြစ်တာတွေကြောင့် မိုးသည်းထန်တာ၊ မိုးကြီးတာတွေ ဖြစ်ပေါ်ဦးမှာဖြစ်တယ်။ ပဲခူး၊ ရန်ကုန်စတဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မိုးဆက်ရွာဦးမှာဖြစ်တယ် ’ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်း)
Yangon_Times/tthl
#Local_News
#Published_ 09 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 09 October 2023
ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်(ပထမအဆင့်)အဖြစ် မြန်မာ-မကာအိုဘောလုံးပွဲစဉ်ကို အောက်တိုဘာ(၁၂)ရက်တွင် အိမ်ကွင်းယှဉ်ပြိုင်မှုအဖြစ်ရန်ကုန်မြို့သုဝဏ္ဏဘောလုံးကွင်း၌စတင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး သုဝဏ္ဏဘောလုံး ကွင်း၌ကြည့်ရူနိုင်သလို ရုပ်သံလိုင်းမှလည်း တိုက်ရိုက်လွှင့်သွားမည်ဖြစ်ကြောင်း အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှသိရသည်။
မြန်မာ-မကာအိုပွဲစဉ်အတွက် လက်မှတ်များကို ကြိုတင်ဝယ်ယူနိုင်ကြောင်းနှင့် အထူးတန်းကျပ်၅၀၀၀၊ရိုးရိုးတန်း ၂၀၀၀ကျပ်နှင့်ဝယ်ယူနိုင်ပြီးအောက်တိုဘာလ၉ရက်မှ၁၂ရက်အတွင်း အွန်လိုင်းAYAPayနဲ့လည်းကြိုတင် ဝယ်ယူနိုင် သည်ဟုဆိုသည်။
မြန်မာအသင်းတွင် နည်းပြချုပ် မိုက်ကယ်၏ ပဏာမလက်ရွေးစင်အသင်းလူစာရင်းသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် နီပေါအသင်းနှင့် နိုင်ငံတကာ ခြေစမ်းပွဲစဉ်မှ လူစာရင်းကို အခြေခံရွေးချယ်ထားပြီး အာရှအားကစားပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ယူ-၂၄ အသင်းမှ လူငယ်ကစားသမားများနှင့် ပေါင်းစပ်ဖွဲ့စည်းထားသည်ဟုဆိုသည်။
မြန်မာနေရှင်နယ်လိဂ်တွင် ခြေစွမ်းပြသနေသည့် ဟံသာဝတီယူနိုက်တက်တိုက်စစ်မှူး အောင်မြတ်သူလည်း ပဏာမလက်ရွေးစင်လူစာရင်းတွင် ပါဝင်လာခဲ့သည်။
မြန်မာလက်ရွေးစင်အသင်းအနေဖြင့်အောက်တိုဘာလ(၁၂)ရက်တွင်အိမ်ကွင်း၌ ကန်ပြီးနောက် အောက်တိုဘာ (၁၇)ရက်တွင်မကာအိုဖြင့်နောက်တစ်ကြိမ်အဝေးကွင်းယှဉ်ပြိုင်ရမည်ဖြစ်ပြီးSkyNetရုပ်သံလိုင်းမှလည်း တိုက်ရိုက် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published_ 09 October 2023
ပဲခူးဆေးရုံကြီး ရေကြီးနစ်မြှုပ်နေသောကြောင့် သက်သာသူများ ဆေးရုံဆင်းခိုင်းနေပြီး ပုဂ္ဂလိကဆေးရုံအချို့၌ လူနာများအားအခမဲ့ ဝန်ဆောင်မှုပေးနေသည့်သတင်းမှာ ကောလဟာလသာဖြစ်ကြောင်း ဆေးရုံတက်နေသည့် လူနာရှင်များနှင့် ပရဟိတလုပ်ကိုင်သူများထံမှ သိရသည် ။
ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက် နံနက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်ပဲခူးမြစ်ရေမြင့်တက်မှုတို့ကြောင့် နေအိမ်များအတွင်း ရေဝင်ရောက်မှုနှင့် လမ်းများပေါ်တွင်ရေကျော်
မှုများနှင့်အတူ ပဲခူးဆေးရုံကြီးတွင်လည်း ရေကြီးမှုများရှိနေသည့်အတွက် အောက်တိုဘာ ၁၈
ရက် ည၁၂နာရီမှစတင်၍ ပဲခူးဆေးရုံကြီး၏အောက်ထပ် ရေနစ်မြှုပ်ခဲ့သည့်အတွက် လူနာများအား အပေါ်ထပ်သို့ရွေ့ပြောင်းပေးပြီး နောက်ယနေ့နေ့လယ်ပိုင်းမှစတင်ကာ သက်သာသည့်လူနာများအား ကယ်ဆယ်ရေးလှေများဖြင့် ဆေးရုံဆင်းခွင့်ပေးနေပြီဖြစ်ကြောင်း သိရသည်။
" ရေကတစ်ရိပ်ရိပ်တက်နေတယ် ။ ဆေးရုံကနေသက်သာတဲ့သူအကုန်ဆင်းခိုင်းနေပြီ ။ လမ်းလျောက်နိုင်တဲ့လူနာတွေကို လှေတွေနဲ့သယ်ပြီးပြန်ကြဖို့ ဆရာမတွေက လွတ်ပေးနေတယ် ။ အောက်ထပ်က မနေ့ည၁၂ထဲက အပေါ်ရွေ့ကြရတာ ။အောက်ထပ်မှာဘယ်သူမှမရှိတော့ဘူး " ဟု ဆေးရုံတက်နေသည့် လူနာရှင်တစ်ဦးက အောက်တိုဘာ ၉ရက်နေ့ညနေ ၃နာရီဝန်းကျင်မှာ ပြောသည်။
အဆိုပါပဲခူးဆေးရုံကြီးမှ ကုသရန်ခက်ခဲနေသော လူနာများအား ပဲခူးမြို့ရှိ သမာဓိအထူးကု ဆေးခန်း ၊လိပ်ပြာကန်အထူးကုဆေးခန်း ၊ အောင်ဆေးရုံ၊ ဒေါ်ခင်နုအထူးကုဆေးခန်း ၊ Zayer Dental and General Clinic တို့တွင် ဝန်ဆောင်ခအခမဲ့ဖြင့် ကုသပေးနေကြောင်း လူမှုကွန်ယက်၌ ပျံ့နှံနေကြောင်းသိရသည်။
အဆိုပါဆေးရုံများ၌ ပါဝင်သည့် လိပ်ပြာကန်ဆေးရုံမှာလည်း လက်ရှိတွင် ရေနစ်မြှုပ်နေသည့်အတွက် ဆေးရုံပိတ်ထားရကြောင်း ပရဟိတလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည် ။
" ကျွန်တော်တို့ကတော့ လှေတွေနဲ့လိုက်ကယ်နေလို့ ပုဂ္ဂလိကဆေးရုံတွေက ဝန်ဆောင်မှုအခမဲ့ပေးနေတယ်ဆိုတာ မကြားမိပါဘူး။ ဒါပေမယ့် အဲ့ဒီထဲမှာပါတဲ့ လိပ်ပြာကန်ဆေးရုံကတော့ရေနစ်မြှုပ်နေလို့ ပိတ်ထားပါတယ် " ဟုဆက်ပြောသည်။
ထို့အပြင် အောင်ဆေးရုံပဲခူးသို့ ဖုန်းနှင့်ဆက်သွယ်မေးမြန်းရာ၌ ပါဝင်မှုမရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားပြီး ကျန်ဆေးရုံများသို့လည်း ဆက်သွယ်၍မရပေ ။
ပဲခူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပေါ်လျက်ရှိ၍ ယမန်နေ့ညနေပိုင်းအထိ ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၂၄ ခုဖွင့်လှစ်ထားခဲ့ရပြီး အိမ်ထောင်စု ၁၃၀၀ ခန့်မှ လူဉီးရေ ၅၆၀၀ ခန့်ခိုလှုံနေထိုင်လျက်ရှိကြောင်း ပဲခူးတိုင်းအစိုးရအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။
Yangon_Times/NN
#Local_News
#YMG #Yangon_Times #Yangon_Media_Group
တစ်နိုင်ငံလုံး ငရုတ်စိုက်ဧက သုံးဆတက်
စိုက်ဧကတိုးလာခြင်းနှင့် ပြည်ပတင်ပို့မှု မရှိသောကြောင့် ငရုတ်အစိုအခြောက်ဈေးနှုန်းတွေ ကျဆင်းနေ
Yangon_Times/NN
#Local_News
#Published_ 07 October 2023
#YMG #Yangon_Times #Yangon_Media_Group
ပဲခူးမြစ်ရေ ဆက်လက်မြင့်နေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်တိုက်ပြုလုပ်နေရ
အခုတစ်ကြိမ် ပဲခူးမြစ်ရေ မြင့်တတ်မှုဟာ စံချိန်တင်ဖြစ်ခဲ့တာကြောင့် ပဲခူးမြို့ပြင် မြေနိမ့်ပိုင်းနေရာတွေသာမက မြိုတွင်းမှာပါ ရေဝင်ရောက်မှု များနေတဲ့အတွက် ရေဘေးသင့်ပြည်သူတွေကို နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ကယ်ဆယ် ထားရ ကာ ကယ်ဆယ်ရေးစခန်း ၄၀ကျော်ခန့် ရှိနေပြီလို့ ဆိုပါတယ်။
Yangon_Times/LW
#Local_News
#Published_ 07 October 2023
#YMG #Yangon_Times #Yangon_Media_Group
လှည်းကူးတွင် ရေနစ်မြုပ်ပြီး လူထောင်ချီ၊ သောင်းချီ ရေဘေးသင့်နေ
‘အခုလှည်းကူးမြို့နယ် ရေနစ်မြုပ်တာဟာ အရင်တစ်ခါနစ်မြုပ်တာထက်ပိုဆိုးပြီး နေရာတိုင်းလိုလိုမှာ နစ်မြုပ်နေတဲ့အတွက် ရေနစ်မြုပ်သေဆုံးမှုမရှိအောင် ကူညီကယ်ဆယ်ရေးတွေဆက်တိုက်ဆောင်ရွက်နေရပြီး မြို့နယ် ကြက်ခြေနီအဖွဲ့အင်အားနဲ့ မလုံလောက်တဲ့အတွက် တိုင်းဒေသကြီး ကြက်ခြေနီအဖွဲ့တွေကိုပါ အင်အားအကူ အညီတောင်းခံထားတယ်’ လှည်းကူးမြို့နယ် ကြက်ခြေနီအသင်းမှ တာဝန်ရှိသူတစ်ဦး
Yangon_Times/tthl
#Local_News
#Published_ 07 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 09 October 2023
ပဲခူးမြို့ရေကြီးမှုအတွက် သဘင်အစည်းအရုံး(ဗဟို)မှ ဒေသခံများအားသွားရောက်လှူဒါန်း
ခြင်းများ ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)မှ သိရသည် ။
ထိုသို့သွားရောက်လှူဒါန်းရာတွင် ဆန်အိတ်များ၊ ထမင်းဗူးများ၊ ဆေးဝါးများ နှင့် ဖယောင်းတိုင်များ စသည့်လူဦးရေ (၂၀၀) စာ အတွက်အလှူပစ္စည်းများ လှူဒါန်းကြမည်ဖြစ်
ကြောင်းသိရသည်။
ထို့ကြောင့် လက်ရှိဖြစ်ပေါ်နေသည့် ပဲခူးမြို့ရေကြီး ရေလျှံမှုကြောင့်အခက်အခဲများ ကြုံတွေ့နေရသည့် သဘင်မိသားစုများနှင့် ပြည်သူများအား အချိန်နှင့်တပြေးညီ ကူညီလှူဒါန်းရန်အတွက် ဗဟိုသဘင်မှ ဥက္ကဌ၊ ဒုဥက္ကဌ တို့ ဦးဆောင်လျှက်ပဲခူးမြို့သို့ ထွက်ခွာသွားကြပြီ ဖြစ်ကြောင်းသိရသည်။
ထို့အပြင် ဆက်လက်၍လည်း လိုအပ်ချက်များကိုဖြည့်စွက် လှူဒါန်းသွားမည် ဖြစ်ပါသဖြင့် လုပ်အားဒါန၊ အလှူငွေ အလှူပစ္စည်းဒါန ပါဝင်လိုသူ စေတနာရှင်များ အနေဖြင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ရုံး ဖုန်း- 018371528 သို့ ဆက်သွယ်နိုင်ကြောင်းသိရသည်။
Yangon_Time/NN
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Page 1036 of 2002