#Local_News
Published_2 January 2024

 

ကရင်ပြည်နယ်တွင် ဇွဲကပင်တောင်တက်/တောင်ဆင်းပြိုင်ပွဲကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်  (၁၆၂၆)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း အားကစားနှင့်လူငယ်‌ ရေးရာဝန်ကြီးဌာနမှ သိရသည်။

 

၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဇွဲကပင်တောင်တက်/တောင်ဆင်း ပြိုင်ပွဲကို ဇန်နဝါရီလ၁ရက်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

 

ပြိုင်ပွဲဝင် အမျိုးသား အသက်(၄၀)အောက် အားကစားသမား(၆၀၀)ဦး၊ အမျိုးသမီး အသက်(၄၀)အောက် အားကစားသမား(၈၀၈)ဦး၊ အမျိုးသား အသက်(၄၀)အထက်  အားကစားသမား (၁၁၂)ဦး၊ အမျိုးသမီး အသက်(၄၀)အထက် အားကစားသမား (၁၀၆)ဦး စုစုပေါင်း ပြိုင်ပွဲဝင် အားကစားသမား (၁၆၂၆)ဦးတို့သည် ဇွဲကပင်အရှေ့ဘက်မုခ်ဝ အုန်းတပင်ကျေးရွာ တံတားဖြူမှ နံနက်(၆:၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစန်းကိုမှ သေနတ်ပစ်ဖောက် တာလွတ်ပေးခဲ့ပြီး ပြိုင်ပွဲအား စတင်ခဲ့သည်။

 

ဆုချီးမြှင့်ပွဲအခမ်းအနားအား ဇွဲကပင် တောင်ခြေ လုမ္ဗနီဥယျာဉ်မုခ်ဝအနီး၌ ကျင်းပပြုလုပ်ခဲ့ပြီး ဆုရသူများကို ဆုချီးမြှင့်ခဲ့‌ကြောင်းသိရသည်။

 

#Local_News #ဇွဲကပင်တောင်တက်/တောင်ဆင်း #ပြိုင်ပွဲဝင်  (၁၆၂၆)ဦးပါဝင် #tthl #Yangon_Times