#Local_News
Published 2 January 2024

မြန်မာ့ကြက်တောင်မယ်သက်ထားသူဇာသည်၂၀၂၃ ခုနှစ်အတွက် မြန်မာနေရှင်နယ်ချန်ပီယံရှစ်ဆုအား ဆွတ်ခူးရရှိခဲ့ကြောင်း ယမန်နေ့ကသူမ၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

 

သက်ထားသူဇာအနေဖြင့် ၂၀၂၃ ခုနှစ်တစ်နှစ်တာအတွက် မြန်မာနေရှင်နယ်ချန်ပီယံရှစ်ဆုအား ရွှေတံဆိပ်ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

 

ထို့အပြင် ကမ္ဘာတစ်ဝှမ်းတွင်ရှိသော အမျိုးသမီးကြက်တောင်မယ် တစ်ဦးချင်းဆီအတွက် ကြက်တောင်ကျွမ်းကျင်အဆင့် သတ်မှတ်ချက်များဖြစ်သည့် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်၏ ကမ္ဘာအဆင့် သတ်မှတ်ချက် (၄၂) နေရာတွင် ရပ်တည်နေသူတစ်ဉီးဖြစ်ပြီး၊အိုလံပစ်အဆင့် သတ်မှတ်ချက်အဆင့် (၂၁) နေရာကိုလည်း ရရှိထားကြောင်းသိရသည်။

 

သက်ထားသူဇာသည် မြန်မာ့အားကစားသမား ကြက်တောင်မယ်တစ်ဦးဖြစ်ပြီး အသက် ၇ နှစ်အရွယ်တွင် ဖခင်ဖြစ်သူမှာ ထိုင်းနိုင်ငံသို့သွား၍ ကြက်တောင်နည်းပြအဖြစ် လုပ်ကိုင်ရာ အတူလိုက်ပါသွားပြီး ထိုစဉ်မှပင် စတင်ကစားခဲ့သူဖြစ်သည်။ ထိုင်းနိုင်ငံဘုရင်မင်းမြတ်က ပေးအပ်သော ဂုဏ်ထူးဆောင်ဆု ၆ ဆုအထိ ရရှိခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိကာ ထိုနှစ်တွင်ပင် လက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရရှိခဲ့ပြီး၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများ ဆက်တိုက်ရရှိလာခဲ့သူဖြစ်သည်။

 

သက်ထားသူဇာအနေဖြင့် ယခု ၂၀၂၄ ခုနှစ်အတွင်း ကျင်းပပြုလုပ်မည့် အိုလံပစ်ပိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကြိုးစားနေပြီးလေ့ကျင့်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။

 

#Local_News #မြန်မာ့ကြက်တောင်မယ်သက်ထားသူဇာ #မြန်မာနေရှင်နယ်ချန်ပီယံရှစ်ဆုဆွတ်ခူး #YMG/NN #Yangon_Times