#Local_News
Published_2 January 2024

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ၂၀၂၄ခုနှစ် နှစ်စပိုင်း ဇန်နဝါရီ ၁ ရက်တွင် နိုင်ငံခြားငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာ ၁၂.၉၃ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။

 

SWAP Facility သည် ကျပ်ငွေအပေါင်ယူပြီး၎င်းနှင့် ညီမျှသည့် နိုင်ငံခြားငွေ ထုတ်ပေးသည့် စနစ်ဖြစ်ပြီးအမေရိကန်ဒေါ်လာ ၄ သန်း နှင့်ညီမျှသော တရုတ်ယွမ်အား SWAP Facility ပေးမည်ဖြစ်သည်ဟုဆိုသည်။

 

ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေများနှင့်ပတ်သက် ၍ နိုင်ငံခြား‌ငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များအနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (Online Trading) တွင် အ‌ရောင်းအဝယ်ပြုလုပ်ရာ၌ ငွေလဲလှယ်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ပေးမည်မဟုတ်ဘဲ ဈေးကွက်အတွင်း နိုင်ငံခြားငွေရောင်းချလိုသူနှင့် ဝယ်ယူလိုသူတို့မှ တင်သွင်းသော ငွေလဲလှယ်နှုန်းပေါ် မူတည်၍ Market Rate အတိုင်း လွတ်လပ်စွာ ဆောင်ရွက်နိုင်ကြောင်း ဒီဇင်ဘာ၅ရက်တွင်ထုတ်ပြန်ခဲ့သည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာ (၁၈) ရက်နှင့် (၂၁) ရက်တွင်လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများကို အမေရိကန်ဒေါ်လာ ၉ ဒသမ ၇၂ သန်းနှင့်အမေရိကန်ဒေါ်လာ ၁၂.၄၃ သန်းကိုထုတ်ရောင်းပေးထားကြောင်း သိရသည်။

 

#Local_News #ကန်ဒေါ်လာ၁၂.၉၃သန်းရောင်းချ #ယွမ်‌ငွေများထုတ်‌ပေး #tthl #Yangon_Times