#Local_News
Published_2 January 2024

စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်မြို့အနီး  ဗဟိုပြု၍ ၂၀၂၄ခုနှစ်ဇန်နဝါရီ (၂)ရက် နံနက်ပိုင်းက အင်အား ၄ ဒသမ ၆ အဆင့်ရှိ မြေငလျင်လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၄)နာရီ၊ (၁၅)မိနစ်၊ (၅၄)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၃၁)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (လဟယ်မြို့၏ အရှေ့မြောက်ဘက် (၃၂)မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် (၂၆.၆၇)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၇၉)ဒီဂရီ၊ အနက် (၂၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း  သိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးသည်ပြတ်ရွေ့ကြောပေါ်တည်ရှိသည့်ဒေသဖြစ်၍ ငလျင်လှုပ်ခတ်မှုအများဆုံးဒေသဖြစ်ကြောင်းနှင့် ပြတ်ရွေ့ကြောပေါ်ရှိသည့် မန္တလေး၊ ရန်ကုန်၊ ပဲခူးဒေသတို့တွင်လည်း ၂၀၂၃ခုနှစ်အတွင်း ငလျင်ငယ်များခပ်စိပ်စပ်လှုပ်ခတ်ခဲ့သလို ၂၀၂၄တွင်လည်း ယင်းဒေသများ၌ ငလျင် အန္တရာယ်အထူးသတိထားရန်လိုအပ်ကြောင်း သိရသည်။

 

#Local_News #အင်အား၄ဒသမ၆အဆင့်ရှိ #ငလျင်လှုပ်ခတ် #tthl #Yangon_Times