#Local_News
Published 28 December 2023


မော်လမြိုင်မြို့ရှိ သံလွင်မြစ်အတွင်း အပျော်စီးသင်္ဘော ခရီးစဉ်ကို ယခုလဒီဇင်ဘာ ၂၉ ရက်ကစပြီး ပြေးဆွဲပေးသွားမှာဖြစ်ကြောင်း အဆိုပါ အပျော်စီးသင်္ဘောခရီးကို စီစဉ် Harmony River Crusie မှ သိရသည်။

 

အဆိုပါ အပျော်စီးသင်္ဘောခရီးစဉ် ကိုသံလွင်မြစ်အတွင်း  ရူခင်းများကိုကြည့်ရှုခံစားဖို့ သင်္ဘောကို ၂ နာရီကြာခုတ်မောင်းပြေးဆွဲသွားမည်ဖြစ်ကာ Buffet package အစီစဉ်နှင့် အတူ unplugged တေးဂီတဖျော်ဖြေမှုများလည်းထည့်သွင်းထားကြောင်း သိရသည်။

 

အပျော်စီးသင်္ဘောခရီးစဉ်ကို လိုက်ပါစီးနင်းလိုသူများအတွက်  လက်မှတ်ခနှုန်းထားမှာ  အစားအသောက်အပါ လူကြီးတစ်ဦးလျှင်၂၀၀၀၀ ကျပ်၊ ကလေးတစ်ဦး ၁၅၀၀၀ ကျပ်နှင့် အစားအသောက်မပါဘဲ အပျော်တမ်းလိုက်လံစီးနင်းလို့သူများအတွက်တစ်ဦး ၅၀၀၀ ကျပ်သတ်မှတ်ထားကြောင်း သိရသည်။

 

အဆိုပါမော်လမြိုင်မြို့ရှိ သံလွင်မြစ်အတွင်း အပျော်စီး သင်္ဘောခရီးစဉ်ကို ဒီဇင်ဘာ ၂၉ရက်က စတင်ပြေးဆွဲပေးမည်ဖြစ်ပြီး ကြိုတင်ဘိုကင်တင်နိုင်ကာ နောက်ပိုင်းတွင်လည်း သဘာဝဆန်သည့်( trip )ခရီးစဉ်တိုလေးတခု အဖြစ်တပတ်လျှင်(3)ရက်(သောကြာ၊ စနေ၊ တနဂ်နွေ) ညနေတိုင်း ခရီးစဉ်ကို ပြုလုပ်ပေးသွားတော့မှာဖြစ်မည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #အပျော်စီးသင်္ဘော #ခရီးစဉ်ပြေးဆွဲမည် #YMG/LW #Yangon_Times