Published 27 December 2023
  
မလေးရှားနိုင်ငံ ပါရတ်ပြည်နယ်ရှိ ငါးဖမ်းစက်လှေ တွင် အထောက်ထား မပြည့်စုံဘဲ တရားမဝင် အလုပ် လုပ်နေသည့် မြန်မာနိုင်ငံသားရေလုပ်သား၄ဦး ဒီဇင်ဘာ ၂၅ရက်က အဖမ်းခံရကြောင်း မလေးရှားသတင်းဌာန များ၏ ဖေါ်ပြချက်အရသိရသည်။

  Perak ပြည်နယ် ရေကြောင်းညွန်ကြားရေးမှူး၊ ရေကြောင်းကပ္ပတိန် Mohd Hambali bin Ya'akup က  Perak ရေပြင်တွင် ပုံမှန်ကင်းလှည့်နေစဉ် KM NYALAU မှ ငါးဖမ်းလုပ်ငန်းများ လုပ်ဆောင်နေသည်ကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။

   ထို့နောက် မသင်္ကာဖွယ်ရာ စက်လှေအား ဆက်လက်စစ်ဆေးရန် ချဉ်းကပ်လာခဲ့ရာ စစ်ဆေးချက်အရ အဆိုပါ လှေပေါ် တွင်  အသက် ၂၉ နှစ်မှ ၅၃ နှစ်ကြား မြန်မာနိုင်ငံသား ၄-ဦးနှင့် ဒေသခံ ၁ဦး လိုက်ပါဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသဖြင့်စာရွက်စာတမ်းများကို စစ်ဆေးရာတွင် သင်္ဘောမှူးသည် ကမ်းရိုးတန်းမှ ရေမိုင် ၁၅ မိုင်အတွင်း ငါးဖမ်းသည့် ပြစ်မှုနှင့် တရားဝင် အထောက်အထား တင်ပြရန် ပျက်ကွက်ခဲ့ကြောင်း တွေ့ရှိရပြီး လှေပေါ်တွင် အီလက်ထရွန်နစ် ကိရိယာများ အသုံးပြုရန် ခွင့်ပြုချက်မရှိသော ပစ္စည်းများပါရှိ့ခြင်းဖြင့် အမှုဖွင့်တိုင်ကြားထားကာ  မြန်မာနိုင်ငံသား ၄ ဦးကိုတော့ လဝက အမှု့ဖြင့်ဆက်လက်စစ်ဆေးနေကြောင်း ဖော်ပြထားသည်။

  အဆိုပါ ဖမ်းမိသူများ နှင့် စက်လှေ  ငါးဖမ်းကိရိယာ များအားလုံးကို မလေးရှား ရေကြောင်း စုံစမ်းရေး အရာရှိထံ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group