#Local_News
Published_14 January 2023
ကိုရီးယား EPS-TOPIK စာမေးပွဲဖြေဆိုသူ တစ်သောင်းကျော်တွင် ၆၀၀၀ ကျော်အောင်မြင်ထားကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီမှ အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ စာမေးပွဲဖြေဆိုသူဦးရေ ၁၃၃၀၂ ဦးရှိပြီး အောင်မြင်သူ ၆၃၈၆ ဦးရှိကြောင်း သိရသည်။
ယင်းစာမေးပွဲသည် တောင်ကိုရီးယားနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် သွားရောက်လုပ်ကိုင်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။
လက်ရှိတွင်လည်း EPS စနစ်ဖြင့် Re-entry ကုန်ထုတ်လုပ်သား ၄၅ ဦး၊ Re-entry စိုက်ပျိုး/မွေးမြူရေး လုပ်သား ၃ ဦးကို ၂၀၂၃ ခုနှစ်အတွက် ပထမဦးဆုံး စေလွှတ်ထားပြီး လာမည့် ဇန်နဝါရီလ ၁၆ ရက်တွင် တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၄၀ ကျော်ကို ထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီမှ အသိပေးထုတ်ပြန်ထားသည်။
တောင်ကိုရီးယားအစိုးရမှ ကိုဗစ်ကာလအလွန်တွင် မြန်မာအလုပ်သမားများကို တရားဝင်ပြန်လည်လက်ခံနေပြီး သြဂုတ်လတွင် ၁၂၉၃ ဦး၊ စက်တင်ဘာလတွင် ၉၇၈ ဦး၊ အောက်တိုဘာလတွင် ၁၁၆၉ ဦး၊ နိုဝင်ဘာလတွင် ၇၂၈ ဦး၊ ဒီဇင်ဘာလတွင် ၅၉၉ ဦးစေလွှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 14 January 2023
ပျံလွန်တော်မူသွားပြီဖြစ်သည့် ဝင်းစိန်တောရဆရာ တော်ကြီး၏(၁၀၂)နှစ်ပြည့်မွေးနေ့မင်္ဂလာကိုမွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြိုင်ကုန်းကျေးရွာ၊ ဝင်းစိန်တောရ ကျောင်းတိုက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်၊၊
ဇန်နဝါရီလ(၁၅)ရက်နေ့တွင် ဝိဇာတမွေးနေ့မင်္ဂလာ အခမ်းအနားကျင်းပသွားမည်ဖြစ်ပြီး မွေးနေ့စေတီတော်ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့်ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ခြင်းများဆောင်ရွက်သွားမည်ဖြစ်သည်၊၊
ပင့်ကျောင်း(၁၁၄)ကျောင်းမှ သံဃာတော်ဆရာတော်များအား နေ့ဆွမ်းနှင့်လှူဖွယ်ပစ္စည်းများဆက်ကပ်ခြင်း၊ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်(၃၄)ပါးအားပုဂ္ဂိုလ်ဆွမ်းကပ်လှူခြင်း၊ ကျေးဇူးတော်ရှင်ဝင်းစိန်ဆရာ တော်ကြီးရုပ်ကလာပ်တော်အား သင်္ကန်းတော်လဲလှယ်ကပ်လှူပူဇော်ခြင်းများဆောင်ရွက်မည်ဖြစ်သည်၊၊
ကျေးဇူးတော်ရှင်ဝင်းစိန်ဆရာတော်ကြီး(၁၀၂)နှစ်ပြည့်မွေးနေ့ကုသိုလ်အဖြစ် ဇန်နဝါရီ(၁၅)ရက်တွင် အခမဲ့နိဗ္ဗာန်စျေးစတုဒိသာဆိုင်ပေါင်း(၂၄) ခုမှ အခမဲ့ကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#World_Space
Published 14 January 2023
ပင်တဂွန်မှ အမည်မသိယာဉ်ပျံများ(UFO)စုံစမ်းထောက်လှမ်းရေးရုံးသစ်က ၂၀၂၂ ခုနှစ်အတွင်း သတင်းပေးပို့ချက်တွေရာနဲ့ချီ လက်ခံရရှိခဲ့ကာ တဝက်ခန့်ကို ဖြေရှင်းပြနိုင်ပေမယ့် မဖြေရှင်းနိုင်တာတွေလည်း အများကြီးကျန်ရှိနေပါသေးတယ်။
All-Domain Anomaly Resolution(AARO) ရုံးနဲ့ Director of National Intelligence(ODNI) ရုံးတို့က နောက်ထပ်တွေ့ရှိမှုတွေထဲမှာ ပုံမှန်မဟုတ်တဲ့ ပျံသန်းမှုပုံစံများတွေ့ရှိရတဲ့ ဖြစ်ရပ် ၁၇၁ ခုကို အာရုံစိုက်ဖြေရှင်းနေကာ နောက်ထပ်ခွဲခြမ်းစိတ်ဖြာမှု ပြုလုပ်ဖို့လိုအပ်နေပါတယ်။
နှစ်စဉ်အစီရင်ခံစာဟာ ODNI ကနေ လွှတ်တော်ကွန်ဂရက်သို့ နှစ်တိုင်းတင်ပြဖို့လိုအပ်တဲ့ ဥပဒေတစ်ခုကို အခြေပြုနေပါတယ်။
ပြီးခဲ့တဲ့နွေရာသီကမှ ဖွဲ့စည်းခဲ့တဲ့ All-Domain Anomaly Resolution ရုံးဟာ အမျိုးအမည်မသိယာဉ်တွေ့ရှိချက် ၃၆၆ ခု လက်ခံရရှိထားပါတယ်။
ဒီလိုမြင့်တက်လာတာတွေဟာ အမေရိကန်အစိုးရက အမျိုးအမည်မသိယာဉ်အကြောင်းအရာကို မထိမဲ့မြင်ပြုခြင်း၊ လေကြောင်းအန္တရာယ်နဲ့ ပြည်ပရန်စောင့်ကြည့်ရေး လုပ်ငန်းစဉ်တွေကနေ ရန်ဆောင်တဲ့အပြုအမူတွေကြောင့်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
အစီရင်ခံစာ ၁၆၃ ခုက မိုးပျံပူဖောင်းကဲ့သို့ ပစ္စည်းများနဲ့ဆက်စပ်နေကြောင်း အစိုးရကဆိုပါတယ်။
နောက်ထပ် ၂၆ ခုကတော့ အရပ်သားဘက်မှ အသုံးပြုလာတဲ့ ဒရုန်းတွေဖြစ်ပြီး ၆ ခုကတော့ ပလတ်စတစ်အိတ်၊ ရာသီဥတုဖြစ်စဉ်နဲ့ ငှက်သတ္တဝါတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အစီရင်ခံစာထဲမှာ ကမ္ဘာဂြိုဟ်ပြင်ပမှ သက်ရှိတွေရယ်လို့တော့ မပါဝင်ပါဘူး။
အစီရင်ခံစာမထွက်ခင် ရက်သတ္တပတ်တွေတုန်းက သတင်းထောက် ၂ ဦးမေးမြန်းရာမှာ အခြားဂြိုဟ်တွေကနေ ကမ္ဘာမြေကိုရောက်လာတဲ့ သက်ရှိများဖြစ်နိုင်သလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။
အခုအချိန်မှာ ထိုကဲ့သို့အခြေအနေမျိုးတော့ မတွေ့ရကြောင်း၊ ဂြိုဟ်သားတွေနဲ့သက်ဆိုင်တဲ့အရာတွေမျိုး မတွေ့ရကြောင်း ထောက်လှမ်းရေးနှင့်လုံခြုံရေးလက်ထောက်ဝန်ကြီး'ရော်နယ်မိုလ်ထရီ'က ဖြေကြားလိုက်ပါတယ်။
AARO ရုံးက လေထဲကအရာဝတ္ထုတွေကိုသာ လေ့လာတာမဟုတ်ဘဲ ရေထဲကရော ကြားခံအရာဝတ္ထုတွေကိုပါ ထည့်သွင်းလေ့လာနေပါတယ်။
မရှင်းပြနိုင်သေးတဲ့ဖြစ်စဉ်တွေမှာ ပြည်ပရန်သူတွေ အချက်အလက်စုဆောင်းတာမျိုးဟုတ်/မဟုတ် သိရဖို့ အမေရိကန်က အလွန်စိတ်အားသန်နေပါတယ်။
အစီရင်ခံစာအရ အန္တရာယ်ရှိတဲ့ရန်သူက အာကာသစွမ်းရည် အောင်မြင်ရခဲ့ပြီဆိုတဲ့ အထောက်အထားမျိုး ဖော်ထုတ်နိုင်မယ်လို့ မှတ်ချက်ပြုထားပါတယ်။
Source: NPR
#Yangon_Media_Group
#World_Health
Published 14 January 2023
ကိုလက်စ်ထရောမြင့်မားတဲ့အခါ နှလုံးရောဂါ၊ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ချေများပေမယ့် စားသောက်မှုပုံစံပြောင်းလဲပြီး မကောင်းတဲ့ကိုလက်စ်ထရောတွေကို လျှော့ချနိုင်ပါတယ်။
ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ကို ပဲ၊ ပဲစင်းငုံ၊ အစေ့အဆန်များ၊ ပန်းသီး၊ ချဉ်သောအသီးတို့မှာ အများအပြားတွေ့ရပါတယ်။
ဒီအမျှင်တွေက အစာခြေလမ်းကြောင်းမှတဆင့် ဖြတ်သန်းကာ ရေကိုစုပ်ယူပြီး အူလမ်းကြောင်းတလျှောက် ဆီကဲ့သို့ချောမွေ့စေပြီးတော့ ကိုလက်စ်ထရောပါဝင်တဲ့ သည်းခြေရည်တွေကို စုပ်ယူသွားပါတယ်။
လေ့လာမှုများအရ ပျော်ဝင်နိုင်တဲ့အမျှင်ဓာတ်ကို ပုံမှန်စားသုံးခြင်းက မကောင်းတဲ့ကိုလက်စ်ထရောတွေကို လေးပတ်အတွင်း ၅ - ၁၀ ရာခိုင်နှုန်းလျှော့ချစေနိုင်ပါတယ်။
အထိရောက်ဆုံးကိုလက်စ်ထရောလျော့ကျဖို့အတွက် တစ်နေ့ကို အမျှင်ဓာတ် ၅ - ၁၀ ဂရမ်စားသုံးရန် အကြံပြုထားပါတယ်။
အစားအစာထဲမှာတွေ့ရတဲ့ အဆီနှစ်မျိုးမှာ ပြည့်ဝဆီတွေက အခန်းအပူချိန်မှာ အစိုင်အခဲအဆီဖြစ်သွားပြီး မပြည့်ဝဆီကတော့ အခန်းအပူချိန်မှာ အရည်အဖြစ်ဆက်ရှိနေပါတယ်။
မပြည့်ဝဆီတွေကို ထောပတ်သီး၊ သံလွင်သီး၊ အခွံမာသီးနဲ့ အဆီများတဲ့ငါးတွေမှာ တွေ့ရပါတယ်။
ပြည့်ဝဆီတွေအစား မပြည့်ဝဆီများစားသုံးခြင်းဖြင့် ၈ ပတ်အတွင်း စုစုပေါင်းကိုလက်စ်ထရော ၉ ရာခိုင်နှုန်းနဲ့ LDL ကိုလက်စ်ထရော ၁၁ ရာခိုင်နှုန်းလျှော့ချပေးနိုင်ကြောင်း လေ့လာတွေ့ရှိရပါတယ်။
မကောင်းတဲ့ဆီတွေပါဝင်တဲ့အရာအများစုက အဆင့်ဆင့်ထုတ်လုပ်ထုပ်ပိုးထားတဲ့ အစားအစာတွေဖြစ်ပြီး စားသောက်ဆိုင်တွေနဲ့ အစားအစာထုတ်လုပ်သူများက ဈေးသက်သာတဲ့ကုန်ကြမ်းတွေနဲ့ အသုံးပြုထားပါတယ်။
ဒီလိုအစားအစာတွေကိုစားသုံးခြင်းဖြင့် မကောင်းတဲ့အဆီတွေတိုးလာပြီး ကောင်းတဲ့အဆီတွေကို လျော့နည်းစေကာ နှလုံးရောဂါဖြစ်နိုင်ချေ ၂၃ ရာခိုင်နှုန်း တိုးလာစေကြောင်း လေ့လာချက်အများအပြားမှာ တွေ့ရပါတယ်။
အမေရိကန်နှလုံးအဖွဲ့အစည်းက တစ်နေ့ကို သကြား ၃၇.၅ ဂရမ်ထက် ပိုမစားသုံးဖို့ အကြံပြုထားပါတယ်။
ကျန်းမာရေးနဲ့ အညီညွတ်ဆုံးလို့ယူဆထားကြတဲ့ မက်ဒီတယ်ရေနီယန်အစားအသောက်ပုံစံထဲမှာ မပြည့်ဝဆီများစွာပါဝင်ပြီး အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အခွံမာသီး၊ အစေ့အဆန်၊ ဆေးဖက်ဝင်အပင်၊ အမွှေးအကြိုင်၊ အမျှင်၊ ငါး၊ သားကြီးငါးကြီး၊ ကြက်သား၊ နို့ထွက်ပစ္စည်းအများစုနဲ့ အရက်သင့်တင့်မျှတတဲ့ပမာဏတို့ ပါဝင်ပါတယ်။
ဒီစားသောက်ပုံစံဟာ ကိုလက်စ်ထရောလျှော့ချပေးတဲ့ အစားအစာများစွာပါဝင်တာကြောင့် နှလုံးအတွက် အလွန်ကျန်းမာစေတယ်လို့ ယူဆထားကြပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#Local_News
Published_ 14 January 2023
ဘရာဇီး MMA ဖိုက်တာ Gilberto Galvao နှင့် ယှဉ်ပြိုင်ထိုးသတ်မည့် မြန်မာ့စပါးအုံးဟု လူသိများသော ONE Championship ချန်ပီယံဟောင်း ကချင်တိုင်းရင်းသား အောင်လအန်ဆန်တို့ ယနေ့ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ကျင်းပမည့် ONE on Prime Video 6 ပွဲစဉ်တွင်ထိုးသတ်ကြရာ ပထမအချီ၌ပင် ဒိုင်ပွဲရပ်ဖြင့် အောင်လအန်ဆန်က အနိုင်ရရှိခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက် က စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် ONE Championship MMA ကိုယ်ခံပညာဘက်စုံသုံး ထိုးသတ်ပွဲတွင် မြန်မာကိုယ်စားပြုယှဉ်ပြိုင်ခဲ့သော ကချင်တိုင်းရင်းသား အောင်လအန်ဆန်အနေဖြင့် ဂျပန်ဖိုက်တာ အိုကာမီအား ပထမအချီ၌ပင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့သေးသည်။
၎င်းအနေဖြင့် မစ်ဒယ်ဝိတ်တန်း နှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံနှစ်ဆုလုံးကို လက်လွှတ်ဆုံးရှုံးထားခဲ့ရသူဖြစ်ပြီး အဆိုပါပွဲတွင် အိုကာမီအား အနိုင်ရခဲ့ပြီးနောက် MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုအတွက် ပြန်လည်စိန်ခေါ်ထိုးသတ်ခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#World_Science
Published 14 January 2023
ကမ္ဘာပေါ်မှာ အမျိုးသမီးတွေက လူဦးရေအားလုံးရဲ့ တဝက်ခန့်ရှိမယ်လို့ ကုလသမဂ္ဂက မျှော်မှန်းထားပါတယ်။
အဲဒါတောင်မှ နိုင်ငံအားလုံးမှာ ကျား/မ ခွဲခြားခြင်းအခြေအနေတွေ ရှိနေဆဲပါ။
နိုင်ငံအသီးသီးရှိ ကျား/မ အလုပ်သမားလေ့လာချက်များအရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုမိုအားစိုက်ထုတ်ကြကြောင်း ဖော်ပြထားပါတယ်။
အိမ်ထောင်နဲ့ဝေးကွာနေသူနဲ့ နီးကပ်စွာနေထိုင်သူအမျိုးသားတွေက အမျိုးသမီးတွေလောက် ကြိုးစားအားထုတ်မှုမရှိဘူးလို့ ဖော်ပြခဲ့ပါတယ်။
အိမ်ထောင်ရေးမှာ တကွဲတပြားနေခြင်းက အလုပ်တာဝန်ခွဲဝေရာမှာ အားနည်းချက်ဖြစ်လာစေပါတယ်။
ဒီလိုကွဲပြားနေထိုင်ခြင်းတွေမှာ အမျိုးသမီးတွေက နေရပ်ကနေ ထွက်ခွာကြရတာကို ဆိုလိုပါတယ်။
လေ့လာချက်ရဲ့ ရည်ရွယ်ချက်က အိမ်တစ်အိမ်မှာ အလုပ်လုပ်ဆုံးလူတွေကို အချက်အလက်အမျိုးမျိုးကြည့်ပြီး ဆုံးဖြတ်ဖို့ဖြစ်ပါတယ်။
ဒီအတွက် ကွဲပြားချက်များစွာရှိတဲ့ တရုတ်ကျေးလက်တိဘက်နယ်မြေတွေက စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်း လုပ်သူများကို ခွဲခြမ်းစိတ်ဖြာခဲ့တာဖြစ်ပါတယ်။
စစ်တမ်းအရ အမျိုးသားတွေဟာ တစ်နေ့ကို ပျမ်းမျှခြေလှမ်း ၉,၀၀၀ ကျော် လျှောက်လှမ်းကြပြီး အမျိုးသမီးတွေကတော့ ၁၂,၀၀၀ ကျော်ရှိပါတယ်။
အိမ်ထောင်ရေးမှာ တသီးတခြားနေသူတွေမှာ ကျား/မနှစ်မျိုးစလုံး အလုပ်ကြိုးစားကြပေမယ့် အမျိုးသမီးတွေက အလုပ်လုပ်ချိန်ပိုများပါတယ်။
အမျိုးသားတွေ ခြားနားနေထိုင်မှသာ ကျား/မအလုပ်တန်းတူညီမျှ ဖြစ်လေ့ရှိကြောင်း တွေ့ရှိရပါတယ်။
Source: WION
#Yangon_Media_Group
#World_Religion
Published 13 January 2023
နှစ်စဉ်နှစ်တိုင်း ဘီနင်နိုင်ငံကဒေသခံတွေဟာ နတ်ဝိဉာဉ်တွေကို ရှေးလူကြီးတွေ ယုံကြည်ကိုးကွယ်တဲ့ ဗူဒူးနတ်ဘုရားကို ဂုဏ်ပြုတဲ့ပွဲတော် ကျင်းပကြပါတယ်။
#Yangon_Media_Group
Published 13 January 2023
ထိုင်းနိုင်ငံမြောက်ပိုင်းက တောအုပ်တစ်ခုအတွင်း သေနတ်ပစ်ခတ်ရင်း မူးယစ်ဆေးဝါးတရားမဝင်ကုန်ကူးသူတွေလို့ သံသယဖြစ်ဖွယ်ရှိတဲ့ လူ(၅)ဦးကို ထိုင်းစစ်တပ်က သတ်ပစ်လိုက်တယ်လို့ ဇန်နဝါရီ ၁၃ရက်သောကြာနေ့မှာ ထိုင်းအရာရှိတွေက ပြောပါတယ်။ ဒါဟာ (၂)လအတွင်း တတိယအကြိမ်မြောက် ကြောက်ဖက်ဖွယ် တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။
ထိုင်း၊လာအိုနှင့်မြန်မာ သုံးနိုင်ငံနယ်စပ် တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတာတွေနှင့် နာမည်ဆိုးနှင့် ကျော်ကြားတဲ့ ရွှေတြိဂံအနီး ထိုင်းနိုင်ငံနယ်စပ် ချင်းရိုင်မှာ ကြာသပတေးနေ့ မနက်စောစောပိုင်းက အဆိုပါ ဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။
ထိုင်းစစ်တပ် ကင်းလှည့်အဖွဲ့တစ်ဖွဲ့ဟာ ကျောပိုးအိတ်တွေလွယ်ထားတဲ့ သံသယဖြစ်စရာ လူငါးဦးပါးအုပ်စုတစ်စုကို ရှာဖွေဖို့ ကြိုးစားရာမှာ သူတို့က အရှာမခံတဲ့အပြင် အမျိုးအမည်မသိလက်နက်နှင့် စတင်ပစ်ခတ်ခဲ့တာလို့ ထိုင်းစစ်တပ်က ပြောပါတယ်။
“ မူးယစ်ဆေးဝါးတွေဟာ နယ်စပ်မှာ အလွန်ပျံ့နှံ့နေတယ်။ ဒါပေမယ့် တိုင်းမှူးက တရားဥပဒေစိုးမိုးရေးကို အရှိန်မြှင့် ဆောင်ရွက်ကြဖို့ မကြာသေးခင်က အမိန့်ပေးထားပါတယ်” လို့ ဖမောင်းလုပ်ငန်းအဖွဲ့ အရာရှိ ပရမ်ချိုင်း ပရမ်ကာမိုက အေအက်ဖ်ပီကိုပြောပါတယ်။
ပစ်ခတ်မှုဟာ ငါးမိနစ်လောက်ပဲကြာပြီး ထိုင်းစစ်သားတစ်ဦးမျှ ထိခိုက်မှုမရှိခဲ့ဘူးလို့ လုပ်ငန်းအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။အဲဒီအုပ်စုထံမှ မီသမ်ဖက်တမင်း ဆေးလုံး ငါးသောင်းနှင့် သေနတ်တလက်သိမ်းဆည်းရမိပါတယ်။
ယခုပစ်ခတ်မှုမတိုင်ခင် ဒီတစ်ပတ်စောစောပိုင်းမှာ မူးယစ်ကုန်ကူးသူ (၆)ဦးနှင့် ဒီဇင်ဘာမှာ (၁၅)ဦးတို့ကိုလည်း အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ပါတယ်။
အာရှဒေသမှာ ၂၀၂၁ခုနှစ်အတွင်း ဆေးပြားပေါင်း တစ်ဘီလျံအထိ စံချိန်တင်ဖမ်းဆီးရမိခဲ့တယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။
Source: AFP
#Thai_oldiers_kill_drug_traffickers
#Golden_Triangle
#Drug_traffickers_Thailand_Myanmar_Laos
တောင်သူလယ်သမားတွေ ချမ်းသာအောင်လုပ်ချင်တယ်၊၊ အခြေခံလူတန်းစားတွေ၊ အလုပ်သမားတွေ၊ စီးပွားရေးလုပ်ငန်းသေးသေးလေးတွေ ပြည်သူလူထုတစ်ရပ်လုံးကြီးပွားတိုးတက်အောင် ကျွန်တော်တို့လုပ်မှာ၊၊
ဦးစိုက်အိုက်ပေါင်း(ဥက္ကဌ)
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)
#USaiAikPoung
#Chairman_of_White_Tiger_Party
#Shan_Ethnic_Democratic_Party
#Yangon_Media_Group
#Local_News
Published_ 13 January 2023
မူးယစ်ဆေးဖြတ်ထားတဲ့ လူနာတစ်ဦး မိဘနေအိမ်ပြန်ရောက်ပြီးမှ မူးယစ်ဆေးပြန်သုံးစွဲမိတဲ့အတွက် မီးရထားလမ်းမှာ သတိလစ်လဲကျသွားလို့ ဆေးရုံပို့ထားရတယ်လို့ မူးယစ်ဆေးစွဲသူများပြန်လည်ထူ ထောင်ရေးအသင်းမှ သိရပါတယ်၊၊
#Yangon_Media_Group
ဒီမိုကရေစီနိုင်ငံသွားမယ်ဆိုရင် ရွေးကောက်ပွဲဟာ မဖြတ်သန်းလို့မရဘူး၊၊ ဖြတ်သန်းရမယ့်တံခါးပေါက်တစ်ခုပဲ၊၊ ကျွန်တော်တို့က ဒီမိုကရေစီ ဒီမိုကရေစီလို့ပြောကြတယ်လေ၊၊ ဒီမိုကရေစီသွားမယ်ဆိုရင် ရွေးကောက်ပွဲက မဖြစ်မနေကျင်းပရမယ်၊၊ ဒါက ကမ္ဘာ့နိယာမပဲလေ၊၊အဲဒီတော့ ရွေးကောက်ပွဲတော့ဝင်ရမှာပဲ၊၊
ဦးစိုက်အိုက်ပေါင်း(ဥက္ကဌ)
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)
#USaiAikPoung
#Chairman_of_White_Tiger_Party
#Shan_Ethnic_Democratic_Party
#Yangon_Media_Group
#Local_News
Published_ 13 January 2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့နယ်၊ လွိုင်မွေဒေသမှာ ချယ်ရီပန်းပွဲတော်ကို ဇန်နဝါရီ (၁၉)ရက်မှ (၂၃)ရက်အထိ(၅)ရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်တယ်လို့ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ကျိုင်းတုံ)ရုံးမှ သိရပါတယ်၊၊
#Yangon_Media_Group
Page 1048 of 1640