#Local_News
Published 24 December 2023


ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီးအား ၂၀၂၄ခုနှစ်ဇန်နဝါရီလအတွင်းပူဇော်ပွဲကျင်းပရန်ရှိပြီး ပြည်တွင်းပြည်ပမှတပည့်၊ ဒါယကာ၊ ဒါယိကာမများနှင့်ယောဂီသူတော်စင်အပေါင်းတို့မှစု‌ပေါင်းပူ‌ဇော်သွားရန်ရှိကြောင်းသိရသည်။

 

အဆိုပါဧကာဒသမအကြိမ် ပူဇော်ပွဲ အခမ်းအနားကို ‌ဇန်နဝါရီလ(၆)(၇)(၈)ရက်တွင် ရန်ကုန်မြို့ရှိချမ်းမြေ့ရိပ်သာကျောင်း၌ကျင်းပသွားမည်ဖြစ်သည်။

 

ဇန်နဝါရီလ(၅)ရက်တွင် ဓမ္မာရုံအပေါ်ထပ်၌ ဆွမ်း၊သစ်သီး၊ရေချမ်း၊ဆီမီးကပ်လှူပြီး ပူဇော်ပွဲအတွက်စတင်ပြင်ဆင်ကြမည်ဖြစ်သည်ဟုဆိုသည်။

 

ဇန်နဝါရီလ(၆)ရက်တွင်ဓမ္မာရုံအပေါ်ထပ်၌ ဘုရားတရားသံဃာရှိခိုးပူ‌ဇော်ပြီးဆွမ်း၊သစ်သီး၊ရေချမ်း၊ဆီမီးကပ်လှူပြီးအခမ်းအနားစတင်ကာ မေတ္တာ ဘာဝနာပွားများခြင်း၊သံဃာတော်နဲ့ဧည့်ပရိတ်သတ် အားဆွမ်းကပ်ခြင်းနဲ့ထမင်းကျွေးခြင်း၊သတိပဌာန် ဘာဝနာတရားပွားများခြင်း(တရားထိုင်ခြင်း)၊ ဆွမ်းကပ်၊ထမင်းကျွေးခြင်းနှင့် ချမ်းမြေ့ရိပ်သာခွဲ အသီးသီးမှရိပ်သာများ၏အခြေအနေကိုတင်ပြဆွေးနွေးခြင်းအစီအစဉ်များပါဝင်သည်။

 

ဇန်နဝါရီလ(၇)ရက်တွင်ဓမ္မာရုံအပေါ်ထပ်၌ ဘုရားတရားသံဃာရှိခိုးပူ‌ဇော်ပြီးဆွမ်း၊သစ်သီး၊ရေချမ်း၊ဆီမီးကပ်လှူပြီးအခမ်းအနားစတင်ကာ မေတ္တာ ဘာဝနာပွားများခြင်း၊သံဃာတော်နဲ့ဧည့်ပရိတ်သတ် အားဆွမ်းကပ်ခြင်းနဲ့ထမင်းကျွေးခြင်း၊ မှော်ဘီချမ်း‌ မြေ့ရိပ်သာကို သွားရောက်လေ့လာခြင်း၊ယင်းရိပ်သာတွင် ဆွမ်းကပ်၊ထမင်းကျွေးခြင်း၊ သတိပဌာန် ဘာဝနာတရားပွားများခြင်း(တရားထိုင်ခြင်း)၊ ရန်ကုန်ချမ်းမြေ့သို့ ပြန်လာပြီး ညနေ၃နာရီကျော်ချိန်တွင် ချမ်း‌မြေ့ဆရာ‌ တော်ဘုရားကြီးအားစု‌ပေါင်းကန်‌‌တော့ကြမည့် အစီအစဉ်များပါဝင်သည်။

 

ဇန်နဝါရီလ(၇)ရက်တွင်ဓမ္မာရုံအပေါ်ထပ်၌ ဘုရားတရားသံဃာရှိခိုးပူ‌ဇော်ပြီးဆွမ်း၊သစ်သီး၊ရေချမ်း၊ဆီမီးကပ်လှူပြီးအခမ်းအနားစတင်ကာ မေတ္တာ ဘာဝနာပွားများခြင်း၊သံဃာတော်နဲ့ဧည့်ပရိတ်သတ် အားဆွမ်းကပ်ခြင်းနဲ့ထမင်းကျွေးခြင်း၊သတိပဌာန် ဘာဝနာတရားပွားများခြင်း(တရားထိုင်ခြင်း)၊ ဆွမ်းကပ်၊ထမင်းကျွေးခြင်းနှင့် နေ့လည် ၂နာရီကျော်တွင် အနုမောဒနာရေစက်ချတရားတော်နာယူကြမည့်အစီအစဉ်များပါဝင်ကြောင်းသိရသည်။

 

#Local_News #သက်တော်(၉၅)နှစ် #ချမ်းမြေ့ဆရာ တော်ဘုရားကြီးအားပူဇော်ပွဲ #tthl #Yangon_Times