#Local_News
Published 24 December 2023

Miss Universe Myanmar 2023 ပြိုင်ပွဲကြီးတွင် First Runner Up ဆုရရှိခဲ့သည့် Dee အားမြန်မာနိုင်ငံ ကိုယ်စားပြု Miss Supranational Myanmar 2024 အဖြစ် စေလွှတ်ယှဉ်ပြိုင်သွားမည်ဖြစ်မည်ဖြစ်ကြောင်း Miss Universe Myanmar Organization၏ထုတ်ပြန်ချက်အရသိရသည်။

 

Miss Supranationalပြိုင်ပွဲကို အရင်က ခင်ဝင့်ဝါ ၊ဟန်သီ၊ရွှေအိမ်စည်စသည့် အလှမယ်များစွာပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ယခု ၂၀၂၄နှစ်အတွက် Miss Supranationalပြိုင်ပွဲတွင် မြန်မာကိုယ်စားပြုအလှမယ်အဖြစ် အလှမယ်ဒီးDeeကသွားရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

"ပြင်ဆင်တာကတော့အကုန်ပေါ့ Boday/Beauty/Brain/Cat Walk အကုန်ပေါ့။challanceတိုင်းမှာအကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ"ဟုအလှမယ်ဒီးDeeကမီဒီယာများတွင်ပြောထားသည်။

 

၂၀၂၄ခုနှစ်အတွင်း မြန်မာကိုယ်စားပြု နိုင်ငံတကာ စင်မြင့်ထက်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့်သူများကတော့ Miss Supranational Myanmar 2024 - Dee Miss Grand Myanmar 2024 - Thae Su Nyein Miss Planet Myanmar 2024 - Su Myat Yee Miss Teen Myanmar 2024  -Shoon Lae Naychi တို့ဖြစ်ကြောင်း အလှမယ်နီနီလင်းအိမ်မှဖော်ပြထား ကြောင်းသိရသည်။

 

 #Local_News #Miss Supranational 2024 ပြိုင်ပွဲ #မြန်မာအလှမယ်Dee #tthl #Yangon_Times