#Local_News
Published _5 April 2023
အွန်လိုင်းမှ Federal School of AungMyay Thar Zan အမည်ဖြင့် တရားမဝင်ပညာသင်ကြားမှုပြုလုပ်နေသူ ၁၅ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
Federal School of Aung Myay Thar Zan အမည်ဖြင့် တရားမဝင်ပညာ သင်ကြားခြင်းကို Online စနစ်ဖြင့် ဆောင်ရွက်နေကြောင်း သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စိစစ်ဖော်ထုတ်မှုများပြုလုပ်ခဲ့ရာ မတ်လ ၂၂ ရက်တွင် Federal School of Aung Myay Thar Zan ၏ ကျောင်းတာဝန်ခံ ၏ အိရွှေစင်မြင့် အား မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်းနောက် စစ်ဆေးဖော်ထုတ်ချက်များအရ တရားမဝင် Federal School of Aung Myay Thar Zan တွင် သင်ကြားရေးဆောင်ရွက် နေသော တင်တင်လတ်၊ စန်းစန်းဝင်း၊ ခိုင်မာသန်း၊ နေကြည်ဝင်း၊ ခင်ကြည်မာဝေ၊ အေးမြတ်မွန်၊ ကျော်စန်းထွေး၊ ဇော်မျိုးထွန်း၊ ခင်နွယ်ဦး၊ ယဉ်ယဉ်မင်း၊ ခင်မြတ်နိုး၊ ခိုင်မာဖြိုး၊ အိအိအောင်နှင့် ချောစုသန်း စုစုပေါင်း ၁၄ ဦးတို့အား ၎င်းတို့နေအိမ်အသီးသီး၌ ထပ်မံ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
NUG ၏ စေခိုင်းချက်ဖြင့် Federal School of Aung Myay Thar Zan ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ Online စနစ်ဖြင့် ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ကြောင်း၊ ကျောင်းသားကျောင်းသူများထံမှ ကောက်ခံရသည့် ငွေကြေးများကို PDF များသို့ ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း အဖမ်းခံရသူများ၏ ထွက်ဆိုချက်ကို ကိုးကား၍ အဆိုပါ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ယခုအခါ ဖမ်းဆီးရမိသည့် ၁၅ ဦးအား ဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ငွေကြေးထောက်ပံ့မှုများ၊ ပူးပေါင်းပါဝင် ဆောင်ရွက်နေသူများကိုလည်း ဖော်ထုတ်ဖမ်းဆီးကာ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် တရားမဝင်ပညာသင်ကြားမှု အစီအစဉ်တွင် စာရင်းပေးသွင်း၍ အတန်းများတက်ရောက်စေခဲ့သော မိဘများနှင့် ကျောင်းသား၊ကျောင်းသူများကိုပါ ဆက်လက်ဖော်ထုတ်၍ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ymg/mt
#Local_News #အွန်လိုင်း #ပညာသင်ကြားသူ #၁၅ ဦးဖမ်းဆီးမိ
#YMG #Yangon_Media_Group
#Local_News
Published_ 4 April 2023
၂၀၁၉ခုနှစ်က ပြဌာန်းခဲ့တဲ့ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေဟာ အခုနှစ်၂၀၂၃ခုနှစ် ဧပြီလ(၁)ရက်နေ့မှာ အာဏာသက်ဝင်လာပြီဖြစ်ပါတယ်၊၊
အဲဒီ့လိုကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအာဏာ သက်ဝင်လာပြီဖြစ်တဲ့အတွက်ကုန်အမှတ်တံဆိပ်တွေကို တရားဝင်မှတ်ပုံတင်ထားဖို့ လိုအပ်လာတယ်လို့ ဆိုပါတယ်။
#Local_News #ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ #မှတ်ပုံတင်
#YMG#Yangon_Media_Group
#World_Geopolitics
Published_ 4 April 2023
ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)မှာ ပါဝင်ဖို့ကြိုးစားနေတဲ့နိုင်ငံတွေ ပိုများလာပါတယ်။
ဆော်ဒီအာရေးဗီးယားအစိုးရအဖွဲ့က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှာ ဆွေးနွေးမိတ်ဖက်နိုင်ငံအဖြစ် အသိအမှတ်ပြုဖို့ စာတမ်းကိုလည်း ဗုဒ္ဓဟူးနေ့က အတည်ပြုလိုက်ပါတယ်။
#World_Geopolitics #ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ #YMG#Yangon_Media_Group
#Local_News
Published_ 4 April 2023
သင်္ကြန်ကာလမှာ မျက်လုံးနဲ့နားထဲရေတွေဝင်ပြီး ထိခိုက်တာတွေမျိုး ဖြစ်နိုင်တဲ့အတွက် သတိပြုကာကွယ်ကြဖို့လိုအပ်တယ်လို့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှသိရပါတယ်၊၊
#Local_News #င်္ကြန်ကာလတွင်း #မျက်လုံးနှင့်နား #သတိပြုကာကွယ်ရန်#YMG#Yangon_Media_Group
#Local_News
Published_ 4 April 2023
ယခုလအတွင်း အသားတိုးကြက် ခြံဖမ်းဈေးများ အနေနဲ့ ယခင်လကထက် ငွေ ၁၇၀၀ကျပ်အကျော် ဈေးပြန်တက်လာခဲ့ကြောင်း ကြက်သားလက်ကားအရောင်းဈေးကြီးဖြစ်တဲ့ မင်္ဂလာတောင်ညွှန့်မြို့နယ် ကြက်ဘဲဈေးကနေသိရပါတယ်။
#Local_News #အသားတိုးကြက် #ကျပ်၁၇၀၀အကျော်ဈေးပြန်တက်လာ #YMG#Yangon_Media_Group
#Local_News
Published_ 4 April 2023
ဧပြီလ ၆ရက်နေ့မှ ၁၁ရက်နေ့အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးအချိုမှာ လက်ရှိအပူချိန်ထက် 5C° လောက် ရုပ်ချည်းမြင့်တက်လာဖို့ရှိနေတယ်လို့ခန့်မှန်းပြောဆိုမှုများရှိနေတာဖြစ်ပါတယ်။
#Local_News #ရန်ကုန်တိုင်းဒေသကြီး #နေ့အပူချိန်များ5C°ခန့်ပိုမိုမြင့်တက်လာနိုင် #YMG#Yangon_Media_Group
#Daily_News
Published_4 April 2023
၁။လာမယ့်ရက်ပိုင်းအတွင်း ရန်ကုန်အပါအဝင် တိုင်းဒေသကြီးအချို့မှာ နေ့အပူချိန်များ 5C° ခန့်ပိုမိုမြင့်တက်လာနိုင်
၂။အသားတိုးကြက်ဈေး တစ်လကြာအတွင်း ကျပ် ၁၇၀၀ အကျော် ဈေးပြန်တက်လာ
၃။သင်္ကြန်ကာလတွင်း မျက်လုံးနှင့်နားမထိခိုက်အောင် သတိပြုကာကွယ်ရန်လိုဟုဆို
၄။ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွင် ပါဝင်ရန် နိုင်ငံအများအပြားကြိုးစားလာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 4 April 2023
ဧပြီလ ၄ရက်နေ့မှာ ပြင်ပရွှေပေါက်ဈေး ၂၉သိန်း၄သောင်း ဈေးရှိနေပြီး ဈေးအနည်းငယ်ပြန်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေကပြောပါတယ် မတ်လနောက်ဆုံးအပတ်မှာ ဈေးအနည်းငယ် ကျဆင်းခဲ့တဲ့ရွှေဈေးဟာ အခုဧပြီလ လဆန်းပိုင်းမှာ ဈေးပြန်တက်လာတာ ဖြစ်ပါတယ်။
#Local_News #ပြင်ပရွှေပေါက်ဈေး #ဈေးပြန်တက်
#YMG#Yangon_Media_Group
#Local_News
Published_ 4 April 2023
ပြည်တွင်း၌ ဆန်ဈေးနှုန်းကြီးမြင့်မှုနေကြောင့် ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ရန် လိုင်စင်အသစ် ချထားပေးမှုကို ကန့်သတ်ထားကြောင်း ဆန်ကုန်သည်များကပြောသည်။
ပြည်တွင်း၌ ဆန်ဈေးနှင့် စပါးဈေးမြင့်တက်နေမှုကြောင့် ပြည်ပသို့ Quota စနစ်ဖြင့် တင်ပို့မှုကို တစ်လလျှင် ဆန်တန်ချိန် တစ်သိန်းခွဲခန့်သာ တင်ပိုရန် လျှော့ချသတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
ယင်းကဲ့သို့ ပြည်ပဆန်တင်ပို့မှု တန်ချိန်လျှော့ချလိုက်သည့်အတွက် လိုင်စင်အသစ်လျှောက်ထားမှု ရရှိရန် မလွယ်ကူဘဲ လိုင်စင်အဟောင်းများကိုလည်း စစ်ဆေးမှုများဆောင်ရွက်နေကြောင်း သိရသည်။
လက်ရှိတွင် ပြည်ပသို့ ဆန်တင်ပို့ရာ၌ တန်ချိန် ၂၆၀ အထိ ထောက်ခံချက်မလိုဘဲ ယင်းထက်ကျော်လွန်ပါက ထောက်ခံချက်လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
နယ်စပ်မှ ဆန်တင်ပို့မှု ရငွေအပေါ် ကန့်သတ်ချက်များ လုပ်ဆောင်လာသည့်နောက် ကုန်သည်များအနေဖြင့် တွက်ခြေမကိုက်သည့်အတွက် အများစုမှာ တင်ပို့မှုများရပ်ဆိုင်းထားရသည်အထိ အကြပ်တွေ့လာရကြောင်းလည်း နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်သည့် ဆန်ကုန်သည်အချို့ထံမှ သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ ဒသမ ၀၉၉ သန်းတင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ရငွေအနေဖြင့် ဒေါ်လာ ၇၈၃ သန်းရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ စာရင်းအချက်အလက်များအရ သိရသည်။
ymg/ppk
#Local_News #မြန်မာ့ဆန် #လိုင်စင်အသစ်
#YMG #Yangon_Media_Group
#Local_News
Published_ 4 April 2023
ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ မေ (၅) ရက်မှ (၁၇) ရက်အထိ ကျင်းပသွား မည့် ဆီးဂိမ်းပြိုင်ပွဲကြီးတွင် အားကစားနည်း(၃၆)နည်း ထည့်သွင်းကျင်းပသွားမည် ဖြစ်သော်လည်း မြန်မာနိုင်ငံအနေဖြင့် အဆင့်မီစွာ ပါဝင်ယှဉ်ပြိုင်နိုင်မည့် အားကစားနည်း (၁၉) နည်းကိုသာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။
ပါဝင်ယှဉ်ပြိုင်မည့် အားကစား နည်းများမှာ ဗိုဗီနမ်(အားနစ်၊ Kun Bokator အပါအဝင်)၊ ပိုက်ကျော်ခြင်း (ခြင်းလုံးအပါအဝင်)၊ ဘိလိယက်/စနူကာ၊ ဝူရှူး၊ ရိုးရာလှေ၊ ပီတန်း၊ ဂျူဒို၊ Kun Khmer (ရိုးရာလက်ဝှေ့)၊ စစ်တုရင်၊ တိုက်ကွမ်ဒို၊ ပြေးခုန်ပစ်၊ လက်ဝှေ့၊ ကြက်တောင်၊ E-Sports, ဘောလုံး(ကျား/မ)၊ ဘော်လီဘော (ကျား/မ)၊ အလေးမ၊ ခရစ်ကတ်၊ တင်းနစ် အားကစားနည်းများ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်း(၁၉)နည်းအနက် ဖနွမ်းပင် မြို့၌ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘိလိယက်နှင့်စနူကာ၊ လက်ဝှေ့၊ စစ်တုရင်၊ ခရစ်ကတ်၊ E-Sports ၊ ဘောလုံး၊ ဂျူဒို၊ ဗိုဗီနမ် (အားနစ်နှင့် Kun Bokator အပါအဝင်)၊ ပီတန်း၊ ပိုက်ကျော်ခြင်း (ခြင်းလုံးအပါအဝင်)၊ တိုက်ကွမ်ဒို၊ ဘော်လီဘော၊ အလေးမ၊ ဝူရှူး၊ Kun Khmer (ရိုးရာလက်ဝှေ့) စသည့် အားကစားနည်း (၁၇) နည်း ကျင်းပသွားမည်ဖြစ်ပြီး ကမ်ပိုမြို့တွင် ရိုးရာလှေနှင့် ဆီရမ်ရိမြို့တွင် ပြေးခုန်ပစ်အားကစားနည်းမှ (မာရသွန်နှင့် ၂၀ ကီလိုမီတာ လမ်းလျှောက်) တို့ကို ကျင်းပသွားမှာပါ။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှ စတင်၍ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp) တွင် ပြေးခုန်ပစ်၊ ဘိလိယက်နှင့်စနူကာ၊ လက်ဝှေ့၊ ဂျူဒို၊ ပီတန်း၊ ပိုက်ကျော်ခြင်း (ခြင်းလုံး အပါအဝင်)၊ တိုက်ကွမ်ဒို။ ဘော်လီဘော၊ ဗီုဗီနမ် (အားနစ် နှင့် Kun Bokator အပါအဝင်) အလေးမ၊ ဝူရှူး အားကစားနည်းများမှ အုပ်ချုပ်/နည်းပြ(၇၃)ဦး၊ အားကစားသမား(ကျား) (၁၇၇)ဦး၊ (မ) (၁၂၆)ဦး၊ ပေါင်း (၃၀၃) ဦး၊ ပူးတွဲလေ့ကျင့်သည့် အားကစားသမား (၁၇)ဦး အပါအဝင် စုစုပေါင်း (၃၉၃) ဦး ဖြင့် ကြိုတင်ပြင်ဆင် စခန်းသွင်း လေ့ကျင့်လျက်ရှိကြပါတယ်။
ရန်ကုန်မြို့ရှိ သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်အသီးသီးတွင်လည်း ၂၀၂၂ ခုနှစ် မတ်လနှင့် ဇူလိုင်လများမှ စတင်၍ ဘိလိယက်၊ ဘောလုံး (အမျိုးသမီး)၊ ရိုးရာလက်ဝှေ့ (Kun Khmer) ၊ တင်းနစ်၊ ရိုးရာလှေ၊ ခရစ်ကတ်၊ အားကစားနည်းများကိုလည်း အုပ်ချုပ်/နည်းပြ(၂၃)ဦး၊ ကစားသမား(ကျား) (၄၆)ဦး၊ (မ) (၆၉)ဦး၊ ပေါင်း (၁၃၈)ဦး၊ ပူးတွဲလေ့ကျင့်သည့် အုပ်ချုပ်/နည်းပြ(၂)ဦး၊ ကစားသမား (၁)ဦး အပါအဝင်စုစုပေါင်း (၁၄၁)ဦးဖြင့်ကြိုတင်ပြင်ဆင် စခန်းသွင်းလေ့ကျင့်နေပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှ ထည့်သွင်းကျင်းပမည့် အားကစားနည်း(၃၆)နည်းအတွက် ရွှေတံဆိပ် (၅၈၀)ကျော် ပေးအပ်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်း (၁၉)နည်းအတွက် ရွှေတံဆိပ် (၃၃၀)ခန့် ပေးအပ်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်း (၁၉) နည်းမှ ရွှေတံဆိပ် (၁၇) ခု၊ ငွေတံဆိပ် (၂၉)ခု၊ ကြေးတံဆိပ် (၃၆)ခု၊ စုစုပေါင်း ဆုတံဆိပ် (၈၂)ခု မျှော်မှန်းထားရှိကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Local_News #ကမ္ဘောဒီးယားဆီးဂိမ်းပြိုင်ပွဲ #အားကစားနည်း(၃၆)နည်း #မြန်မာနိုင်ငံက(၁၉)နည်းဝင်ရောက်ယှဉ်ပြိုင်မည် #YMG #Yangon_Media_Group
#Local_News
Published_ 4 April 2023
ကုမ္ပဏီအသစ်အဖြစ် စတင်မှတ်ပုံတင်မည့်သူများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်လိုက်သည်၊၊
ထုတ်ပြန်ချက်တွင် ကုမ္ပဏီများနှင့်ဒါရိုက်တာများ၊ ပါဝင်သူများအနေဖြင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများအား လိုက်နာမှုရှိ မရှိ စိစစ်နိုင်ရန်နှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များအား အထောက်အပံ့ပြုနိုင်ရေးအတွက် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၉၇ အရ ကုမ္ပဏီတစ်ခု စတင်မှတ်ပုံတင်ပြီးနောက် နှစ်လအတွင်းတင်ပြရမည့် နှစ်စဉ်အစီရင်ခံ တင်ပြသည့်အချိန်တွင် ပူးတွဲတင်ပြရမည့်အချက်များကိုဖော်ပြထားသည်၊၊
ပူးတွဲတင်ပြရမည့်အချက်များအနေဖြင့်
(က) ကုမ္ပဏီအမည်ဖြင့် ဘဏ်စာရင်းတစ်ခု ဖွင့်လှစ်ရမည်ဖြစ်ပြီး MyCO စနစ်တွင် တင်ပြထားသော အစုရှယ်ယာများ၏ ပေးချေရန်တန်ဖိုး- (Paid up capital) အတိုင်း ဘဏ်စာရင်းတွင် ထည့်သွင်းပြီးကြောင်း အထောက်အထား၊
(ခ) ကုမ္ပဏီဒါရိုက်တာအဖြစ် ဖော်ပြထားသော တစ်ဦးချင်းစီအတွက် အောက်ဖော်ပြပါ အချက်အလက်များ-
(၁) နိုင်ငံသားစိစစ်ရေးကတ် မိတ္တူနှင့် ပုံစံ “က” တွင်ဖော်ပြထားသည့် ဒါရိုက်တာ၏ နေရပ်လိပ်စာတွင် အမှန်တကယ်နေထိုင်ကြောင်း သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့၏ ထောက်ခံချက်၊
(၂) နိုင်ငံခြားသားများအတွက် “၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ၊ မှတ်ပုံတင်ရေး စည်းကမ်း ဥပဒေများ”နှင့်အညီဆောင်ရွက်ထားရှိသောအထောက်အထား(ဥပမာ- immigration Form-C)၊
(ဂ) MyCO စနစ်တွင် ဖော်ပြထားသည့် ကုမ္ပဏီ၏ မှတ်ပုံတင်ရုံးခန်းလိပ်စာသည် မြေပြင်တွင် အမှန်တကယ်တည်ရှိကြောင်းနှင့် ကုမ္ပဏီရုံးခန်းဖွင့်လှစ်ရန် စီစဉ် ဆောင်ရွက်ထားကြောင်း သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့၏ ထောက်ခံချက်၊
(ဃ) ကုမ္ပဏီ၏ မှတ်ပုံတင်စာရင်းတွင်ဖော်ပြထားသည့် ကုမ္ပဏီ၏ ပါဝင်သူ (အစုရှယ်ယာရှင်) သည် လူပုဂ္ဂိုလ် (natural person) ဖြစ်ပါက အထက်အပိုဒ်ခွဲ (ခ) ပါ အထောက်အထားများ၊
(င) ကုမ္ပဏီ၏ မှတ်ပုံတင်စာရင်းတွင်ဖော်ပြထားသည့် ကုမ္ပဏီ၏ပါဝင်သူ (အစုရှယ်ယာရှင်) သည် ဥပဒေရေးရာပုဂ္ဂိုလ် (legal person)/တရားဝင်အဖွဲ့အစည်း(Legal entity) ဖြစ်ပါက အဖွဲ့အစည်းနှင့် သက်ဆိုင်သော အထောက်အထားများ တင်ပြရမည် ဖြစ်သည်ဟုဆိုသည်၊၊
ကုမ္ပဏီအသစ်တစ်ခု စတင်မှတ်ပုံတင်သူများအနေဖြင့် အထက်ဖော်ပြပါ အချက်များကို ဤအသိပေး ကြေညာချက်ထုတ်ပြန်သည့်နေ့မှစ၍ အပြည့်အဝ လိုက်နာဆောင်ရွက်၍
ymg/tthl
#Local_News #ကုမ္ပဏီအသစ် # စတင်မှတ်ပုံတင်မည့်သူများ #လိုက်နာဆောင်ရွက်ရမည့်အချက်များ #YMG #Yangon_Media_Group
#Local_News
Published-4 April 2023
ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေ ဦးစီးဌာန၏ ထောက်ခံချက်အတွက် Online E-Submission လျှောက်ထားရာတွင် ပေးသွင်းရသည့်ပမာဏ ယခင်၇၅၀၀၀၀ကျပ်ကို ယခု ၂၅၀၀၀၀ကျပ် လျှော့ချသတ်မှတ်လိုက်ကြောင်းအသိပေးထားသည်။
ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအား အားပေးမြှင့်တင်နိုင်ရန် ရည်ရွယ်၍ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်အတွက် Online E-Submission လျှောက်ထားရာတွင် ပေးသွင်းရမည့် ပမာဏမှာ ၂၅၀၀၀၀ ကျပ်သာ ကျသင့်တော့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းစဉ်အတွက် ယခင်ကျသင့်ငွေမှာ ၇၅၀၀၀၀ ကျပ်ဖြစ်ပြီး ဧပြီလ (၁)ရက်မှစတင်ကာ ပြောင်းလဲလျှော့ပေါ့လိုက်ခြင်းဖြစ်ပြီး ထောက်ခံချက်အတွက် ခွင့်ပြုကာလမှာ ဧပြီလ (၁) ရက် မှ စက်တင်ဘာလ (၃၀) ရက်အထိဖြစ်ပြီး Online E-Submission လျှောက်ထားရာတွင် ပေးသွင်းရမည့် ပမာဏမှာ ၂၅၀၀၀၀ ကျပ်သည် ဓာတ်ခွဲစစ်ဆေးခ မပါဝင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းကဲ့သို့ ခွင့်ပြုကာလ (၆) လအတွင်း လျှောက်ထားလာသည့် လုပ်ငန်းများအား စစ်ဆေးမှုပြီးပြည့်စုံပါက ထောက်ခံချက်သက်တမ်းအနေဖြင့် (၁) နှစ်ထုတ်ပေးသွားမည်ဟုလည်း ကျန်းမာရေးဝန်ကြီးဌာနသိရသည်။
ထို့အပြင် ဘေးဖြစ်နိုင်ခြေနည်းသည့် အစားအသောက်များနှင့် ဘေးဖြစ်နိုင်ခြေအလယ်အလတ်အဆင့်ရှိ အစားအသောက်များအနေဖြင့် Myanmar Food Laboratory Network ၏ အသိအမှတ်ပြု ဓာတ်ခွဲခန်းများတွင် (၃) လအတွင်း စစ်ဆေးထားသော စစ်ဆေးချက်အဖြေများနှင့်တကွ တင်ပြလာပါက FDA ၏ ဓာတ်ခွဲခန်းများတွင် ထပ် မံစစ်ဆေးရန် မလိုအပ်ကြောင်းလည်း ကျန်းမာရေး ဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။
ယခုအစီအစဉ်တွင် အထူးထိန်းချုပ်အစားအသောက်များဖြစ်သည့် အမှတ်တံဆပ်ပါ ဘူးသွင်းသောက်ရေသန့်၊ အမှတ်တံဆပ်ပါ စားသုံးဆီများနှင့်ဘေးဖြစ်နိုင်ခြေများသည့် အစားအသောက် High Risk Foodများ အကျုံးမဝင်ကြောင်းသိရသည်။
#ymg/mt
#Local_News #အစားအသောက် #ထောက်ခံချက် #Online E-Submission
လျှောက်ထားကျသင့်ငွေ #YMG #Yangon-Media-Group
Page 1049 of 1752