ဩဂုတ် ၁၆ ရက်နေ ညနေ(၃) နာရီခွဲအချိန်မှာ သုဝဏ္ဏကွင်းအတွင်း ယှဉ်ပြိုင်ကစားမည်
Published_ 15 August 2023
#AFC Cup ခြေစစ်ပွဲ #သုဝဏ္ဏကွင်း #မြန်မာ့လက်ရွေးစင်ယူ-၂၃
#YMG/my
#Yangon_Times
‘မြေပဲအထွက်နှုန်းတိုးခဲ့ပြီး တစ်ဧကကို တင်း(၁၀၀)ခန့်လောက်အထိရခဲ့သလို မြေပဲတစ်တင်းကို ကျပ်၄၀၀၀၀ကျော်ဈေးရရှိခဲ့တယ်’ မကွေးမှပဲစိုက်တောင်သူတစ်ဦး
Published_ 15 August 2023
#မြေပဲထွက်နှုန်းကောင်း
#tthl
#Yangon_Times
#Local_News
Published_ 15 August 2023
ပြည်ပသို့ အရေးပေါ်သွားရောက်ရန် နိုင်ငံကူးလက်မှတ်လိုအပ်သူများအတွက် Green Channal ဖြင့် စိစစ်ဆောင်ရွက်ပေးနေကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ သိရသည်။
နိုင်ငံကူးလက်မှတ်ထုတ်ပေးရာတွင် အရေးကြီး၊ အရေးပေါ်၊ ပညာရေး၊ကျန်းမာရေးနှင့် နိုင်ငံခြားသို့ အချိန်မှီသွားရောက်ရန် လိုအပ်သူများအနေဖြင့် ခိုင်လုံသော အထောက်အထားများနှင့်အတူ Green Channal ဖြင့် စိစစ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။
လက်ရှိတွင် ပွဲစားများက နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် လူမှုကွန်ရက်မီဒီယာပေါ်တွင် အဆမတန်ငွေကြေးများပိုမိုတောင်းခံပြီး၊ လိမ်လည်လုပ်ဆောင်ပေးနေခြင်းများကို စိစစ်တွေ့ရှိရခြင်းကြောင့် ပြည်သူများအနေဖြင့် အလိမ်မခံရရေး သတိပြုနေထိုင်ကြရန် နှိုးဆော်ထားသည်။
Green Channal ဖြင့် လျောက်ထားလိုသူများသည် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး ဝက်ဘ်ဆိုက်ဖြစ်သည့် www.passport.gov.mmတွင် ကြေညာထားသည့်အတိုင်း ဥက္ကဌ၊ မြန်မာနိုင်ငံနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၊ ရုံးအမှတ်(၃၈)နေပြည်တော်ဟု လိပ်မူပြီးလျှောက်ထားနိုင်ကြောင်း အသိပေးထားသည်။
လက်ရှိတွင် နိုင်ငံကူးလက်မှတ်ရရှိရေးအတွက် အွန်လိုင်းစနစ်မှ ကြိုတင် Booking စနစ်ဖြင့် လျောက်ထားရာတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလဝက်ခန့်အထိ လျောက်ထားသူများရှိနေကြောင်း သိရသည်။
#YMG/my #Local_News #နိုင်ငံကူးလက်မှတ် #Green Channal
#Yangon_Times
‘ဗဟိုဘဏ်ကခွင့်ပြုပေးထားတဲ့ နိုင်ငံခြားငွေလဲလှယ်ပေးခွင့်လိုင်စင်ရ ကုမ္ပဏီ(၁၃)ဟာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့အမိန့်နဲ့ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိတဲ့အတွက် နိုင်ငံခြားငွေတွေ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်(Money Changer License)ကို အမှုဆောင်ကော်မတီရဲ့ ဆုံးဖြတ်ချက်အရ ရုပ်သိမ်းတယ်’ မြန်မာနိုင်ငံတော်ဗဟိုဘဏ်
Published_ 15 August 2023
#နိုင်ငံခြားငွေလဲလှယ်ခွင့်လိုင်စင် #ဗဟိုဘဏ်
#tthl
#Yangon_Times
#Local_News
Published-15 August 2023
ဂျပန်ကုမ္ပဏီ (၂၀၀)ကျော်က မြန်မာအလုပ်သမားဦးရေ (၉၀၀)ကျော် ခေါ်ယူမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးက ယနေ့ (ဩဂုတ်၁၅ရက်) တွင် ထုတ်ပြန်လိုက်သည်။
မြန်မာသံရုံး၊ တိုကျိုမြို့မှ (၂၀၂၃) ခုနှစ်၊ ဩဂုတ်လ (၁) ရက် မှ (၁၅) ရက်အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၂၈၀) ခုနှင့် ပတ်သက်သည့် အချက်အလက်များအား အသိပေးအကြောင်းကြားအပ်ပါသည်ဟု ပါရှိသည်။
အဆိုပါ ထုတ်ပြန်ချက်အရ ဂျပန်ကုမ္ပဏီ (၂၀၀)ကျော်က မြန်မာအလုပ်သမား အမျိုးသား (၃၀၀)ကျော်၊ အမျိုးသမီး(၅၀၀)ကျော်၊ စုစုပေါင်း ဦးရေ(၉၀၀)ကျော် ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါထုတ်ပြန်ချက်အရ မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (Demand Letter) များကို အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက် များ၊ သဘောထားမှတ်ချက် များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။
ဇူလိုင်လ (၁၈) ရက် မှ (၃၁) ရက်အတွင်းကလည်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စိစစ်ပေးပို့ပြန်ကြားခဲ့သော အလုပ်ကမ်းလှမ်းစာ (၂၈၃) ခုတွင် မြန်မာအလုပ်သမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ဦးရေ (၈၀၀)ကျော် ခေါ်ယူမည်ဖြစ်ကြောင်း မြန်မာသံရုံး၊ တိုကျိုမြို့က ထုတ်ပြန်ခဲ့သည်။
#Local_News #မြန်မာအလုပ်သမား
#Yangon_Times/PP
#Local_News
Published_ 15 August 2023
ကော့သောင်းကုန်သွယ်ရေးစခန်းမှထိုင်းနိုင်ငံသို့ဆီအုန်းအများဆုံးနှင့်ရေထွက်ကုန်များတင်ပို့လျက်ရှိပြီး ထိုင်းနိုင်ငံဘက်မှဓာတ်ဆီ၊ဒီဇယ်နှင့်ကားတာယာ၊ကားဘက်ထရီများအများဆုံးတင်သွင်းခဲ့ကြောင်း သိရသည်။
ဩဂုတ်လ(၉)ရက်မှ (၁၃)ရက်အထိမြန်မာနိုင်ငံအနေဖြင့် ကော့သောင်းကနေ ထိုင်းနိုင်ငံကို ဆီအုန်းတန်ချိန် ၄၈၅တန်၊ ရေထွက်ကုန်များဖြစ်သော ပလာတူး၊ငါးချဉ်ပေါင်၊ပလာလန်း၊စစ်ကလပ်၊ငါးပုလွေ၊ ကုလားငူ၊ ငါးခွေးလျှာ၊ပုဇွန်၊ ငါးစက္ကူတို့ တင်ပို့ခဲ့ပြီးပို့ကုန်တန်ချိန်စုစုပေါင်း(၂၂၁၈)တန်တင်ပို့ခဲ့သည်။
ထိုင်းမှမြန်မာသို့ ဒီဇယ်၊ဓာတ်ဆီ၊ဆပ်ပြာ၊ပီလောပီနံမှုန့်၊ ဘက်ထရီ၊ ကားတာယာတို့တင်သွင်းခဲ့ပြီး စုစုပေါင်း တန်ချိန်(၁၈၉)တန်တင်သွင်းခဲ့သည်ဟုဆိုသည်။
ကော့သောင်းကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံသို့ မြန်မာရေထွက်ပစ္စည်းများကို FOBစနစ်ဖြင့် ဆီအုန်းနှင့်ရေထွက်ကုန်များကိုအများဆုံးတင်ပို့နေသောစခန်းဖြစ်ကြောင်းနှင့်ဩဂုတ်လ(၁၄)ရက်ပြင်ပ ငွေလွှဲနှုန်းမှာမြန်မာကျပ်တစ်သိန်းလျှင်ဘတ်တစ်ထောင်၊တစ်ဘတ်လျှင်မြန်မာငွေကျပ်၁၀၀ရှိခဲ့ကြောင်း သိရသည်။
#tthl #Local_News #ကော့သောင်း #ဆီအုန်းနှင့် ရေထွက်ကုန်
#Yangon_Times
#World_Politics
Published 15 August 2023
မြောက်ကိုရီးယားခေါင်းဆောင် 'ကင်မ်ဂျုံအန်း'နဲ့ ရုရှားသမ္မတ'ဗလာဒီမာပူတင်'တို့ဟာ ဩဂုတ် ၁၅ ရက်နေ့က အပြန်အလှန် စာပေးပို့ခဲ့ကြပြီး သူတို့ရဲ့ ဆက်ဆံရေးကို ကာလကြာရှည်စွာ ရပ်တည်နေမည့် ဗျူဟာမြောက်ဆက်ဆံရေးအဖြစ် မြှင့်တင်ရန် ကတိပြုခဲ့ကြကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA မီဒီယာက ဖော်ပြခဲ့ပါတယ်။
ထိုကဲ့သို့ စာပေးပို့မှုဟာ ၁၉၁၀-၁၉၄၅ ခုနှစ် ဂျပန်ကိုလိုနီလက်အောက်မှ ကိုရီးယားလွတ်မြောက်ရေး ၇၈ နှစ်ပြည့် အထိမ်းအမှတ်ကို ရည်ညွှန်းတာဖြစ်ပြီး တောင်ကိုရီးယားမှာလည်း နိုင်ငံတော်အားလပ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။
နှစ်နိုင်ငံ ရင်းနှီးဆက်ဆံရေးက ဒုတိယကမ္ဘာစစ် ဂျပန်ကိုအနိုင်ရပြီး စတင်လာခဲ့ကာ နယ်ချဲ့ရန်သူတွေရဲ့ မတရားကျင့်မှုများ၊ လွှမ်းမိုးအုပ်စိုးမှုများကို ချေမှုန်းရန်အတွက် ခွန်အားနဲ့ အစွမ်းအစတွေကို အပြည့်အဝဖော်ပြနေတယ်လို့ ကင်မ်ဂျုံအန်းက ပူတင်ကို စာပေးပို့ခဲ့ကြောင်း KCNA က ဖော်ပြခဲ့ပါတယ်။
ချစ်ကြည်ရင်းနှီးမှုနဲ့ စည်းလုံးညီညွတ်မှုတို့ကနေ ခေတ်သစ်လိုအပ်ချက်နဲ့အညီ ရေရှည်တည်မြဲတဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးအဖြစ် တိုးတက်လာမယ်လို့ အခိုင်အမာယုံကြည်ကြောင်း ဆိုထားပါတယ်။
နှစ်နိုင်ငံ ဘုံရည်မှန်းချက်နဲ့ ရည်ရွယ်ချက်များ အောင်မြင်ရေးလုပ်ငန်းစဉ်မှာ အချင်းချင်း အခိုင်အမာထောက်ခံပြီး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်ပွဲများ ရရှိလာမှာဖြစ်ကြောင်း ဆိုပါတယ်။
ယူကရိန်းစစ်ပွဲအတွက် မြောက်ကိုရီးယားက ရုရှားကို အမြောက်ကျည်များ၊ ပခုံးထမ်းဒုံးကျည်များဖြင့် ထောက်ပံ့ပေးတယ်လို့ အမေရိကန်က စွပ်စွဲထားပါတယ်။
မြောက်ကိုရီးယားနဲ့ ရုရှားတို့ကတော့ လက်နက်ပေးပို့မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့လက ပြုံယမ်းမှာကျင်းပတဲ့ စစ်ရေးလက်နက်ပြပွဲမှာ ကင်မ်ဂျုံအန်းက ရုရှားကာကွယ်ရေးဝန်ကြီးကို နျူကလီးယားဒုံးကျည်များ၊ တိုက်ခိုက်ရေးဒရုန်းများ လိုက်လံပြသခဲ့ပါတယ်။
ကိုရီးယားကျွန်းဆွယ် တည်ငြိမ်ရေး၊ လုံခြုံရေးနဲ့ အရှေ့မြောက်အာရှတစ်ခုလုံးအတွက် နှစ်နိုင်ငံပြည်သူများရဲ့ သုခချမ်းသာအတွက် နယ်ပယ်ပေါင်းစုံမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေမယ်ဆိုတာ သေချာပေါက်ယုံကြည်ကြောင်း ပူတင်က ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယား၊ အမေရိကန်၊ ဂျပန်တို့မှ ခေါင်းဆောင်များက မြောက်ကိုရီးယား၊ ယူကရိန်း၊ အခြားကိစ္စများနဲ့ ပတ်သက်ပြီး လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေးများအကြောင်း ဩဂုတ် ၁၈ ရက်နေ့မှာ ဆွေးနွေးသွားရန် စီစဉ်ထားပါတယ်။
#World_Politics #ကင်မ်ဂျုံအန်းနှင့်ပူတင် #နှစ်နိုင်ငံဆက်ဆံရေးမဟာဗျူဟာ
Source: CNA
#Local_News
Published_ 15 August 2023
သံလွင်မြစ်နှင့်ချင်းတွင်းမြစ်ရေများကြီးနေဦးမည်ဖြစ်၍ဘားအံမြို့နှင့်ဟုမ္မလင်းမြို့နေထိုင်သူများအထူး သတိပြုနေထိုင်ကြရန်လိုအပ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ဩဂုတ်လ၁၄ရက်တိုင်းတာချက်များအရ သံလွင်မြစ်သည် ဘားအံမြို့တွင် စိုးရိမ်ရေအမှတ်အထက်(၂)ပေခွဲ ခန့်ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း (၁)ပေခန့်ကျဆင်းလာနိုင်ကာ ယင်းမြို့၏စိုးရိမ်ရေအမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်ဟုဆိုသည်။
ချင်းတွင်းမြစ်သည် ဟုမ္မလင်းမြို့တွင် စိုးရိမ်ရေအမှတ်အထက်(၁)ပေခွဲ ခန့်ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ပေဝက်ခန့်ကျဆင်းလာနိုင်ကာ ယင်းမြို့၏စိုးရိမ်ရေအမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်ဟုဆိုသည်။
စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် စိုးရိမ်ရေအမှတ်ပေဝက်ခန့်ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း (၁)ပေခန့်ကျဆင်းလာနိုင်ကာ ယင်းမြို့၏စိုးရိမ်ရေအမှတ်အောက်သို့ ပြန်လည်ကျဆင်း ရန်ရှိကြောင်းသိရသည်။
#tthl #Local_News #သံလွင်မြစ် #ချင်းတွင်းမြစ်ရေကြီး
#Yangon_Times
#Local_News
Published_ 15 August 2023
မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် ဝန်ထမ်းများကလက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ဩဂုတ် ၁၄ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့ပါတယ်။
ဦးစွာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်က မြန်မာအီလက် ထရောနစ်မဲပေးစက်(MEVM)နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီးနောက် ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူက Myanmar Electronic Voting Machine (MEVM) စမ်းသပ်တည်ဆောက်ထားရှိမှုနှင့်ပတ်သက်၍ ထိန်းချုပ်စက် (Control Unit) ၊ ဆန္ဒပြုစက် (Ballot Unit) ၊ ဆန္ဒပြုချက် မှန်ကန်မှု ရှိ/မရှိ ပြသသောစက် (Verification Unit) ၊ မဲပုံးနှင့်ဘက်ထရီများ ဖွဲစည်းတည်ဆောက်ထားရှိမှု၊ ထည့်သွင်းအသုံးပြုထားသည့် စက်များနှင့် အသုံးပြုရခြင်း ရည်ရွယ်ချက်များ၊ မဲပေးစက်မှ မဲရလဒ်များ ထုတ်ယူ ရေတွက်ခြင်း၊ မဲပေးစက်ကို ထုပ်ပိုးသိမ်းဆည်းခြင်းနှင့် မဲပေးစက်၏ လုံခြုံစိတ်ချရမှုများကို ရှင်းလင်းခဲ့ပါတယ်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး နစကအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့က မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်း၍ ဖြည့်စွက်အကြံပြုဆွေးနွေးခဲ့ပါတယ်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြတဲ့ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်း ၈၆ ဦးတို့က မြန်မာအီလက်ထရောနစ်မဲပေးစက်အား လေ့လာကြည့်ရှုပြီး လက်တွေ့အသုံးပြု၍ စမ်းသပ်မဲပေးခြင်း ဆောင်ရွက်ကြပါတယ်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများသည် စက်မှုဝန်ကြီးဌာနသို့ သွားရောက်ပြီး မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ခဲ့ရာ အဆိုပါဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း ၈၅ ဦး တက်ရောက်၍ လက်တွေ့မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါတယ်။


#ygm_mnn #Local_News #မြန်မာအီလက်ထရောနစ် #လက်တွေ့သရုပ်ပြ
#Yangon_Media_Group
#World_Health
Published 15 August 2023
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)က ဆိုဒီယမ်လျှော့ချသုံးစွဲရန် ပထမဆုံးအကြိမ် တင်ပြခဲ့ကာ ဆိုဒီယမ်အလွန်အကျွံ စားသုံးမိခြင်းသည် တစ်ကမ္ဘာတဝှမ်းမှာ ရောဂါဖြစ်ခြင်းနဲ့ အသက်သေဆုံးခြင်းတို့ရဲ့ အဓိကတရားခံ ဖြစ်နေပါတယ်။
ဆိုဒီယမ်ဟာ ခန္ဓာကိုယ်အတွက် အရေးပါဆုံး ဓာတ်တွေထဲက တစ်ခုဖြစ်သလို အလွန်အကျွံစားသုံးမိပါက နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ အရွယ်မတိုင်ခင် သေဆုံးခြင်းတို့ ဖြစ်နိုင်ချေများပါတယ်။
ဆားမှာ ဆိုဒီယမ်အများအပြား ပါဝင်ပြီး အနည်းငယ်စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူး ရရှိစေနိုင်ပါတယ်။
ဆားအလွန်အကျွံစားခြင်းကြောင့် သွေးပေါင်ချိန်တိုးစေနိုင်ပြီး နှလုံးသွေးကြောပြဿနာများ ဖြစ်နိုင်ချေ များစေကြောင်း နာဗီမွမ်ဘိုင်း မက်ဒီကာဗာဆေးရုံမှ နှလုံးသိပ္ပံညွှန်ကြားရေးမှူး ဒေါက်တာ'ဘရာဂျက်ရှ်ကူမာကွန်မာ'က ပြောကြားခဲ့ပါတယ်။
- ဆိုဒီယမ်အမြောက်အများပါဝင်တဲ့ အဆင့်ဆင့်ထုပ်ပိုးစားစရာများ ရှောင်ရှားသင့်ပါတယ်။
- ထမင်းစားစားပွဲမှ ဆားနဲ့ အငန်ဓာတ်ပါတဲ့ အချဉ်ရည်များ ဖယ်ရှားသင့်ပါတယ်။
- အရသာအတွက် ဆားအသုံးပြုမယ့်အစား ဟင်းခတ်အမွှေးအကြိုင်များ၊ ဆေးရွက်ပင်များ၊ ကြက်သွန်ဖြူ၊ ရှောက်သီးတို့ကို အသုံးပြုသင့်ပါတယ်။
- အငန်ဓာတ်ပါတဲ့ အာလူးကြော်များ၊ ခရက်ကာများစတဲ့ မုန့်များ မစားသုံးသင့်ပါ။
- စားစရာဝယ်ယူတဲ့အခါ ဆိုဒီယမ်ပါဝင်မှု ပမာဏကို သေချာဖတ်ရှုစစ်ဆေးသင့်ပါတယ်။
ဆိုဒီယမ်မပါတဲ့ စားစရာဖြစ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက DASH လို့ခေါ်တဲ့ သွေးတိုးကင်းဝေးစေရန် စားစရာနည်းလမ်းပဲ ဖြစ်ပါတယ်။
ထိုစားသောက်ပုံစံက ဆိုဒီယမ်နည်းပါးခြင်း၊ မဂ္ဂနီဆီယမ် ပိုတက်ဆီယမ် မြင့်မားခြင်း၊ ပြည့်ဝဆီနည်းပါးခြင်းတို့ ပါဝင်ကာ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ အသီးအနှံ၊ အဆီနည်းတဲ့နို့တို့မှာ ကြွယ်ဝစွာပါဝင်ပါတယ်။
ဆိုဒီယမ်စားသုံးမှုကန့်သတ်ချက်က တစ်နေ့ကို လက်ဖက်ရည်ဇွန်း ၁ ဇွန်း ၂,၃၀၀ မီလီဂရမ်အောက်သာ ရှိသင့်ပါတယ်။
ဒါကြောင့် ဆားစားသုံးမှု ရှောင်ရှားနိုင်ရန်အတွက် ဟမ်ဘာဂါ၊ ပီဇာ၊ အာလူးကြော်တို့လို အသင့်စား စားစရာများလျှော့ချစားသုံးခြင်း၊ အသင့်ထုပ်ပိုးပြီးသော စားစရာများ ရှောင်ရှားခြင်း၊ အချဉ်ရည် ဆော့စ်များရှောင်ရှားခြင်းတို့ ပြုလုပ်သင့်ပါတယ်။
Source: India Today
#World_Health #နှလုံးကျန်းမာရေး #ဆားအလွန်အကျွံစားသုံးခြင်း
#Local_sport
Published_ 15 August 2023
- ပီအက်စ်ဂျီတိုက်စစ်မှူးနေမာသည် ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းသို့ပြောင်းရွှေ့ရန် ပုဂ္ဂိုလ်ရေး အချက်အလက်များသဘောတူညီမှုရရှိခဲ့သည်ဟုသိရသည်။
- အသက်၂၈နှစ်ရှိ ချယ်လ်ဆီး ရိုးသား ကီပါသည် ရီးရဲမက်ဒရစ်အသင်းသို့တစ်ရာသီအငှားစာချုပ်ဖြင့်ပြောင်းရွှေ့သွားပြီဖြစ်သည်။
- အာဆင်နယ်အသင်းက ပစ်မှတ်ထားခဲ့သောနာပိုလီတိုက်စစ်မှူး အိုဆီမင်သည် နာပိုလီနှင့် ၂၀၂၆ ခုနှစ်အထိသက်တမ်းရှိသောစာချုပ်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
- ပြီးခဲ့သည့်ရာသီက ချယ်လ်ဆီးအသင်းကြုံတွေ့ခဲ့သော ခက်ခဲ့သည့်ကာလများ ကျော်လွန်သွားခဲ့ပြီဖြစ်ကြောင်း ချယ်လ်ဆီးနည်းပြပိုချက်တီနိုကကြုံးဝါးပြောဆိုခဲ့သည်။
-လီဗာပူးလ်အသင်း ပရိသတ်များက ကွင်းလယ်လူ လာဗီယာ အား ပေါင်သန်း ၆၀ ပေး၍ခေါ်ယူခဲ့ရခြင်းအပေါ် စိတ်ပျက်နေသော်လည်း ကစားသမားမှာ ကောင်းမွန်သောခြေစွမ်းပြသနိုင်မည်ဟု ယုံကြည်နေကြသည်။
- တိုက်စစ်မှူးသစ်ဟွိုက်လန်း ဒဏ်ရာမှ ပြန်ကောင်းလာစေရန် အလျင်စလို လုပ်ဆောင်သွားမည် မဟုတ်ကြောင်း နှင့် ၎င်း၏ အနာဂတ် အပေါ်စိတ်လှုပ်ရှားကျေနပ်မိကြောင်းမန်ယူနည်းပြ တန်ဟက်က ဖွင့်ဟခဲ့သည်။
-ဆော်ဒီကလပ်များနှင့် ကောလာဟလများ ထွက်ပေါ်နေသော်လည်း နောက်ခံလူအဲရစ်ဒိုင်ယာမှာမိမိ၏ အနာဂတ်အစီအစဉ်များထဲတွင်ပါဝင်နေဆဲဖြစ်ကြောင်း စပါးနည်းပြပိုစတီကို ဂလူးက ပြောကြားခဲ့သည်။
- ဂီတာဖေးနှင့် ဘာစီလိုနာပွဲစဉ်ကိုကိုင်တွယ်ခဲ့သောဒိုင်များ၏စွမ်းဆောင်ရည်မှာ ရှက်ဖွယ်လိလိ ဖြစ်ကြောင်း ဘာစီလိုနာနည်း ပြဇာဗီက ပြစ်တင်ဝေဖန်ခဲ့သည်။
-အက်စတွန်ဗီလာ နောက်ခံလူ တိုင်ရွန်းမင်းစ်သည် နယူးကာဆယ် နင့်ပွဲစဉ်တွင် ရရှိခဲ့သောဒူးဒဏ်ရာခွဲစိတ်ကုသရမည်ဖြစ်သဖြင့် ကာလရှည်အနားယူရတော့မည်ဖြစ်သည်။
-ဘိုင်ယန်မြူးနစ်အသင်းသည်ဆီဗီက ဂိုးသမား ဘောင်နူးအား ခေါ်ယူရန်ဆန္ဒရှိသော်လည်း ပြောင်းရွှေ့ကြေးမြင့်မားစွာပေးလိုခြင်းမရှိဟု သိရသည်။
#Yangon_Times

#Local_sport #ကမ္ဘာ့ဘောလုံးထူးခြားသတင်းများ
#World_Health
Published 15 August 2023
လူတွေဟာ အသက်အရွယ် ကြီးလာတာနဲ့ ပိုပြီး အထီးကျန်ဆန်လာကာ အဆက်အသွယ် ပြတ်လာကြပါတယ်။
အထူးသဖြင့် ကိုဗစ်ကာလနဲ့ ဆိုရှယ်မီဒီယာ အလွန်အကျွန် အသုံးပြုလာကြခြင်းကြောင့် ပိုပြီးအထီးကျန်လာကြပါတယ်။
တစ်ယောက်တည်း အထီးကျန်ဆန်လာရတဲ့ ပြဿနာက ပြည်သူ့ကျန်းမာရေးအတွက် စိုးရိမ်စရာဖြစ်လာကြောင်း အမေရိကန်အထွေထွေခွဲစိတ်ရေးရုံးက ဖော်ပြလိုက်ပါတယ်။
အထီးကျန်ဆန်တာနဲ့ တစ်ယောက်တည်းဖြစ်နေရခြင်းတို့ကြား ကွဲပြားခြားနားတာကို နားလည်ထားရပါမယ်။
အထီးကျန်ဆန်ခြင်းဆိုတာက မိမိမျှော်မှန်းသလောက် လူမှုပေါင်းသင်းရေး မရှိတာကြောင့် ဝမ်းနည်းပူဆွေးရခြင်း ဖြစ်ပါတယ်။
နောက်တစ်မျိုးကတော့ ဘယ်သူမှ အနားမှာ မရှိဘဲ တစ်ယောက်တည်းဖြစ်နေခြင်း ဖြစ်ပါတယ်။
လူမှုအထီးကျန်ခြင်း မဖြစ်စေရန်အတွက် အထီးကျန်ခြင်းမခံစားရဖို့က အဓိကဖြစ်ပါတယ်။
လူမှုပေါင်းသင်းရေးမှာ ဆက်ဆံရေးပြတ်တောက်တဲ့အခါ စိုးရိမ်ကြောင့်ကြခြင်း၊ စိတ်ကျခြင်း၊ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ဒီမန်ရှာတို့အပြင် တစ်ခုခုမှားယွင်းစွာ အသုံးပြုခြင်း၊ အရွယ်မတိုင်ခင် အသက်ဆုံးရှုံးခြင်း၊ အခြားပြဿနာများလည်း ဖြစ်နိုင်ချေများပါတယ်။
ဒါ့အပြင် သက်ကြီးရွယ်အိုတွေမှာ ချစ်ရသူဆုံးရှုံးခြင်း၊ အလုပ်အကိုင်ဆုံးရှုံးခြင်း၊ အငြိမ်းစားယူခြင်း စတဲ့ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
ပေါင်းသင်းဆက်ဆံခြင်းဖြင့် စိတ်ဖိစီးမှုကိုလျော့ကျစေပြီး ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတို့ ကောင်းမွန်စေကာ ပျော်ရွှင်ချမ်းသာရမှာ ဖြစ်ပါတယ်။
အချိန်နဲ့ ကြိုးစားအားထုတ်မှုကို ရင်းနှီးမြှုပ်နှံပြီး ဆက်ဆံရေးကို ပြုစုပျိုးထောင်ရပါမယ်။
တစ်ဦးတစ်ယောက်နဲ့ အချိန်ကောင်းကောင်း ရစေရန် နည်းလမ်းရှာဖွေရပါမယ်။
ဆိုရှယ်မီဒီယာ အလွန်အကျွံသုံးတာက အထီးကျန်စေနိုင်တာကြောင့် ဖုန်းကိုချထားပြီး မျက်နှာကြည့်စကားပြောပါ။
ကိုယ့်ထက် ဘဝမှာ ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရသူတွေနဲ့ ဆက်ဆံပြီး သူတို့ရဲ့အကြောင်းတွေကို နားထောင်ကြည့်ခြင်းဖြင့် မှတ်သားစရာတွေ ရရှိလာနိုင်ပါတယ်။
လူမှုပေါင်းသင်းရေး ရရှိဖို့ ခက်ခဲနေရတယ်ဆိုရင်တော့ စိတ်ကျန်းမာရေးဆရာဝန်နဲ့ ပြသသင့်ပါပြီ။
#World_Health #မိတ်ဖွဲ့ပေါင်းသင်းခြင်း #ကျန်းမာရေးပြဿနာ
Source: The Jerusalem Post
#Yangon_Times
Page 1051 of 1940