#Local_News
Published- 21 December 2023


မြိတ်မြို့တွင် အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့် စက်မှုဇုန်စီမံကိန်းဖော်ဆောင်နိုင်ပါက ဒေသရေထွက်ကုန်များ နိုင်ငံတကာဈေးကွက်ထံ ထိုးဖောက်ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

 

ဒီဇင်ဘာ၂၀ ရက်က တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စီမံကိန်းအကောင်အထည်ဖော်မည့် မြိတ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့အကြား ဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိ လေ့လာဆန်းစစ် ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

 

တိုင်းဒေသကြီးဝန်ကြီးချုပ်က မြေဧရိယာ ၇၃၈.၁၉ ဧကအပေါ်တွင် စီမံကိန်းဆောင်ရွက်ခွင့်ပြုရန် မြိတ်ကော်ပိုရေးရှင်းဘက်မှတင်ပြလာမှုအပေါ် တိုင်းအစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရရုံးထံ တင်ပြခဲ့ရာမှ သဘောတူကြောင်း အကြောင်းပြန်ခဲ့‌ကြောင်းပြောသည်။

 

ထို့အပြင် မြိတ်မြို့ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့် စက်မှုဇုန်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါက ဒေသရေထွက်ကုန်များ နိုင်ငံတကာဈေးကွက်ထံ ထိုးဖောက်ဝင်ရောက်နိုင်မည့် အခြေအနေ တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်းသိရသည်။

 

အဆိုပါ စီမံကိန်းပထမဆင့်ဖြစ်သည့် ငါးလေလံဈေး တည်ဆောက်ရေးအတွက် ကန်ဒေါ်လာသန်း ၁၅၀ ခန့် ရင်းနှီးမြှုပ်နှံပြီး ဆိပ်ကမ်းအာဏာပိုင်မြေပေါ်တွင် အကောင်အထည်ဖော်ရန် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ သွားရောက်ခဲ့တဲ့ မြိတ်ခရီးစဉ်အတွင်း နစကဥက္ကဌမှ မြေနေရာသတ်မှတ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

၄အပြင် ကျန်ရှိသည့် စက်မှုဇုန်စီမံကိန်းအတွင်း၌ စက်မှုဇုန်၊ အိမ်ရာ စသည့် အခြေခံအဆောက်အအုံများ ပါဝင်လာမည် ဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများ ဆောက်ရွက်ရန် မြေဧက ၂၀၀၀ ခန့် လိုအပ်ကြောင်း သိရသည်။

 

#Local_News #စက်မှုဇုန်စီမံကိန်းဖော်ဆောင်နိုင် #ငါးလေလံဈေး #YMG/NN #Yangon_Times