#Local_News
Published-21 December 2023


ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၊ ကမ်းနားလမ်းတွင် နေအိမ်တိုက်ခန်း တစ်ခန်း မီးလောင်မှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။

 

တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၊ ကမ်းနားလမ်း၊ ဈေးလမ်းတွင် ဒီဇင်ဘာ (၂၁)ရက်၊ နေ့လည် (၁၂)နာရီခွဲခန့် အချိန်က နေအိမ်တိုက်ခန်း တစ်ခန်း မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ တာမွေမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးနှင့် မင်္ဂလာတောင်ညွန့်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတိုဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နေ့လည် (၁၂)နာရီ (၃၈)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နေ့လည် (၁၂)နာရီ (၃၉)မိနစ်အချိန် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခန်း မီးလောင်မှုကြောင့် လူ/တိရိစ္ဆာန် ထိခိုက်မှု တစ်စုံတစ်ရာမရှိကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်၍ မီးသတ်တပ်ဖွဲ့မှ လိုအပ်သည်များ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #တိုက်ခန်းမီးလောင်မှုဖြစ်ပွား #YMG/ NN #Yangon_Times