#Local_News
Published_ 1 April 2023
ယခုလပိုင်းအတွင်း မြန်မာနိုင်ငံကိုထိုင်းခရီးသွားဝင်ရောက်မှုအနည်းငယ်ကျသွားပြီး တရုတ်ခရီးသွားတွေဝင်ရောက်မှုအများဆုံးဖြစ်လာတယ်လို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှသိရပါတယ်၊၊
# မြန်မာနိုင်ငံကိုတရုတ်ခရီးသွားများ #ဝင်ရောက်မှုအများဆုံးဖြစ်လာ
#YMG#Yangon_Media_Group
#Local_News
Published-1 April 2023
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့ နယ်အတွင်း သံကူကွန်ကရစ်ချောင်းကူးတံတား ၂ စင်း မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခံခဲ့ရ ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
မတ်လ ၃၁ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်က သံကူကွန်ကရစ်အမျိုးအစားတံတားများ ဖြစ်သော ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ ၊ ဘုရားလဟာကျေးရွာရှိ အလျား ၄၀ ပေ၊ အနံ ၂ဝ ပေရှိ မဂျမ်းရိုးတံတား ဒေသအခေါ် တူးမြောင်းတံတား နှင့် အလျား ၈၀ ပေ၊ အနံ ၂၀ ပေရှိ သစ်ပတ်ချောင်းတံတား တို့ မိုင်းထောင်ဖောက်ခွဲခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
မိုင်းပေါက်ကွဲမှုကြောင့် မဂျမ်းရိုးတံတား ဒေသအခေါ် တူးမြောင်းတံတားမှာ အနည်းငယ်ပျက်စီးခဲ့ပြီး သစ်ပတ် ချောင်းတံတားမှာ ပျက်စီးမှုကြောင့် ယာဉ် များဖြတ်သန်းသွားလာ၍ မရကြောင်း၊ယခုအခါ အဆိုပါ ပြစ်မှုကို ကျူးလွန်သူများအား ဖမ်းမိရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ymg/mt
#ဖြူးမြို့နယ် #သံကူကွန်ကရစ်ချောင်းကူးတံတား #ဖောက်ခွဲဖျက်ဆီး
#YMG #Yangon_Media_Group
#World_Industry
Published_ 1 April 2023
မာလီနိုင်ငံ ဘာမာကိုအနီးရှိသမဝါယမတစ်ခုမှာ နိုင်ယာဂေးလ်ကာမာရာက လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ အစေ့အဆန်များကို ဆုံထဲထည့်ပြီး တန်ဖိုးကြီးဟင်းရွက်ဆီရှဲထောပတ်ရအောင် လုပ်ကိုင်နေကြပါတယ်။
#ရှဲထောပတ်ဆီထုတ်လုပ်ရောင်းချ #မာလီအမျိုးသမီးများ #အလုပ်အကိုင်ရရှိလာ
#YMG#Yangon_Media_Group
#Health_Matters
Published_ 1 April 2023
- မြို့ပြလူသားတွေ ပူပြင်းတဲ့နွေအပူအောက်မှာ အန္တရာယ်မရှိအောင်ဘယ်လိုနေထိုင်သင့်ပါသလဲ??
#Dr.KML #Health_Matters #မြို့ပြအပူ #မြို့ပြလူသား
#YMG #Yangon_Media_Group
#Local_News
Published_ 1 April 2023
ဧပြီလ ၁ရက်နေ့ ပြင်ပရွှေပေါက်ဈေးဟာ ၂၉သိန်း၃သောင်းဝန်းကျင်ပေါက်ဈေးရှိနေပြီး ရန်ကုန်ရွှေအသင်းကတော့ အကယ်ဒမီ အခေါက်ရွှေ ၂၃သိန်း၁သောင်း ရည်ညွှန်းသတ်မှတ်ထားပါတယ်။
# ကမ္ဘာ့ရွှေပေါက်ဈေး#ပြင်ပရွှေပေါက်ဈေး
#YMG#Yangon_Media_Group
#Health_Matters
Published_ 1 April 2023
- မြို့ပြအပူက မြို့ပြလူသားတွေရဲ့ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုဘယ်လောက်ရှိပါသလဲ??
#Dr.KML #Health_Matters #မြို့ပြအပူ #မြို့ပြလူသား
#YMG #Yangon_Media_Group
#Daily_News
Published 1 April 2023
၁။ကမ္ဘာ့ရွှေပေါက်ဈေး ၁၉၇၈ ရှိနေပြီး ပြင်ပရွှေပေါက်ဈေး ၂၉သိန်း ၃သောင်း ပေါက်ဈေးရှိနေ
၂။ယခုလပိုင်းအတွင်း မြန်မာနိုင်ငံကိုတရုတ်ခရီးသွားများဝင်ရောက်မှုအများဆုံးဖြစ်လာ
၃။ ပို့ကုန်ရငွေ မူဝါဒအသစ်ကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ ဆန်နှင့်ဆန်ကွဲတင်ပိုမှု လျော့ကျလာ
၄။ရှဲထောပတ်ဆီထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းခွင်ကြောင့် မာလီအမျိုးသမီးများအလုပ်အကိုင်ရရှိလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Health_Matters
Published_ 1 April 2023
- မြို့ပြတွေဟာ ကျေးလက်တွေထက် ပိုပူပါသလား။ မြို့ပြအပူတွေဟာ လေထုညစ်ညမ်းမှု၊ မြို့ပြချဲ့ထွင်မှုတွေကြောင့် သစ်ပင်သစ်ရိပ်ရှားပါးလာမှုတွေနှင့် ဘယ်လောက်အထိဆက်စပ်ပါသလဲ??
#Dr.KML #Health_Matters #မြို့ပြအပူ #မြို့ပြလူသား
#YMG #Yangon_Media_Group
#Local_News
Published_ 1 April 2023
ရှမ်းပြည်နယ်၊တာချီလိတ်မြို့နယ် တော်ကော့တွင်း(အောင်ပင်လင်)ရပ်ကွက်တွင် မတ်လ ၃၁ ရက်နေ့ညနေ ၄နာရီကျော် ခန့် ဦးခေါင်းတွင်ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးသေဆုံးနေကြောင်း ဦးလှမိုး (တာချီလိတ်)လူမူကူညီရေးအသင်း မှသိရသည်။
တာချီလိတ်မြို့နာ် တော်ကော့တွင်း(အောင်ပင်လင်)ရပ်ကွက်ရှိမြေကွက်လပ်တစ်ခု၌ ဒဏ်ရာများဖြင့်သေဆုံးနေသည့်အမျိုးသားအလောင်းတွေရှိရသည့်အတွက်ရပ်ကွက်နေပြည်သူများကဆက်သွယ်အကြောင်းခဲ့ကြောင်းသိရသည်။
အဆိုပါသေဆုံးသူအမျိုးသားမှာအသက်(၅၀)ခန့်ရှိပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါအမျိုးသားတစ်ဦးသေဆုံးမူနှင့်ပတ်သပ်ပြီး သက်ဆိုင်ရာအာဏာပိုင်များစစ်ဆေးဆောင်ရွက်နေပြီး ရုပ်အလောင်းကို တာချီလိတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ဦးလှမိုး တာချီလိတ်ပရဟိတအသင်းမှသိရသည်။
ymg/ynzw
#တာချီလိတ် #ဦးခေါင်းဒဏ်ရာ #အမျိုးသားအလောင်း
#YMG #Yangon_Media_Group
#Local_News
Published_ 1 April 2023
ရခိုင်ပြည်နယ် စစ်တွေမြို့ ကျက်သရေဆောင် လောကာနန္ဒာစေတီတော်မြတ်ကြီးအား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို မတ်လ ၃၁ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တွဲဖက်အကျိုးတော်ဆောင်၊ မင်းပြားမြို့ ပရိယတ္တိဓမ္မိကာရာမစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဣန္ဒာစရိယ မင်းပြားဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဝတ်အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက စေတီတော်လိုဏ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်နှင့် ပန်း၊ ရေချမ်း၊ ဆီမီး တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း၊ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ဘုရားဒါယကာ၊ ဒါယိကာမများက ရတနတ္တ ပူဇာဂါထာတော်နှင့် သဗ္ဗသင်္ဂါဟက မေတ္တာပို့လင်္ကာတို့ကို ရွတ်ဆိုပွားများပူဇော်ကြကြောင်း သိရသည်။
အဆိုပါ ရခိုင်ပြည်နယ် စစ်တွေမြို့ ကျက်သရေဆောင် လောကာနန္ဒာစေတီတော်မြတ်ကြီးသည် စစ်တွေမြို့ ရဲနွယ်စုရပ်ကွက်မေယုလမ်းနှင့် သတ္တုဌာနလမ်းဆုံ၌ တင့်တယ်သပ္ပာယ်စွာ တည်ရှိလျက်ရှိပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအမှူးပြုသည့် စေတနာရှင်အလှူရှင်များက ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်မှစ၍ တည်ထားကိုးကွယ်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ကာ ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် ရွှေထီးတော်တင် မဟာမင်္ဂလာအခမ်းအနားနှင့် မတ် ၂ ရက်တွင် စေတီတော်ကြီး အနေကဇာတင်အခမ်းအနားတို့ကို ကျင်းပပြုလုပ်ပြီးစီးခဲ့ကြောင်း သိရသည်။
“လောကာနန္ဒာ” ဟူသည့် အဓိပ္ပာယ်မှာ လူ့လောက၊ နတ်လောက၊ ဗြဟ္မာလောကတို့၏ ကိုးကွယ်ဆည်းကပ်ပူဇော်ရာဟူ၍ အဓိပ္ပာယ်ရကြောင်းနှင့် စေတီတော်ကြီးမှာ ဉာဏ်တော်အမြင့် ၁၀၈ တောင်၊ ပေအားဖြင့် ၁၆၂ ပေ၊ အချင်း ၂၃၂ ပေ၊ ရင်ပြင်တော်အကျယ် ၄၅၉ ပေ ရှိပြီး အရံစေတီတော်ရှစ်ဆူရှိကြောင်း၊ စေတီတော်၏ မုခ်ပေါက်လေးဘက်ကို ရှေးဟောင်းရခိုင်လက်ရာပုံစံများနှင့် ကျောက်ကို ထွင်းဆစ်ပြုလုပ်ထားပြီး အတွင်းနံရံလေးဘက်တွင် ဗုဒ္ဓမြတ်စွာဘုရား၏ ဖြစ်တော်စဉ် ၅၅၀ ဇာတ်နိပါတ်တော်များကို မြန်မာမှုပန်းတမော့လက်ရာ ရုပ်လုံး၊ ရုပ်ကြွများဖြင့် ကျောက်ဆစ်အနုလက်ရာ ပြောင်မြောက်စွာ ထွင်းထုထားရှိကြောင်း သိရသည်။
လိုဏ်ဂူတော်အတွင်းတွင် အရပ်လေးမျက်နှာသို့ မျက်နှာမူနေသည့် ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊ ဂေါတမဘုရားရှင်တို့၏ ကြေးသွန်းဆင်းတုတော်လေးဆူမှာ ရခိုင်ရှေးခေတ်လက်ရာပုံစံ များဖြင့်ထုဆစ်ထားသည့် ကျောက်သားပလ္လင်များပေါ်တွင် သပ္ပာယ်စွာ ကိန်းဝပ်စံပယ်တော်မူလျက်ရှိကြောင်း၊ စေတီတော်ကြီးကို နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ စေတနာရှင်အလှူရှင်များက ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံထိန်းသိမ်းခဲ့ကြကြောင်း၊ ယခုအခါတွင်လည်း စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမှူးပြုသည့် ခုနစ်ရက်သားသမီး စေတနာရှင်အလှူရှင်များစုပေါင်း၍ စေတီတော်ကြီးအတွင်းလိုဏ်အပါအဝင် ဘက်စုံပြုပြင် မွမ်းမံခဲ့ကြခြင်းဖြစ်ကြောင်းနှင့် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ymg/mt
#စစ်တွေမြို့ #လောကာနန္ဒာစေတီတော်မြတ်ကြီး #ငှက်မြတ်နားတော်တင်လှူပူဇော် #YMG #Yangon_Media_Group
#Local_News
Published_ 1 April 2023
မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် ဘုန်းကြီးကျောင်းဓမ္မာရုံရေစက်ချပွဲမှ ပြန်လာသည့်ကား မိုင်းခွဲခံရ၍ တစ်ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
မတ်လ ၃၁ ရက်က လျှော်ဖြူကျေးရွာ၏ အနောက်မြောက်ဘက်မီတာ ၈၀၀ ခန့်အကွာ နွားထိုးကြီး-မြင်းခြံသွား ကားလမ်းဝဲဘက် ၁၅ ပေခန့်အကွာ၌ လက်လုပ်အဝေးထိန်းမိုင်း တစ်လုံးပေါက်ကွဲခဲ့မှုကြောင့် အရပ်သားတစ်ဦးဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။
နွားထိုးကြီးမြို့နယ် ဝက်လူးကျေးရွာ၌ ဘုန်းကြီးကျောင်းဓမ္မာရုံရေစက်ချပွဲမှ မင်းဘူးမြို့သို့ ပြန်လည်မောင်းနှင်လာသော ဂီတစက်ဝိုင်းတေးဂီတအဖွဲ့သား ၁၀ ဦး လိုက်ပါလာသည့် Super Custom အမျိုးအစားယာဉ်သည် လျှော်ဖြူကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၈၀၀ ခန့် အကွာသို့ရောက်ရှိချိန် လက်လုပ်အဝေးထိန်းမိုင်းတစ်လုံး ပေါက်ကွဲခဲ့သဖြင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက်နေ ဒေါ်ဇွန်ဇင်ဇင်ထွန်းတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ယင်းကြောင့် ဒဏ်ရာရသူအား နွားထိုးကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင် ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။
ymg/mt
#ဘုန်းကြီးကျောင်း #ဓမ္မာရုံရေစက်ချပွဲ #မိုင်းခွဲခံရ
#YMG #Yangon_Media_Group
Published 1 April 2023
မြန်မာနိုင်ငံတွင် ပညာရေးတွင် လူဦးရေ၏ ၆၀ ရာခိုင်နှုန်းခန့်သည် ပဉ္စမတန်းအောက်သာရှိသည့်အတွက် နိုင်ငံအတွက်အန္တရာယ်ရှိသည့် အနေအထားဖြစ်တယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားပါတယ်။
ရခိုင်ပြည်နယ်ကိုရောက်ရှိနေတဲ့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မတ်လ ၃၁ရက် မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အဲဒါကြောင့် နစက အနေဖြင့် တစ်နိုင်ငံလုံး၏ ပညာရေးကဏ္ဍမြှင့်တင်နိုင်ရေးအတွက် KG + 9 အထိ မသင်မနေရစနစ်ဖြင့် သင်ကြားပေးလျက်ရှိတယ်လို့ ဗိုလ်ချူပ်မှူးကြီးက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း အခြေခံပညာတတ်မြောက်မှုနှင့် တန်းစဉ်ကူးပြောင်းမှုများလည်းနည်းပါးသည်ကို တွေ့ရှိရတဲ့အတွက် ပညာရေးမှာ ကွာဟချက်ကြီးမားနေတာကြောင့် ပညာရေးအားနည်းပါက အသိအမြင်နှင့် အတွေးအခေါ်များသည်လည်း အားနည်းလာမည်ဖြစ်ပြီး တစ်ဦးတစ်ယောက်ချင်းနှင့် ဒေသ၏ဖွံ့ဖြိုးတိုးတက်မှုကို အားနည်းစေမည်ဖြစ်တယ်လို့လည်း နစက ဥက္ကဋ္ဌကဆက်လက်ပြောဆိုပါတယ်။
ရခိုင်ပြည်နယ်သည် ကောင်းမွန်သည့် ရေခံမြေခံများကို ပိုင်ဆိုင်ထားပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုစေမှာဖြစ်တဲ့အတွက် လူသားအရင်းအမြစ်ကောင်းများ လိုအပ်နေတယ်လို့လည်း နစက ဥက္ကဋ္ဌကဆက်လက်ပြောဆိုပါတယ်။အဲဒါကြောင့် လူသားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် နည်းပညာအထက်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းနှင့် အဆိုပါ သင်တန်းကျောင်းများမှ အောင်မြင်ပြီးသူများအနေဖြင့် စိုက်ပျိုးရေးသိပ္ပံ၊ မွေးမြူရေးသိပ္ပံနှင့် နည်းပညာသိပ္ပံများသို့ ဆက်လက်တက်ရောက်နိုင်ပြီး ယင်းမှတစ်ဆင့် သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်များသို့ ဆက်လက်ပညာသင်ကြားနိုင်မည်ဖြစ်တယ်လို့လည်း သူကပြောဆိုတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါတွေ့ဆုံပွဲအတွင်းမှာ တာဝန်ရှိသူတွေက စစ်တွေကွန်ပျူတာ တက္ကသိုလ်၊ စစ်တွေနည်းပညာတက္ကသိုလ်တို့တွင် ကျောင်းသား၊ ကျောင်းသူအဆောင် လိုအပ်ချက်များကို ဖြည့်ဆည်းပေးစေလိုတဲ့ကိစ္စတွေကို နစက ဥက္ကဋ္ဌထံတင်ပြခဲ့ကြတယ်လို့သိရှိရပါတယ်။
-ymg/knl
#ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်
#နစကဥက္ကဋ္ဌစစ်တွေတွင်ပြည်နယ်အဆင့်တာဝန်ရှိသူများနှင့်တွေ့ဆုံ
#YAngonMediaGroup
Page 1054 of 1751