#Local_News
Published_ 18 February 2023
ရာသီအကူးအပြောင်းကာလဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးမှာ မိုးသည်းတာ၊ လေပြင်းတိုက်တာ၊ မိုးကြိုးပစ်တာ၊ မိုးသီးကြွေတာတွေ ဆက်ဖြစ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 18 February 2023
နောင်တစ်ချိန်မှာ YBS ယာဉ်တွေထဲမှာ လျှပ်စစ်ကားတွေပါဝင်လာအောင်ဆောင်ရွက်သွားဖို့ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC မှ သိရပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published_ 18 February 2023
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၁၂ မြို့နယ်တွင် လျှပ်စစ်မီး အချိန်ပိုင်းပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကော်ပိုရေးရှင်းကသိရသည်။
မနက်ဖြန် ဖေဖော်ဝါရီလ ၁၉ ရက် နံနက် ၉ နာရီမှ ၄ နာရီအထိ အင်းစိန်၊ရွှေပြည်သာ၊မရမ်းကုန်း ၊မြောက်ဥက္ကလာ၊ထောက်ကြန့် ၊မှော်ဘီ ၊လှည်းကူး၊ ဖောင်ကြီး ၊အင်းတိုင်၊ မင်္ဂလာဒုံ ၊ ဒါးပိန် ၊ရွှေလင်ပန်း မြို့နယ်တို့တွင် လျှပ်စစ်ဓာတ်အား ယာယီဖြတ်တောက်ထားမည်ဖြစ်ကြောင်း ယင်းက ထုတ်ပြန်ထားသည်။
ယာယီဖြတ်တောက်ရခြင်းမှာ 230 kv လှော်ကားပင်မဓာတ်အားပေးစက်ရုံတွင် တည်ဆောက်ပြီးစီးသွားသော တိုးချဲ့ ဓာတ်အားပို့လွှတ်စနစ်အသုံးပြုရန်အတွက် ဖြစ်ကြောင်းလည်း သိရသည်။
ymg/ynzw
#Yangon_Media_Group
#World_Climate
Published 18 February 2023
ကမ္ဘာ့အကြီးဆုံး ရေခဲပြင်စကိတ်ကွင်းဖြစ်ပြီး ယူနက်စ်ကိုအမွေအနှစ်နေရာလည်းဖြစ်တဲ့ ကနေဒါမှ အထင်ကရ ရစ်ဒေါတူးမြောင်းစကိတ်ကွင်းကြီးကို ဆယ်စုနှစ် ၅ ခုအတွင်းပထမဆုံးအကြိမ်အဖြစ် ယခုဆောင်းရာသီမှာ ဖွင့်လှစ်နိုင်ဖွယ်မရှိကြောင်း သိရပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 18 Feb 2023
- အဖြစ်ဆိုးတွေထပ်မဖြစ်အောင် အခုကတည်းကဘာတွေပြင်ဆင်ထားသင့်သလဲ??
#Yangon_Media_Group
#Local_News
Published_ 18 February 2023
ဖေဖော်ဝါရီလဒုတိယအပတ်တစ်ပတ်လုံး ရန်ကုန်ရွှေဈေးဟာ ဈေးဆက်တိုက်ကျဆင်းနေပေမယ့် အရောင်းအဝယ်မရှိဘဲ အေးဆက်နေတယ်လိုရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 18 Feb 2023
- အဲသလို သန္ဓေပြောင်းတာဟာ ဘယ်လောက်ကြောက်စရာကောင်းမလဲ ကိုဗစ်လိုဖြစ်လာနိုင်သလား ??
#Yangon_Media_Group
#DailyNews
Published_ 18 February 2023
၁။ ရန်ကုန်ရွှေဈေးဆက်တိုက်ကျဆင်းနေပြီး အရောင်းအဝယ်မရှိ
၂။ YBS ယာဉ်များတွင် လျှပ်စစ်ကားများပါဝင်လာအောင် ဆောင်ရွက်ရန်ရှိဟုဆို
၃။ လေပြင်းတိုက်ပြီး မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများဆက်ဖြစ်နိုင်
၄။ ရာသီဥတုဖောက်ပြန်မှုကြောင့် ကနေဒါမှကမ္ဘာ့အကြီးဆုံးစကိတ်ကွင်းကြီး ဖွင့်လှစ်ရန်အခက်အခဲရှိလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 18 Feb 2023
- ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်တွေက သန္ဓေပြောင်းလာနေပြီလို့ သတင်းအချို့မှာဖတ်ရပါတယ်။ အဲဒါဟုတ်ပါသလား??
#Yangon_Media_Group
#Local_News
Published-18 February 2023
ကျန်းမာရေးဝန်ကြီးဌာန ၊ အစားအသောက်နှင့်ဆေး ဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ စားသုံးရန်မသင့်သည့် အစားအသောက် ၃၇ မျိုးကို ဖေဖော်ဝါရီလ ၁၈ ရက်တွင် အသိပေးထုတ်ပြန်လိုက်သည်။
ယင်းအစားအသောက်များမှာ ရွှေအုပ်မက်မန်းယို၊ ကောင်းဟိန်းဇီးယို၊ ဘုရင်မ မက်မန်းသီး(အနီ) ရုပ်ပုံပါ မန်ကျည်းဖလိတ်ပြား၊ 123 တံဆိပ်သရက်ယို၊ Hong Yuan တံဆိပ်ဇီးသီးယို၊ MK တံဆိပ်မက်၊မန်းသီး(အနီ)၊ ASA(Kisses You)တံဆိပ် Heart Jelly ၊ LANTERN တံဆိပ်(ပုလင်း)Bubble Gum ၊ Fruity တံဆိပ်(ပလတ်စတစ်ခွက်)အချိုရည် တို့ဖြစ်ကြောင်း အသိပေးစာတွင် ဖော်ပြထားသည်။
ထို့အပြင် မမော် တံဆိပ်ဇယန်းလက်ဖက်အစို၊ ABC(rainbow) တံဆိပ်(ပလတ်စတစ်ပုလင်း)စတော်ဘယ်ရီအရသာအချိုရည်၊ ခြင်္သေ့မင်း တံဆိပ်ငရုတ်ဆီ၊ Lucky Tiger တံဆိပ်ငရုတ်ဆီ၊ Sun Light တံဆိပ်(ပလတ်စတစ်ပုလင်း)ကိုလာအရသာအချိုရည်၊ ဇယန်းရွှေတောင် တံဆိပ်ပဲကြီးလှော် Thailand စာသားပါ(ပလတ်စတစ်ပုလင်း)ယိုးဒယားငါးပိရည်၊ Thailand စာသားပါ (ပလတ်စတစ်အိတ်)ကြက်ကြောလုံး၊ TP Food တံဆိပ်ကြက်ကြောလုံး၊ City Food Squid တံဆိပ် ရေဘဝဲချောင်း၊ Thailand စာသားပါ(ပလတ်စတစ်အိတ်)ပုဇွန်လုံး၊ Shenglong တံဆိပ်ပုဇွန်လုံး၊တရုတ်စာသားပါ(ပလတ်စတစ်အိတ်)ပုဇွန်လုံးနှင့် Thailandစာသားပါ(ပလတ်စတစ်အိတ်) စသည့် အစားအသောက်များလည်း ပါဝင်သည်။
အဆိုပါ အစားအသောက် များကို တာရှည်စားသောက်မိပါက အစာအိမ်၊ အသည်း၊ ကျောက်ကပ်ပျက်စီးနိုင်ခြင်းနှင့်ကင်ဆာရောဂါဖြစ်ပွားစေနိုင်ကြောင်းလည်း အသိပေးထားသည်။
အစားအသောက်ထုတ်လုပ်၊ဖြန့်ဖြူး၊ ရောင်းချသူများအနေဖြင့်လည်း အစားအသောက်တွင် သုံးစွဲရန်ခွင့်မပြုသော ဆိုးဆေးများ၊ခွင့်မပြုတာရှည်ခံ ဓာတုပစ္စည်းများကို လုံးဝအသုံးမပြုရန်၊ ခွင့်ပြုအစားအသောက်ထပ်ဖြည့်ဓာတုပစ္စည်းများကို သတ်မှတ်ပမာဏအတွင်းသာ အသုံးပြုရန်တို့ကို လိုက်နာခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈(က)အရ အရေးယူခံရမည်ဟု အသိပေးထားသည်။
#ymg/mt
#Yangon _Media _Group
#Local_News
Published-18 February 2023
နိုင်ငံကျော်အဆိုတော် မီမီဝင်းဖေ၏ မွေးနေ့အထိမ်းအမှတ်အလှူအဖြစ် ဆေးဝါးကုသမှုခံ ယူနေသူလူနာများနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကျူးကျော်မိသားစုဝင်များအတွက် ခြုံ စောင်အထည်(၂၆၀) ကို လှူဒါန်းပေးခဲ့ကြောင်း ၎င်း၏လူမှုကွန်ယက်စာ မျက်နှာက သိရသည်။
ယင်းကို ဖေဖော်ဝါရီလ ၁၆ရက်က အဆိုတော်မီမီဝင်းဖေ ကိုယ်စားTeam –KG အနေဖြင့် သွားရောက်လှူဒါန်းပေးခဲ့ကြောင်းလည်း သိရသည်။
“နာမကျန်းဖြစ်သူများလည်း အမြန်ဆုံးသက်သာကျန်းမာကြပါ စေ” “နွေးထွေးလုံခြုံကြပါစေ”ဟုလည်း အဆိုတော်မီမီဝင်းဖေက ၎င်း၏လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဆု တောင်းပေးထားသည်။
ယင်းအပြင်Team –KG Ambulance Operations များတွင် စက်သုံးဆီဖြည့်တင်းရန်နှင့် လိုအပ်သည့်နေရာများတွင်အသုံးပြုနိုင်ရန် ငွေကျပ် ၃သိန်းလှူဒါန်းပေးခဲ့ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon Media Group
#Local_News
Published_ 18 February 2023
ရုရှားအစိုးရနှင့် ပိုမိုနီးကပ်စွာလက်တွဲလုပ်ဆောင်သွားမည်ဟုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကတိကဝတ်ပြုလိုက်သည်။
ဖေဖော်ဝါရီလ ၁၈ ရက်တွင် ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အဖြစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတ မစ္စတာဗလာဒီမာပူတင် ထံ ပေးပို့သည့်သဝဏ်လွှာတွင် ယင်းကအထက်ပါအတိုင်း ကတိကဝတ်ပြုလိုက်ခြင်းလည်း ဖြစ်သည်။
ယင်းသဝဏ်လွှာတွင်၂၀၂၃ ခုနှစ်သည် နှစ်နိုင်ငံဆက်ဆံရေးသမိုင်းမှတ်တိုင်တစ်ရပ်ကို အမှတ်ရဖော်ကျူးရန် အခါသမယတစ်ခုအဖြစ်သာမက နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်၍ အားသစ်လောင်းနိုင်မည့် အချိန်အခါတစ်ခုလည်း ဖြစ်ကြောင်း၊ ယခုတစ်နှစ်ပတ်လုံး နှစ်နိုင်ငံတွင် ကျင်းပရန်လျာထားသည့် အထိမ်းအမှတ်အခမ်းအနားများနှင့် လှုပ်ရှားမှုများက နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် လမ်းခင်းပေးမည်ဖြစ်၍နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေရန်နှင့် အာရှပစိဖိတ်ဒေသနှင့် ယင်းဒေသအပြင်ဘက် တည်ငြိမ်သာယာဝပြောရေးအတွက် အထောက်အကူဖြစ်စေမည့် ဘုံအကျိုးစီးပွားဖြစ်ထွန်းစေသည့် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုချဲ့ထွင်သွားရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရနှင့် ပိုမိုနီးကပ်စွာလက်တွဲလုပ်ဆောင်သွားမည့် ကတိကဝတ်ကိုလည်း ထပ်လောင်းအတည်ပြုခြင်းဖြစ်ကြောင်း ထည့်သွင်းရေးသားထားသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်းက ရုရှားနိုင်ငံသို့သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုကို နှစ်နိုင်ငံပြည်သူများ၏ ဘုံအကျိုးစီးပွားအတွက် ပိုမိုမြှင့်တင်သွားရန် သဘောတူခဲ့ကြပြီး များမကြာမီကာလအတွင်း စိန့်ပီတာစဘတ်မြို့နှင့် နိုဗိုစီဗစ်မြို့၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများ ဖွင့်လှစ်ခြင်းဖြင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းနှင့်ယဉ်ကျေးမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြင့်မားသည့် အဆင့်တစ်ခုသို့ မြှင့်တင်ဆောင်ရွက်နိုင်မည်ဟု အခိုင်အမာယုံကြည်ကြောင်းလည်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
ယင်းအပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတ မစ္စတာဗလာဒီမာပူတင်ထံ ၏ နစက ဥက္ကဌထံ ပေးပို့သည့် သဝဏ်လွှာတွင် ရုရှား-မြန်မာ ဆက်ဆံရေးသည် အမြင့်သို့တက်လှမ်းလျက်ရှိနေပြီး နိုင်ငံရေးအရ ထိတွေ့ဆက်ဆံမှုများနှင့် ကုန်သွယ်ရေး၊ စီးပွားရေး၊ တပ်မတော်ပိုင်း၊ နည်းပညာ၊ လူသားချင်းစာနာထောက်ထားမှုနှင့်အခြားနယ်ပယ်များတွင် အပြန်အလှန်အကျိုးဖြစ်ထွန်းစေသည့် ပူးပေါင်းဆောင်ရွက်မှုများတွင် သိသာထင်ရှားစွာ တိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ပါဝင်သည်။
စစ်မှန်သော သာတူညီမျှမှုနှင့် အပြည်ပြည်ဆိုင်ရာဥပဒေများကို အခြေခံသည့် တရားမျှတသော ဗဟုဝင်ရိုးကမ္ဘာ့အခင်းအကျင်းတစ်ရပ် တည်ဆောက်ရေးအတွက် ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် အတူတကွရပ်တည်လျက်ရှိကြောင်းနှင့်ပူးပေါင်းအားထုတ်မှုများဖြင့် နယ်ပယ်စုံတွင် အပြုသဘောဆောင်သော နှစ်နိုင်ငံထိတွေ့ဆက်ဆံမှုများကို ဆက်လက်တည်ဆောက်နိုင်မည်ဟုလည်းကောင်း၊ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကိုဖော်ဆောင်နိုင်ပြီး အာရှ-ပစိဖိတ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်ရေးတို့အတွက် အထောက်အကူဖြစ်စေမည်ဟုလည်းကောင်း ယုံကြည်ကြောင်းလည်း သမ္မတ မစ္စတာဗလာဒီမာပူတင်ထံမှ ပေးပို့သည့် သဝဏ်လွှာတွင် ရေးသားထားသည်။
#ymg/mt
#Yangon_Media_Group
Page 1057 of 1702