18 December 2023

ယခုတစ်ပတ်အတွင်း  စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿ၄၈၁၀သတ်မှတ် ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပြီးခဲ့သည့်အပတ်က တစ်ပိဿာ ကျပ် ၄၈၁၅  သတ်မှတ်ခဲ့ပြီး ယခုအပတ်တွင် ရည်ညွှန်းဈေး တစ်ပိဿ ကျပ်၄၈၁၀ဖြင့် ရောင်းချရမည်ဖြစ်သည်ဟုဆိုသည်။  

ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ မှ ၁၇ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄,၈၁၅ ကျပ် ဖြစ်ကြောင်းထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။

ဒီဇင်ဘာ(၁၈)ရက်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏စီစဉ်မှု ဆီကုမ္ပဏီများ၏ ရောင်းချမှုဖြင့် ရန်ကုန်တိုင်းအတွက် ဆီဂါလံ၂၉၆၇၊နေပြည်တော်မန္တလေးနှင့်တိုင်းနှင့်ပြည်နယ် အသီးသီးအတွက် ၅၆၆၀ဂါလံ ရောင်းချပေးထားကြောင်းထုတ်ပြန်ထားသည်။

သို့ဖြစ်၍ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားကြောင်း သိရသည်။
Yangon-Times/tthl
#Local_News
#Published 18 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group