Published 18  December 2023

  ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အုတ်တွင်းမြို့နယ် မိုင်တိုင်အမှတ် ၁၂၉/၇ အနီးတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

   ဒီဇင်ဘာ ၁၈ရက် နံနက် ၁နာရီ ၃၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သတင်းရရှိသောကြောင့် ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၂နာရီ ၂၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

   ယာဉ်မောင်းသူမှာ အိပ်ငိုက်ပြီး လမ်းလယ်ကျွန်းရှိထန်းပင်ကို ဝင်တိုက်ရာမှ မီးလောင်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

   အဆိုပါမီးလောင်မှုတွင် လူထိခိုက်မှုမရှိသော်လည်း ယာဉ်မှာမီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
Yangon-Times/LW
#Local_News
#Published 18 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group