Published_ 17 December 2023

 
  အာဆီယံအတွက် ဘရာဇီးနိုင်ငံ၏ အရေးပါမှုနှင့် အာဆီယံ-ဘရာဇီး ကဏ္ဍအလိုက် မိတ်ဖက်ဆံရေးမြှင့်တင်ရာတွင် မြန်မာနိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် အဆင်သင့်ရှိကြောင် အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့် က ပြောကြားလိုက်ပါတယ်။
 
  ဒီဇင်ဘာ ၁၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံ အတွင်းရေး မှူးချုပ်ရုံး၌ ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် အာဆီယံ-ဘရာဇီး ကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက်မှု ပူးတွဲကော်မတီအစည်း အဝေးသို့ တက်ရောက်စဉ် ပြောကြားခဲ့တာပါ။
 
  အစည်းအဝေးတွင် အာဆီယံနှင့်ဘရာဇီး၌ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို အပြန် အလှန်အသိပေးတင်ပြခဲ့ကြပြီး အာဆီယံ-ဘရာဇီး ပူးပေါင်းဆောင်ရွက်မှု အခြေအနေအားသုံးသပ်ကာ အနာဂတ်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ခြင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး အာဆီယံ-ဘရာဇီး လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း အစီအစဉ် (၂၀၂၄-၂၀၂၈) ကို အတည်ပြုခဲ့ပါတယ်။
 
  အထူးသဖြင့် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာဖူလုံမှု၊ စွမ်းအင်၊ ပညာရေး၊ ကျန်းမာရေးနှင့် လေကြောင်းသယ်ယူ ပို့ဆောင်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သွားရန်နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းရေးနှင့် အာဆီယံအသိုက်အဝန်းတည်ဆောက်ရေးတွင် အာဆီယံပေါင်းစည်း ရေး ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ် (IAI) မှတစ်ဆင့် ဘရာဇီးနိုင်ငံ၏ အတွေ့အကြုံ ကောင်းများနှင့် နည်းပညာအကူအညီများ ပေးအပ်သွားဖို့ တိုက်တွန်းခဲ့ပါတယ်။
ymg_mnn
#Local_News
#Yangon_Media_Group
#YMG_News #Yangon_Times