#Local_News
Published- 6 June 2023
၂၀၂၃ ခုနှစ်၊ မေလအတွင်း ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှု (၁၆) မှုဖြစ်ပွားခဲ့ပြီးသေဆုံးသူ၇ဦးရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အမြန်လမ်းမကြီးတွင် ဇန်နဝါရီလက ယာဉ်မတော်တဆမှု(၁၃) မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ (၁၄)ဦးနှင့် သေဆုံးသူ (၈) ဦးရှိခဲ့ကြောင်း၊ ဖေဖော်ဝါရီလက (၁၂) မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ (၁၅) ဦးနှင့် သေဆုံးသူ (၁၁) ဦး၊ မတ်လက (၁၅) မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ (၆၀) ဦးနှင့် သေဆုံးသူ (၁၁) ဦး၊ ဧပြီလက (၁၈) မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ (၃၅) ဦးနှင့် သေဆုံးသူ (၁၃) ဦးရှိခဲ့ကြောင်းနှင့် မေလက (၁၆) မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ (၂၉) ဦးနှင့် သေဆုံးသူ (၇) ဦးရှိခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလ မှ မေလ လကုန်ပိုင်းအထိ အမြန်လမ်းမကြီးပေါ်တွင် သတ်မှတ်အရှိန်နှုန်းထက် ပိုမိုမောင်းနှင်သည့် ယာဉ်အစီးရေ ၅၅၉၇ စီးကို အရေးယူဆောင်ရွက်ထားကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းအချက်အလက်အရ သိရသည်။
ယာဉ်မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းအရင်းများအနက် သတ်မှတ်ထားသည့် အရှိန်နှုန်းထက် ပိုမိုမောင်းနှင်ခြင်း၊ ယာဉ်ကြံ့ခိုင်မှုမရှိခြင်းနှင့် ယာဉ်မောင်းပေါ့ဆမှုတို့ကြောင့် အများဆုံးဖြစ်ပြီး ယာဉ်မတော်တဆမှုများတွင် အိမ်စီးကားများ အများဆုံးပါဝင်နေကြောင်း သိရသည်။
#ymg/BM #Local_News #အမြန်လမ်းမကြီးတွင်ယာဉ်မတော်တဆမှု(၁၆)မှုဖြစ် #YMG #Yangon_Media_Group
#Local_News
Published-7 June2023
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၅၀ဦးကို ဇွန်လ ၇ ရက်(ယနေ့) စေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးက သိရသည်။
ယင်းကဲ့သို့စေလွှတ်ခဲ့သော မြန်မာလုပ်သားများတွင် ကုန်ထုတ်လုပ်သားသစ် (၁၂၁) ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် (၂၉)ဦး၊ စုစုပေါင်း (၁၅၀) ဦးပါဝင်ကြောင်း သိရသည်။
မြန်မာလုပ်သားများ ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကိုမှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
မေလ ၃၀ ရက်ကလည်း ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် စေလွှတ်သော ကုန်ထုတ်လုပ်သားသစ်(၁၂၁)ဦး၊ စိုက်ပျိုး/မွေးမြူရေးလုပ်သားသစ်(၉)ဦး၊ စုစုပေါင်း(၁၃၁)ဦးကို စေလွှတ်ခဲ့ကြောင်း သိရသည်။
#ymg/BM #Local_News #မြန်မာနိုင်ငံသား (၁၅၀)ဦးကိုစေလွှတ်
#YMG #Yangon_Media_Group
#Local_News
Published_ 7 April 2023
ကယားပြည်နယ် ၊ လွိုင်ကော်မြို့နယ် ကုန်းဆွတ်ကျေးရွာလမ်းမတွင် ဇွန်လ ၇ ရက်နေ့မနက်ပိုင်းက ကားနှစ်စီးမျက်နှာချင်းဆိုင်တိုက်မိပြီး လိုက်ပါလာသူများဒဏ်ရာပြင်းထန်ရှိခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်းရွှေလွိင်ကော်(ကယား) ပရဟိတအသင်းထံမှ သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအနက် အသက် ၄၄ နှစ်အရွယ် ဦးရှားရယ်မှာ အတွင်းဒဏ်ရာဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ပြီး အသက်၅၇ နှစ်အရွယ်ဒေါ်ပလျားမိုး၊ အသက်၄၄ အရွယ်ဒေါ် တော်မြာနှင့်အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးဒဏ်ရာအသီးသီးရရှိခဲ့ပေမယ့်လည်း မစိုးရိမ်ရကြောင်း သိရသည်။
အဆိုပါတိုက်မိသည့် ယာဥ်နှစ်စီးအမျိုးအစားမှာ ၁၂ပေ Canter နှင့် Hi-jet ယာဉ်တို့ဖြစ်ပြီး လိုက်ပါလာသူများ အပြင်းအထန်ဒဏ်ရာရသွားကြောင်း ဖုန်းဆက်အကြောင်းကြားလာသဖြင့် သွားရောက်ကူညီ၍ လွိုင်ကော်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရွှေလွိုင်ကော်(ကယား)ပရဟိတအသင်းထံမှ သိရသည်။

#ymg/ynzw #Local_News #၁၂ပေကားနှင့် ဟိုက်ဂျက်မျက်နှာချင်းဆိုင်တိုက်မိ
#YMG #Yangon_Media_Group
#Ukraine_Crisis
Published 7 June 2023
ကာခိုဗာရေကာတာကျိုးပျက်ရာမှ ခါဆန်တောင်ပိုင်းမြို့အချို့နေရာမှာ ရေလွှမ်းမိုးလာတာကြောင့် ဒေသခံယူကရိန်းပြည်သူတွေရဲ့ နေအိမ်များ အန္တရာယ်ကျရောက်နေတဲ့အတွက် စိုးရိမ်ပူပန်နေရကြောင်း ထုတ်ဖော်လာကြပါတယ်။
ဆည်ကျိုးပေါက်ခြင်းကြောင့် လူပေါင်း ၁၇,၀၀၀ နေအိမ်များကိုစွန့်ခွာကာ ဘေးလွတ်ကင်းရာသို့ ပြောင်းရွှေ့ခဲ့ရပါတယ်။
ရေကာတာကနေ မြို့ထဲသို့စီးဆင်းနေတဲ့ ဒီနီပရိုမြစ်ဘေးမှာ 'အိုင်ရီနာ'က သူ့အိမ်နီးချင်းတွေနဲ့အတူ ရပ်ကြည့်နေရကာ အိမ်ကနေ စွန့်ခွာခဲ့ရပါတယ်။
"အခုဆိုရင် ကျွန်မတို့ လျှပ်စစ်မီးမရ၊ ဓာတ်ငွေ့မရှိ၊ သုံးစွဲရေမရှိဘဲ နေနေရပါတယ်။ သာမန်နေ့စဉ်ဘဝ ပျက်သုဉ်းရပြီး စိုက်ခင်းတွေ ရေနစ်မြုပ်သွားပါပြီ" လို့ အသက် ၅၂ နှစ်ရှိအိုင်ရီနာက မျက်ရည်ကျလျက် ပြောကြားသွားပါတယ်။
အိုင်ရီနာနဲ့အိမ်နီးချင်းတို့ဟာ ရေလွှမ်းမိုးမှုမြင့်တက်လာပြီး ယင်းတို့နေအိမ်များပျက်စီးဆုံးရှုံးသွားတာကို ကြည့်နေရပြီး နောက်ထပ်ဘာဆက်ဖြစ်မလဲဆိုတာကို စိုးရိမ်နေရပါတယ်။
"ဒီညနေဘာဖြစ်မလဲဆိုတာ ကြောက်နေရပါတယ်။ ကပ်ဘေးကြီးဖြစ်လာမှာ စိုးရိမ်ရပါတယ်" လို့ ပြောနေကြပါတယ်။
ယမန်နှစ် မတ်လကနေ နိုဝင်ဘာလအထိ ခါဆန်မြို့ကို ရုရှားတပ်များသိမ်းပိုက်ထားခဲ့ပြီးနောက် ယူကရိန်းတပ်တွေက ပြန်လည်လွတ်မြောက်စေခဲ့ပြီးကတည်းက အပြင်းအထန်တိုက်ခိုက်ခံနေရတာဖြစ်ပါတယ်။
အသက် ၅၆ နှစ်အရွယ် သူနာပြု'ဆဗစ်လာနာ'က မြို့ရေကြီးရတဲ့အတွက် ရုရှားတပ်တွေကို အပြစ်တင်လိုက်ကာ အခုဆိုရင် ပိုပြီးတောင် အမျက်ထွက်စရာကောင်းနေပြီလို့ ပြောကြားခဲ့ပါတယ်။
ထိခိုက်မှုက ဘယ်လောက်အထိ ကြာရှည်မလဲ၊ ဘယ်တော့မှ အိမ်ပြန်နိုင်မလဲဆိုတာ စိုးရိမ်နေကြရပါတယ်။
ရေပြန်ကျသွားတဲ့အချိန်မှာ ပြဿနာတွေကျန်နေမှာဖြစ်ကြောင်း၊ ပြန်လည်လည်ပတ်နိုင်ဖို့ ဘယ်လိုထူထောင်သင့်ကြောင်း၊ ဘယ်နေထိုင်ရမလဲ မစဉ်းစားတတ်ကြောင်း၊ ဒီနေရာမှာ အားလုံးက သေဆုံးကြတော့မှာဖြစ်ကြောင်း လူတစ်ဦးက AFP ကိုပြောကြားခဲ့ပါတယ်။
ရုရှားတွေက သူတို့တွေဆီကို ရေကြီးအောင်လုပ်နေတယ် တစ်ခုခုလုပ်နေကြတယ်လို့ ဒေသခံနောက်တစ်ဦးကလည်း ပြောကြားလိုက်ပါတယ်။
ရေတက်နေတာကို မျက်စိရှေ့မှာတင်မြင်နေရတယ်လို့ ခါဆန်ဒေသခံဗစ်ခ်တာက ပြောကြားလိုက်ပါတယ်။
Source: barron's #Ukraine_Crisis #ဆည်ကျိုးကာရေကြီး #ခါဆန်
#YMG #Yangon_Media_Group
#World_Health
Published 7 June 2023
ချက်ပြုတ်ထားတဲ့ကြက်သားနဲ့ ကြက်သားအစိမ်းတွေကို ရက်အနည်းငယ်အကြာကနေ တစ်နှစ်လောက်အထိ သိမ်းဆည်းနိုင်ပါတယ်။
ကြာချိန်ကတော့ အေးခဲထားတဲ့အခြေအနေပေါ် မူတည်ပြီး ကွဲပြားနိုင်ပါတယ်။
အိမ်အတော်များများမှာ ကြက်သားကို အဓိကအသားအဖြစ် သတ်မှတ်ကြပါတယ်။
ဒီလိုမျိုး ပရိုတိန်းအများအပြားပါဝင်တဲ့ ကြက်သားဟာလည်း ဘက်တီးရီးယားပါဝင်မှု အလွန်များပြားနေနိုင်ပါတယ်။
ဒါကြောင့် သေချာစွာ ပြင်ဆင်ခြင်း၊ သိမ်းဆည်းခြင်း၊ ချက်ပြုတ်ခြင်းလုပ်ငန်းစဉ်များက အရေးကြီးပြီး မဟုတ်ပါက ရောဂါများဖြစ်လာနိုင်ပါတယ်။
ရေခဲသေတ္တာထဲ ကြက်သားသိမ်းဆည်းတာက အဆင်ပြေပေမယ့် ဘယ်အချိန်လောက်ထိ စိတ်ချစွာသိမ်းဆည်းနိုင်လဲဆိုတာ မသိကြပါဘူး။
အမေရိကန်စိုက်ပျိုးမွေးမြူရေးဌာနရဲ့အဆိုအရ ကြက်သားအစိမ်းတွေကို ရေခဲသေတ္တာထဲမှာ ၁ - ၂ ရက်ခန့် သိမ်းဆည်းနိုင်ပါတယ်။
ချက်ပြီးသားကြက်သားတွေကတော့ ၃ - ၄ ရက်အထိ ထားနိုင်ပါတယ်။
ဘက်တီးရီးယားတွေက အပူချိန် ၄ ဒီဂရီဆဲလ်စီးယပ်စ်အောက်မှာ ကြီးထွားမှုနှေးကွေးပါတယ်။
ဒါ့အပြင်ကြက်သားအစိမ်းကို အလုံပိတ်အခန်းထဲမှာ ပိတ်ထားသင့်ကာ ဒါမှ အခြားစားစရာတွေကို ပိုးမွှားမကူနိုင်မှာဖြစ်ပါတယ်။
ဒီထက်ကြာကြာသိမ်းချင်ရင်တော့ ရေခဲရိုက်အခန်းထဲမှာ ထားတာအကောင်းဆုံးပါပဲ။
သာမန်ရေခဲသေတ္တာထဲမှာ ရက်အနည်းငယ်ကြာထားလိုက်ရင် မကောင်းတော့တာမျိုးဖြစ်တတ်ပါတယ်။
ကြက်သားမှာ မီးခိုစိမ်းရောင်လိုမျိုးပြောင်းလဲသွားရင် ဘက်တီးရီးယားပေါက်ဖွားလာတဲ့လက္ခဏာပါ။
မကောင်းတော့တဲ့အခါ အမိုးနီးယားလိုမျိုး အက်ဆစ်နံ့ထွက်လာပါတယ်။
ဒါ့အပြင် ပိုပြီးသေးသွားတဲ့ သွင်ပြင်ရှိပြီး ရေဆေးလိုက်လို့ ဘက်တီးရီးယားသေသွားမှာမဟုတ်ဘဲ အခြားပစ္စည်းကိရိယာ၊ စားစရာတွေကို ကူးစက်စေနိုင်ပါတယ်။
မကောင်းတော့တဲ့ ကြက်သားစားသုံးခြင်းဖြင့် အစာအဆိပ်သင့်ခြင်းမျိုး ဖြစ်တတ်ပါတယ်။
လတ်ဆတ်တဲ့ကြက်သားများ သေချာချက်ပြုတ်တဲ့အခါ ဘက်တီးရီးယားများသေဆုံးသွားပါတယ်။
ဒါပေမဲ့ မကောင်းတော့တဲ့ကြက်သားကို ချက်ပြုတ်စားသောက်ခြင်းကိုတော့ ရှောင်ရှားသင့်ပါတယ်။
Source: Healthline #World_Health #ရေခဲသေတ္တာထဲမှာဘယ်လောက်ကြာကြာသိမ်းထားနိုင်လဲ #YMG #Yangon_Media_Group
#World_News
Published 7 June 2023
အမျိုးသားဆီးသွားရာမှာ အမှန်ကန်ဆုံးနည်းလမ်းက မတ်တပ်ရပ်သွားခြင်းမဟုတ်ဘဲ အိမ်သာမှာထိုင်သွားခြင်းသာဖြစ်တယ်လို့ ဗြိတိန်ဆီးလမ်းကြောင်းပါရဂူက ဆိုလိုက်ပါတယ်။
နိုင်ငံ ၁၃ နိုင်ငံမှ အမျိုးသား ၇ ထောင်ကျော်ကို စစ်တမ်းကောက်ခံခဲ့ကြပါတယ်။
အများစုက ဆီးသွားတဲ့အခါ မတ်တပ်ရပ်သွားကြတယ်လို့ ဖြေဆိုကြပါတယ်။
ဂျာမနီအမျိုးသား ၄၀ ရာခိုင်နှုန်းက ထိုင်လျက်ဆီးသွားကြပြီး အမေရိကန်အမျိုးသားတွေကတော့ ၁၀ ရာခိုင်နှုန်းရှိပါတယ်။
ထိုင်တဲ့အခါ ဆီးခုံကြွက်သားတွေနဲ့ ကျောရိုးပြေလျော့သွားကာ ဆီးသွားရပိုမိုလွယ်ကူစေပါတယ်။
အသက်အရွယ်ကြီးလာလို့ ဆီးကျိတ်ပြဿနာရှိသူတွေမှာ ထိုနည်းလမ်းက အလွန်လွယ်ကူစေနိုင်ပါတယ်။
ထိုင်ပြီးဆီးသွားတာက ယောက်ျားမပီသဘူးလို့ ယူဆကြတာကြောင့် အသက်ကြီးသူအမျိုးသားတွေက မထိုင်ကြတာဖြစ်တယ်လို့ တွေ့ရှိထားပါတယ်။
အသက် ၅၅ နှစ်အထက် အမေရိကန်လူမျိုး ၃၅ ရာခိုင်နှုန်းလောက်ဟာ ဘယ်တော့မှထိုင်ပြီးဆီးမသွားဘဲ အသက် ၁၈ နှစ်မှ ၂၄ နှစ်အတွင်းကတော့ ၂၁ ရာခိုင်နှုန်းဖြစ်ပါတယ်။
အခုဆိုရင် ဂျာမနီမှာ ထိုအလေ့အထပြောင်းလဲလာပြီး အများသုံးအိမ်သာတွေမှာ အမျိုးသားတွေ မတ်တပ်ရပ်မသွားနိုင်အောင် သတိပေးနေပါပြီ။
အများသုံးအိမ်သာတွေမှာ မတ်တပ်ရပ်ဆီးသွားတဲ့အခါ ဘေးဘက်တွေကိုလည်း ဆီးစင်နိုင်တာကြောင့် ဂျာမနီအကြီးအကဲဟောင်း'အိန်ဂျလာမာကယ်လ်'က ဝေဖန်ဖူးပါတယ်။
လေ့လာချက်တစ်ခုအရ ဆီးစက်တွေက လွင့်စင်လာပြီး ၃ မီတာလောက်အထိ လွင့်ထွက်နိုင်ပါတယ်။
အဖုံးမပိတ်ဘဲ ရေအိမ်ဆွဲချတဲ့အခါမှာလည်း ပိုးမွှားတွေလွင့်စင်နိုင်တယ်လို့ ကိုလိုရာဒိုဘိုလ်ဒါတက္ကသိုလ်က တင်ပြထားပါတယ်။
Source: The Jerusalem Post #World_News #မတ်တပ်ရပ်ပြီးဆီးမသွားသင့်ကြောင်းပညာရှင်များဆို #YMG #Yangon_Media_Group
#Local_News
Published_ 6 June 2023
ရန်ကုန်ရွှေအသင်းရဲ့ ဇွန်လ ၆ရက်နေ့စျေးနှုန်းများအရ အကယ်ဒမီမီးလင်းရွှေ ၂၃ သိန်းကျော်သတ်မှတ်စျေးဖွင့်ခဲ့ပေမယ့်လည်း ပြင်ပရွှေပေါက်စျေးကတော့ သိန်း ၃၀ နဲ့ ၄ သောင်းကျော်ပေါက်စျေးရှိနေဆဲ ဖြစ်ပါတယ်။
#Local_News #ပြင်ရွှေစျေးသိန်း၃၀ကျော်ရှိနေ
#YMG #Yangon_Media_Group
#World_Heritage
Published 6 June 2023
နိုင်ဂျာအရှေ့မြောက်ပိုင်းက သဲကန္တရရှည်လျားတဲ့ခရီးက လာရောက်တဲ့ဧည့်သည်အတွက် ဆာဟယ်မှာရှိတဲ့ အံ့ဩစရာမြင်ကွင်းဖြစ်နေပြီး ဆား၊ ရွှစေးတွေ၊ ကျောက်တုံးတွေပေါ်မှာ ဝိုင်းရံထားတဲ့ ဆာဟာရသဲတွေနဲ့ တည်ထားတဲ့ရွာတွေရှိပါတယ်။
#World_Heritage #နိုင်ဂျီးရီးယားဆာဟာရ
#YMG #Yangon_Media_Group
#Local_News
Published_ 6 June 2023
မုန်တိုင်းဘေးသင့်ပြည်သူများတွေအတွက် လှူဒါန်းဖို့ရည်ရွယ်ပြီး ရုပ်ရှင်၊ ဂီတ၊သဘင်ရန်ပုံငွေဖျော်ဖြေပွဲကြီးကို ရန်ကုန်မြို့၊မြို့မကျောင်းလမ်းရှိအမျိုးသားကဇာတ်ရုံမှာ (၃)ရက်တိုင်တိုင် ကျင်းပခဲ့ပါတယ်၊၊
#Local_News #အွန်လိုင်းမှအလှူငွေများဆက်ဝင်နေ #မုန်တိုင်းဘေးသင့်ပြည်သူများ #YMG #Yangon_Media_Group
#Local_News
Published_ 6 June 2023
ရန်ကုန်နဲ့ မြို့ကြီးတချို့က စက်သုံးဆီ အရောင်းဆိုင်တချို့မှာ စက်သုံးဆီ စျေးတွေမြင့်တက်နေပြီး တစ်ရက်အတွင်း တစ်လီတာကိုငွေကျပ် ၁၀၀ ခန့်စျေးမြင့်တက်လာတယ်လို့ ပြည်တွင်းစက်သုံးဆီဆိုင်များကို မေးမြန်းချက်အရသိရပါတယ်။
#Local_News #စက်သုံးဆီဈေးမြင့်တက်
#YMG #Yangon_Media_Group
#Local_News
Published_ 6 Jun 2023
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇွန်လ ၆ရက်နေ့ည ၈ နာရီထုတ်ပြန်ချက်အရ ပြည်တွင်းမှာ ဓာတ်ခွဲနမူနာ ၆၈၆၁ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ ကိုဗစ်(၁၉)လူနာသစ် ၆၄ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
#Local_News #ကိုဗစ်လူနာသစ်(၆၄)ဦးထပ်တွေ့
#YMG #Yangon_Media_Group
#Daily_News
Published_ 6 June 2023
၁။ ကိုဗစ်လူနာသစ် (၆၄) ဦး ထပ်တွေ့ရှိ ပြီး ရာခိုင်နှုန်းဖြင့် ၀ ဒသမ ၉၃ ရာခိုင်နှုန်းရှိနေ
၂။ စက်သုံးဆီဈေးတစ်ရက်အတွင်း တစ်လီတာကို ငွေကျပ်၁၀၀ နီးပါးစျေးမြင့်တက်
၃။ မုန်တိုင်းဘေးသင့်ပြည်သူများအတွက် ရံပုံငွေဖျော်ဖြေပွဲမှကျပ်သိန်း(၁၅၀၀)ခန့်ရရှိနေပြီဖြစ်၊ အွန်လိုင်းမှအလှူငွေများဆက်ဝင်နေဆဲဟုဆို
၄။ နိုင်ဂျီးရီးယားဆာဟာရမှ ပျောက်ဆုံးနေသော ကန္တာရမြို့များ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Page 1056 of 1856