Published 18 December 2023

ရန်ကုန်တိုင်းအတွင်း ရှိ မြို့နယ် များ တွင် တရားမ၀င် လျှပ်စစ်ဓါတ်အားသုံးစွဲမှု မရှိစေရန် အတွက် စီမံချက် ဖြင့် တာဝန်ရှိသူများ က မြို့နယ် အလိုက် စစ်ဆေးမှု များ ပြုလုပ်လျက်ရှိကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း ထံ မှ သိရသည်။

ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း အနေဖြင့် မြို့နယ်များ တွင် ဓါတ်အားပျောက်ဆုံးမှုလျော့နည်းကဆင်းရေး၊တရားမ၀င်ဓါတ်အားသုံးစွဲမှု များ မရှိစေရေး၊ဓါတ်အားခကြွေးကျန် များလျော့နည်း ကျဆင်းရန် အတွက် မြို့နယ် လျှပ်စစ်မန်နေဂျာရုံး၏ ကြီးကြပ်မှု ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာ တွင် စီမံချက် ဖြင့် မြို့နယ် အတွင်း အဖွဲ့ခုနှစ်ဖွဲ့ ဖွဲ့စည်းပြီး အဖွဲ့အလိုက် နယ်မြေများ သတ်မှတ် ကာ ခရိုင် လျှပ်စစ်မန်နေဂျာ၊လျှပ်စစ်အင်ဂျင်နီယာ တို့ က ဦးဆောင်ပြီး တရားမ၀င် ဓါတ်အားသုံးစွဲမှု မရှိစေရန် ရပ်ကွက် အလိုက် လမ်းအလိုက် ကွင်းဆင်း စစ်ဆေးကြောင်း သိရသည်။

ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း အနေဖြင့် ရန်ကုန်တိုင်းအတွင်း စဉ်ဆက်မပြတ် ဓါတ်အားပေးရေးနိုင်ရေးနှင့် ဓါတ်အားခွဲရုံများ ကြံခိုင်ကောင်းမွန်ရေး၊ထရန်စဖော်မာများမီးလောင်ကျွှမ်းမှု မရှိစေရန် ကိုလည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Yangon-Times/LW
#Local_News
#Published 18 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group