Published_ 18 December 2023

ကမ္ဘောဒီးယား နိုင်ငံ၊ ဖနောင်ပင်မြို့ရှိ Koh Pich Convention and Exhibition Center ပြခန်းမ၌ ကျင်းပပြုလုပ် သည့် (၁၆) ကြိမ်မြောက် ကမ္ဘောဒီးယား သွင်းကုန်-ပို့ကုန် ကုန်စည်ပြပွဲ (16th Cambodian and Import-Export Goods Exhibition- CIEGE) ၌ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၁၇)နိုင်ငံမှ ကုမ္ပဏီပေါင်း (၁၃၆) ခုတို့က ပြခန်းပေါင်း(၂၃၂)ခု ပါဝင်ပြသခဲ့ကြောင်း သိရပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း သည် ဖနောင်ပင်မြို့ရှိ Koh Pich Convention and Exhibition Center ပြခန်းမ၌ ကျင်းပပြုလုပ် သည့် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါတယ်။

အဆိုပါကုန်စည်ပြပွဲကို ကမ္ဘောဒီးယားနိုင်ငံ၊ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ခေတ္တ ဝန်ကြီး H.E. KEM Sithan က တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၁၇)နိုင်ငံမှ ကုမ္ပဏီပေါင်း (၁၃၆) ခုတို့က ပြခန်းပေါင်း(၂၃၂)ခု ခင်းကျင်းပြသနေတာ ဖြစ်ပါတယ်။

ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ အောင်နေလင်းထွန်း (ကမ္ဘောဒီးယား) ကုမ္ပဏီ လီမိတက်က Genius အမှတ်တံဆိပ် မြန်မာကော်ဖီနှင့် ရွှေဘိုပေါ်ဆန်းအသင်းဗဟို က မြန်မာနိုင်ငံ၏ GI ထွက်ကုန် ဖြစ်သည့် ရွှေဘိုပေါ်ဆန်း ဆန်ကို ပြခန်းများ ဖွင့်လှစ်၍ ခင်းကျင်းပြသ ရောင်းချလျက်ရှိကြောင်း သိရပါတယ်။
ymg_mnn
#Local_News
#Published 18 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group