#Local_News
Published 23 December 2023


ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၉၇ ဦးကို နေရပ်သို့ပြန်ပို့ခဲ့ကြောင်း ရနောင်းခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

ဒီဇင်ဘာ ၂၂ရက်နေ့လည်ပိုင်းက ရနောင်းမြို့မှ ကော့သောင်းမြို့ကို ပြန်ပို့ခဲ့ခြင်းဖြစ်ပြီး  ၎င်းတို့မှာ ထိုင်းနိုင်ငံတောင်ပိုင်းရှိ အချုပ်ထောင်များတွင် ပြစ်ဒဏ်ကျခံပြီးတာကြောင့် ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပြစ်ဒဏ်ကျခံပြီးသည့်  မြန်မာအလုပ်သမားများကို ရနောင်းမြို့ကနေ  စက်လှေဖြင့် ကော့သောင်းမြို့သို့ ပြန်ပို့ပေးခဲ့ပြီး အမျိုးသမီး ၃၃ ဦးနဲ့ အမျိုးသား ၆၄ ဦး ပါဝင်ကြောင်း သိရသည်။

 

ကော့သောင်းမြို့သို့ ရောက်လာသည့် မြန်မာနိုင်ငံသားများ ကို ဒေသအာဏာပိုင်များက ကိုဗစ်-၁၉ စစ်ဆေးပြီး ကိုယ်ရေးအချက်အလက်စစ်ဆေးခြင်းအသိပညာပေးခြင်းများပြုလုပ်ပြီး သတ်မှတ်ထားသည့် အသွားအလာစောင့်ကြည့်ရေးစင်တာများတွင် ထားရှိကြောင်း သိရသည်။

 

#Local_News #မြန်မာရွှေ့ပြောင်းလုပ်သား၉၇ဦး #နေရပ်သို့ပြန်ပို့  #YMG/LW #Yangon_Times