#Local_News
Published 28 December 2023


နှမ်းအဝင်နည်းသော်လည်းဝယ်လိုအားကျဆင်းနေသောကြောင့် ဈေးကွက်အေးနေကြောင်း မန္တလေးပဲနှမ်းဈေးကွက်မှသိရသည်။

 

နှမ်းဖြူကို ဆီထုတ်လုပ်ရာတွင်အသုံးပြုလေ့ရှိပြီး လတ်‌တလောတွင် ပြည်တွင်းဆီစက်သမားများ၏ဝယ်လိုအားလျော့ကျနေခြင်းးကြောင့် ဈေးကွက်အေးနေခြင်းဖြစ်ကြောင်းသိရသည်။

 

'ဒီရက်ပိုင်းထဲ နှမ်းမျိုးစုံဈေးကွက်ထဲ ဝင်တာ နည်းလာတယ်၊နည်းလာ ပေမယ့်ပြည်တွင်းဈေးကွက် ဝယ်ယူမှုအေးတာ ကြောင့်နှမ်းညို ဈေးအေးနေတယ်၊နှမ်းဖြူရိုးရိုးဈေးကျတယ်၊ နှမ်းနက် (စမုံ) ဈေး ကတော့ ဝယ်လက်လေးရှိတော့ အနည်းငယ်မြင့်တက်နေတယ်' ဟု မန္တလေးမှ ပဲနှမ်းကုန်သည် ဦးမိုးကျော်ကပြောသည်။

 

နှမ်းနက်(စမုံ) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ် ကျပ် ၃၁၀၀၀၀ မှ ၃၅၅၀၀၀ အထိဈေးနှုန်းရှိနေပြီး ယခင်တစ်ပတ် အတိုင်းဈေးငြိမ်နေကာ ယခင်လထက် ၁၅၀၀၀ မှ၂၅၀၀၀ မြင့်တက်လာကြောင်းသိရသည်။

 

နှမ်းဖြူ(ရိုးရိုး) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၂၀၀၀၀ မှ ၃၄၀၀၀၀ ဈေးနှုန်းရှိနေပြီး ယခင်တစ်ပတ်ထက်ကျပ် ၁၀၀၀၀ မှ ၂၀၀၀၀ အထိလည်းကောင်း၊ ယခင်လထက်ကျပ် ၅၀၀၀လည်းကောင်း ဈေးနှုန်းများကျဆင်းလာကြောင်း သိရသည်။

 

နှမ်းဖြူ(ဂျပန်) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၆၀၀၀၀ မှ ၃၆၅၀၀၀ အထိဈေးနှုန်းရှိလာပြီး ယခင်တစ်ပတ် အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လထက်ကျပ် ၅၀၀၀ အထိမြင့်တက်လာကြောင်းသိရသည်။

 

ထို့အပြင် နှမ်းညို ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၇၀၀၀၀ မှ ၂၇၅၀၀၀ အထိဈေးနှုန်းရှိနေပြီး ယခင်တစ်ပတ်က ထက်ကျပ် ၅၀၀၀ နှင့် ယခင်လထက်ကျပ် ၁၀၀၀၀ နိမ့်ဈေးနှုန်းကျဆင်းလာကြောင်းသိရသည်။

 

#Local_News #နှမ်းအဝင်နည်း #ပြည်တွင်းဝယ်လိုအားကျဆင်း #YMG/ NN #Yangon-Times