#Local_News
Published 24 December 2023

အခုရက်ပိုင်းတွင်ဧရာဝတီမြစ်ရေသည် ကျဆင်းလာပြီး မန္တလေးမြို့တွင် စိုးရိမ်ရေနည်းအမှတ်အောက်သို့ရောက်ရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးထားသည်။

 

ဧရာဝတီမြစ်ရေသည်မန္တလေးမြို့တွင် စိုးရိမ်ရေနည်း အမှတ် ၃၆၀စင်တီမီတာအောက် ရောက်ရှိနေပြီး ဒီဇင်ဘာ၂၄ရက်တွင် ၃၂၀ စင်တီမီတာသာရှိနေသည်။

 

နောက်(၇)ရက်အတွင်း တစ်ပေကျဆင်းနိုင်သည့် အတွက် ဧရာဝတီမြစ်ရေသည်မန္တလေးမြို့၏ စိုးရိမ်ရေနည်း အမှတ် ၃၆၀ စင်တီမီတာအောက်မှာပဲရှိနေဦးဖြစ်သည်ဟု ဆိုသည်။

 

မြစ်ရေနည်းသတိပေးချက်သည် မြစ်အတွင်းသွားလာသည့် ရေယျာဉ်၊  သင်္ဘော ၊သဗ္ဗာန် ၊လှေများ သောင်တင်ခြင်း မြစ်ကြမ်းပြင်နှင့်တိုက်မိခြင်းများမရှိအောင် သတိပေးထားခြင်းဖြစ်သည်။

 

ဧရာဝတီမြစ်ရေနှင့်ချင်းတွင်းမြစ်‌ရေသည် ယခုဆောင်းကာလတွင် တစ်ဖြည်းဖြည်းကျဆင်းလာပြီး နွေကာလ၌လည်းဆက်လက်ကျဆင်းရန်ရှိသဖြင့် မြစ်ကြောင်းတွင်းသွားလာသောရေယာဉ်များအထူးသတိပြုသွားလာရန်လိုအပ်ကြောင်းသိရသည်။

 

#Local_News #ရေယာဉ်များသောင်မတင်အောင်သတိပြု #tthl #Yangon_Times