#Local_News
Published 24 December 2023

၂၀၂၄ခုနှစ်အတွင်း ဗိုလ်တထောင်စေတီ‌တော်ကြီးနှင့်အရံစေတီများကိုလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန် အတွက် တင်ဒါခေါ်ယူထားကြောင်း ဗိုလ်တထောင် ကျိုက်ဒေးအပ် စေတီတော်ဂေါပက အဖွဲ့၏ထုတ်ပြန်ချက်အရသိရသည်။

 

ရွှေသင်္ကန်းကပ်လှူရန် အတွက် တင်ဒါခေါ်ယူထားပြီး ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၂ရက်အထိဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်ဂေါပကအဖွဲ့ရုံး၌ ရုံးချိန်းအတွင်း တင်ဒါတစ်စောင် ကျပ်တစ်သောင်းနှုန်းဖြင့် လာရောက်ဝယ်ယူနိုင်သည်ဟုဆိုသည်။

 

လုပ်ငန်းလုပ်ကိုင်လိုသူတွေအနေနဲ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၃ရက် မနက်၁၁နာရီ နောက်ဆုံးထားပြီး ဘဏ္ဍထိန်း ဂေါပကအဖွဲ့ရုံးကို တင်ဒါတင်သွင်းနိုင်မည်ဖြစ်သည်။

 

တင်ဒါခေါ်ယူထားသည့်လုပ်ငန်းများကတော့(၁)နှစ်ထပ်ငြမ်းဆင်သည့်လုပ်ငန်း၊ (၂)ရွှေမိုက်ဟောင်းချွတ်ယူသည့်လုပ်ငန်း၊ (၃)၂လက် မပတ်လည်အရွယ် ရွက်ရေ(၁၀၀)ပါ ရွှေဆိုင်း ၇ထောင်တင်သွင်းသည့်လုပ်ငန်းတွေ၊ (၄)ကြာမှောက်ကြာလှန် ၉လက်မပတ်လည် ရွှေစင်ရွှေပြား ကပ်လှူသည့်လုပ်ငန်း၊ (၅)ရွှေဆိုင်းကပ်လှူသည့်လုပ်ငန်း၊ (၆)ကြေးဖရိန်း ကြေးပြားတင်သွင်းသည့်လုပ်ငန်းများနှင့် (၇)ကြေးဖရိန်းကြေးပြားကပ်လှူသည့်လုပ်ငန်းများကို လုပ်ဆောင်ရမည်ဖြစ်ကြောင်းသိရသည်။

 

#Local_News #ဗိုလ်တထောင်စေတီတော် #ရွှေသင်္ကန်းကပ်လှူရန်တင်ဒါခေါ် #tthl #Yangon_Times