#Local_News
Published 25 December 2023


မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၈၄လမ်း၊ ၃၈x၃၉လမ်းကြား၊ မဟာအောင်မြေအနောက်ရပ်ကွက်၊ အကွက်အမှတ် (၅၂၄) မင်းစံရပ်ရှိ Grand Park Hotel အပေါ်ဆုံးထပ်မှခုန်ချရန်ကြံစည်သည့် စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦးကို မီးသတ်တပ်ဖွဲ့၀င်များက ကယ်ဆယ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံ မှ သိရသည်။

 

ဒီဇင်ဘာ ၂၄ ရက် ည ၆ နာရီခန့်က စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦးသည် Hotel အပေါ်ဆုံး ၃၁ ထပ်မြောက်ရှိ ရေကူးကန်တွင် ရေကူးရန်ဟုဆိုကာ လာရောက်ခဲ့ပြီး မှန်တံခါးများ လဲလှယ်ရာတွင် စတီးကြိုးတပ် အသုံးပြုသည့် မောင်းတံပေါ်တွင် မတ်တပ်ရပ်၍ ခုန်ချရန် ကြံစည်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ခုန်ချရန် ကြံစည်နေကြောင်း သတင်းရရှိသဖြင့်မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ အုပ်ချုပ်မှုယာဉ် (၃)စီး၊ မဟာအောင်မြေ မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက် ကယ်ဆယ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ အမျိုးသားကို ကယ်ဆယ်ရန်အတွက် မီးသတ်တပ်ဖွဲ့၀င်များက ပြောဆိုစည်းရုံး၍ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ခုန်ချရန်ကြံစည်နေသူအား ၇နာရီ ၂၀မိနစ်ခန့် အချိန်တွင် ဘေးကင်းရာသို့ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

 

#Local_News #ဟိုတယ်ပေါ်မှ ခုန်ချရန်ကြံစည် #စိတ်ဝေဒနာရှင်အမျိုးသားတစ်ဦး #YMG/LW #Yangon_Times