#World_Health
Published 19 July 2026
■ ဟင်းရွက်နဲ့ အသီးအနှံတွေမှာ အခွံတွေက ဓာတ်တိုးဆန့်ကျင်ပစ္စည်း မြင့်မားစွာပါဝင်ကာ ဗိုက်တာမင်နဲ့ သတ္တုဓာတ်တွေကတော့ အသီးအရွက် တစ်ခုလုံးမှာ ပါဝင်ပါတယ်။
■ အခွံခွာခြင်းကြောင့် အာဟာရတန်ဖိုး သိသိသာသာ လျော့နည်းမသွားနိုင်သလို အစာခြေဖျက်မှု၊ ပိုးသတ်ဆေးအန္တရာယ် စတဲ့အချက်တွေကြောင့် အခွံခွာစားခြင်းက ပိုမိုသင့်တော်နိုင်ပါတယ်။
■ အခွံခွာမှာလား မခွာဘူးလားဆိုတာက အသီးအရွက်အပေါ် မူတည်နိုင်ပါတယ်။
■ အာလူး - အစိမ်းရောင်ပြောင်းနေတဲ့ အာလူး၊ အညှောက်ထွက်နေတဲ့ အာလူးအခွံတွေမှာ အဆိပ်အတောက်များ ရှိနေနိုင်တာကြောင့် အခွံခွာပစ်ရပါမယ်။
■ ကလောဥ - ကလောဥအသေးများကို သေချာဆေးကြောပါက အခွံက ကျန်းမာရေးအတွက် အကျိုးရှိပေမယ့် ဥအကြီးကြီးတွေမှာတော့ အခွံများ ဖယ်ရှားနိုင်ပါတယ်။
■ ခရမ်းသီး - သူ့အခွံမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ပေမယ့် သေချာချက်ပြုတ်မထားပါက အစာခြေစနစ်ကို ဒုက္ခပေးနိုင်ပါတယ်။
■ သခွားသီး - အခွံမှာ အမျှင်ဓာတ်နဲ့ ဗိုက်တာမင်များ ပါဝင်ပေမယ့် ခါးနေရင် အခွံခွာနိုင်ပါတယ်။
■ သကြားမုန်လာ - အာဟာဓာတ်များ ထိန်းသိမ်းနိုင်ဖို့အတွက် အခွံပါအောင် ချက်ပြုတ်သင့်ပါတယ်။
■ ဖရဲသီး - အဖြူရောင်အခွံသားက ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။
■ သရက်သီး - သရက်သီးခွံတွေကတော့ ဓာတ်မတည့်မှုဖြစ်စေနိုင်တာကြောင့် အခွံခွာခြင်းက ပိုမိုစိတ်ချရပါတယ်။
■ သလဲသီး - ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာ ပါဝင်ပေမယ့် တိုက်ရိုက်မစားသုံးသင့်ပါဘူး။
■ တည်သီး - တည်သီးခွံတွေဟာ အစာမကြေခြင်း ဖြစ်စေနိုင်တာကြောင့် အခွံခွာသင့်ပါတယ်။
■ ပန်းသီး - ပန်းသီးခွံမှာ အကျိုးပြုဒြပ်ပေါင်းများ ပါဝင်ပေမယ့် အစာခြေဖျက်မှုအတွက်ဆိုရင် အခွံခွာစားလည်း ရပါတယ်။
■ ဒါကြောင့် အခွံကိုပါ စား၊ မစားဆိုတာက လူတစ်ဦးချင်းစီရဲ့ ခန္ဓာကိုယ်အခြေအနေနဲ့ စိတ်ကြိုက်ရွေးချယ်မှုအပေါ် မူတည်ပေမယ့် အခွံခွာလိုက်ရင်လည်း အတွင်းသားရဲ့ အာဟာရတန်ဖိုး မြင့်မားစွာ ကျန်ရှိနေနိုင်ပါသေးတယ်။
Source: The Jerusalem Post
#World_Health
Published 19 July 2026
■ ခြေထောက်တွေ သန်မာခြင်းဟာ ကြံ့ခိုင်ရေးကောင်းမွန်စေရုံမက အခြားသော ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း ပေးနိုင်ပါတယ်။
■ ပေါင်တွေ သန်မာအောင် လေ့ကျင့်ခြင်းဖြင့် သွေးတွင်းသကြားဓာတ်၊ နှလုံးကျန်းမာရေး၊ ဦးနှောက်လုပ်ဆောင်ချက်တို့ကို ထောက်ကူပေးနိုင်ပြီး သက်ရှည်ကျန်းမာရေးအတွက် အရေးကြီးတယ်လို့ အာဟာရပညာရှင် ဒိသီခါဂျိန်းက ပြောပါတယ်။
■ (၁) သွေးတွင်းသကြားဓာတ်ထိန်းညှိခြင်း
ပေါင်တွေကြံ့ခိုင်သန်စွမ်းတဲ့အခါ ဂလူးကို့စ်ကို ပိုစုပ်ယူပြီး သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။
■ (၂) ဦးနှောက်ကျန်းမာရေး ထောက်ကူပေးခြင်း
မှတ်ဉာဏ်နဲ့ သိရှိစိတ်လုပ်ဆောင်ချက်တို့ တိုးတက်စေကာ ဦးနှောက်ကျန်းမာရေး ပိုမိုကောင်းမွန်စေနိုင်ပါတယ်။
■ (၃) နှလုံးကျန်းမာရေး အကျိုးရှိစေခြင်း
ခြေထောက်ကသွေးတွေကို နှလုံးသို့ ပြန်လည်တွန်းပို့ပေးပြီး နှလုံးသွေးကြောကျန်းမာရေးကို ကူညီပေးကာ သက်ရှည်ကျန်းမာစေနိုင်ပါတယ်။
■ ဒီလိုအကျိုးကျေးဇူးတွေ ရဖို့အတွက် ခြေထောက်ကြံ့ခိုင်စေတဲ့ လေ့ကျင့်ခန်းတွေကို ထည့်သွင်းပြုလုပ်ဖို့ ဂျိန်းက အကြံပြုထားပါတယ်။
Source: NDTV
ယူနန်စီးပွားရေးစီမံခန့်ခွဲမှုကောလိပ်နဲ့ တရုတ်အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ လက်မှုပညာကုမ္ပဏီနှစ်ခုတို ပူးပေါင်းဖန်တီးတဲ့ အကြီးစား ကြေးထည်အနုပညာလက်ရာတစ်ခုကို ကမ္ဘာ့အရှည်ဆုံး အရောင်စုံကြေးနိမ့်ကယ်ရုပ်ကြွအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်စံညွှန်းအဖွဲ့က သောကြာနေ့မှာ တရားဝင်အသိအမှတ်ပြုလိုက်ပါတယ်။
#Asia_Culture
Published 18 July 2026
#ပန်းချီကား #တရုတ်
#YMG #Yangon_Times #Yangon_Media_Group
#World_Health
Published 18 July 2026
■ ဂီတတူရိယာတစ်ခုခု လေ့ကျင့်သင်ယူခြင်းက ဘဝနောက်ပိုင်းမှာ ဦးနှောက်အတွက် အကောင်းဆုံးလက်ဆောင် ဖြစ်လာနိုင်ပါတယ်။
■ ကျိုတိုတက္ကသိုလ်မှ သုတေသီများ လေ့လာချက်ပြုလုပ်ရာမှာ ဂီတတူရိယာတစ်မျိုးမျိုးကို ၃ နှစ်ကျော် လေ့ကျင့်နေတဲ့ သက်ကြီးရွယ်အိုတွေဟာ မှတ်ဉာဏ်စွမ်းရည် ထိန်းသိမ်းစေနိုင်ပြီး ဆက်မလေ့ကျင့်တော့တဲ့သူတွေထက်စာရင် အသက်အရွယ်ကြောင့် ဦးနှောက်ကျုံ့ခြင်း နည်းပါးတာ တွေ့ရပါတယ်။
■ သင်ကြားပေးပြီး ၄ လအကြာမှာ လူတဝက်ခန့်က ၃ နှစ်ကျော်ကြာအောင် ဆက်လက်လေ့ကျင့်ခဲ့ကြပြီး ကျန်တဲ့သူတွေကတော့ ဆက်မလေ့ကျင့်တော့ပါဘူး။
■ နောက် ၄ နှစ်အကြာမှာ MRI စကင်များ၊ မှတ်ဉာဏ်စမ်းသပ်မှုများ ပြုလုပ်ခဲ့ရာမှာ ရလဒ်များ ကွဲပြားခဲ့ပါတယ်။
■ ဆက်မလေ့ကျင့်တော့တဲ့သူတွေမှာ စကားပြောဆိုမှတ်ဉာဏ်စွမ်းရည် ကျဆင်းသွားတာ တွေ့ရပါတယ်။
■ အသက်အရွယ်အရ မှတ်ဉာဏ်နဲ့ သင်ယူမှု ယိုယွင်းလာတတ်တဲ့ ဦးနှောက်အပိုင်းမှာလည်း ကျုံ့သွားတာ တွေ့ရပါတယ်။
■ ဂီတတူရိယာ ဆက်လက်လေ့ကျင့်သူတွေကတော့ မှတ်ဉာဏ်စွမ်းဆောင်ရည် ထိန်းသိမ်းထားနိုင်ပြီး ဦးနှောက်အပိုင်း သိသိသာသာ ကျဆင်းခြင်း မတွေ့ရပါဘူး။
■ အသက်ကြီးသူတွေမှာ တူရိယာတစ်ခုခု စတင်လေ့ကျင့်ခြင်းက ဦးနှောက်လှုပ်ရှားမှုကို မြှင့်တင်ပေးကာ ဦးနှောက်စွမ်းရည်ကျဆင်းခြင်းကို ကာကွယ်ပေးတဲ့သဘော ဖြစ်ပါတယ်။
■ ကိုယ်ကာယလှုပ်ရှားဖို့ အခက်အခဲရှိတဲ့ သက်ကြီးရွယ်အိုတွေအတွက် တေးဂီတက ထိရောက်တဲ့နည်းလမ်းတစ်ခု ဖြစ်နိုင်ပါတယ်။
Source: India Today
#World_Cup
Published 18 July 2026
■ တနင်္ဂနွေနေ့မှာ အာဂျင်တီးနားနဲ့ စပိန်တို့ ဗိုလ်လုပွဲကန်ရမှာဖြစ်ကာ ဖီဖာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ သမိုင်းတလျှောက် ကိုပါအမေရိကားချန်ပီယံနဲ့ ဥရောပချန်ပီယံတို့ ပထမဆုံးအဖြစ် တွေ့ဆုံရမှာ ဖြစ်ပါတယ်။
■ အာဂျင်တီးနားအတွက် အကောင်းဆုံးခြေစွမ်း ပြနေတဲ့ အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီအနေနဲ့ စပိန်ကလပ်မှာ ကြာမြင့်စွာ ကစားခဲ့ပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်အသင်းနဲ့ ပထမဆုံး ရင်ဆိုင်ရမှာဖြစ်ပါတယ်။
■ မက်ဆီက စပိန်ကိုချီးကျူးခဲ့ပြီး ယင်းတို့ရဲ့ကာလကြာရှည် လက်ကိုင်ထားတဲ့ ဘောလုံးဒဿနကိုလည်း အသိအမှတ်ပြုလိုက်ပါတယ်။
■ "စပိန်ဟာ ထူးချွန်တဲ့ကစားသမားတွေရှိပြီး အလွန်ထူးခြားတဲ့ကစားဟန်ရှိပါတယ်။
■ နှစ်ပေါင်းများစွာ စွဲစွဲမြဲမြဲကျင့်သုံးလာတဲ့ ဘောလုံးဒဿနာတစ်ခုရှိပြီး ကျွန်တော်ကိုယ်တိုင် ကောင်းစွာသိကျွမ်းတဲ့အသင်းလည်းဖြစ်ပါတယ်" လို့ ပြောပါတယ်။
■ စပိန်က ဆီမီးဖိုင်နယ်မှာ ပြင်သစ်ကို ၂-၀ ဂိုးဖြင့် အနိုင်ရပြီးနောက် ၁၆ နှစ်အတွင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ ပထမဆုံး တက်ရောက်ခဲ့ကာ ပြိုင်ပွဲတလျှောက် ပေးဂိုးတစ်ဂိုးသာ ရှိခဲ့ပါတယ်။
■ မက်ဆီအတွက်ကတော့ ဒီပွဲဟာ အလွန်အဓိပ္ပာယ်ရှိနေပြီး စပိန်ဘောလုံးလောက၊ ဘာစီလိုနာအသင်းတို့နဲ့ အတော်လေး ဆက်နွယ်နေခဲ့တာကြောင့် ဖြစ်ပါတယ်။
■ ယခုပြိုင်ပွဲအတွင်း မက်ဆီဟာ သွင်းဂိုး ၈ ဂိုး၊ ဂိုးဖန်တီးမှု ၄ ကြိမ်ဖြင့် ရွှေဘောလုံးဆုအတွက် ရေပန်းအစားဆုံး ဖြစ်နေကာ အာဂျင်တီးနားကလည်း ၂၀၁၉ နောက်ပိုင်း အဓိကပြိုင်ပွဲကြီးတွေမှာ ဗိုလ်လုပွဲ ၅ ကြိမ်အထိ ရောက်ခဲ့ပါတယ်။
■ အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ပြိုင်ပွဲမှာ ရုပ်ပိုင်းဆိုင်ရာအခြေအနေ အကောင်းဆုံးရှိနေစေရန် အပြင်းအထန်ပြင်ဆင်ခဲ့တယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။
Source: WION
#World_Health
Published 18 July 2026
■ ကိုလက်စထရောများခြင်းက နှလုံးသွေးကြောရောဂါ အဓိကဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပြီး ပြဿနာက လက္ခဏာသိသိသာသာ မပြတတ်ပါဘူး။
■ အများစုက နှလုံးရောဂါဖြစ်ခြင်း၊ လေဖြတ်ခြင်းတို့ ဖြစ်မှသာ ကိုလက်စထရောများမှန်း သိကြရပါတယ်။
■ အချို့လူတွေမှာတော့ ခြေကျင်းဝတ်အနောက်ဘက် အာခီးလိစ်အရွတ်နေရာမှာ လက္ခဏာပြတတ်တယ်လို့ ကျွမ်းကျင်သူတွေ ဆိုပါတယ်။
■ သွေးထဲမှာ ကိုလက်စထရောပမာဏ များပြားလာတဲ့အခါ အရွတ်တွေထဲမှာ ကိုလက်စထရောအနည်များ ဖြစ်ပေါ်လာပါတယ်။
■ ထိုအနည်စုပြုံမှုတွေက အရေပြားအောက်မှာ အဖုအကျိတ်ငယ်လေးတွေလို ဖြစ်ပေါ်စေပါတယ်။
■ အာခီးလိစ်အရွတ် ထူထဲလာခြင်းက ကိုလက်စထရောများခြင်းရဲ့ သတိပေးလက္ခဏာ ဖြစ်ဖွယ်ရှိတယ်လို့ သုတေသီတွေ ဖော်ပြထားပါတယ်။
■ အသက် ၁၈ နှစ်မှ ၇၅ နှစ်အတွင်း လူပေါင်း ၂၀၅ ဦးကို အဖွဲ့ ၃ ဖွဲ့ခွဲကာ ကိုလက်စထရောပမာဏ ပုံမှန်ရှိတဲ့အဖွဲ့၊ LDL ပမာဏ ပုံမှန်ထက်ကျော်ခါနီးအဖွဲ့၊ ကိုလက်စထရောများသူများအဖွဲ့ ဆိုပြီး ခွဲလိုက်ပါတယ်။
■ ထိုအခါမှာ ကိုလက်စထရော အများဆုံးလူတွေက အာခီးလိစ်အရွတ် အထူဆုံးသူတွေ ဖြစ်နေပါတယ်။
■ LDL ကိုလက်စထရော များပြားပါက သွေးကြောနံရံတွေမှာ စုပြုံလာပြီး အဆီပိတ်ဆို့မှု ဖြစ်ပေါ်စေကာ သွေးကြောကျဉ်းခြင်း၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ခြေများစေပါတယ်။
■ အသက် ၄၀ ကျော်သူတွေ၊ အဝလွန်သူတွေ၊ သွေးတိုး ဆီးချိုခံစားရသူတွေ၊ ကိုလက်စထရောများခြင်းနဲ့ နှလုံးရောဂါ မျိုးရိုးရှိသူတွေအနေနဲ့ ကိုလက်စထရော စစ်ဆေးသင့်ပါတယ်။
■ ကိုလက်စထရောများခြင်းအတွက် နေထိုင်စားသောက်မှုပုံစံ အရင်ဆုံးပြောင်းလဲရမှာဖြစ်ပြီး ဟင်းရွက်၊ အသီးအနှံ၊ ပဲအမျိုးမျိုး၊ အခွံမာသီးနဲ့ အစေ့အဆန်၊ ဂျုံပြောင်းဆန်တို့ ပိုစားပေးသင့်ပါတယ်။
Source: The Jerusalem Post
အရှေ့အလယ်ပိုင်း ပဋိပက္ခတွေနဲ့ ဟော်မုဇ်ရေလက်ကြား ပိတ်ဆိုမှုတွေကြောင့် ကမ္ဘာ့စီးပွားရေး ရေရှည်သက်ရောက်မှုဖြစ်လာလိမ့်မယ်လို့ ယူကေ စီးပွားရေးနဲ့လူမှုသုတေသနဌာနမှ စီးပွားရေးခန့်မှန်းသုံးသပ်ရေး လက်ထောက်ညွှန်ကြားရေးမှူး စတီဖင်မီလတ်ကပြောပါတယ်။
#World_News
Published 17 July 2026
#ဟော်မုဇ်ရေလက်ကြား
#YMG #Yangon_Times #Yangon_Media_Group
Page 23 of 1215