ကမ္ဘာ့ပထမဆုံး လူသားပုံသဏ္ဍာန်စက်ရုပ် လက်ဝှေ့လိဂ်ပြိုင်ပွဲကို တရုတ်နိုင်ငံ ရှင်ကျန်မြို့မှာ ကြာသပတေးနေ့က စတင်ကျင်းပခဲ့ပြီး တရုတ်၊ အမေရိကန်၊ စင်္ကာပူအပါအဝင် နိုင်ငံပေါင်းစုံမှ ပြိုင်ပွဲဝင်အသင်း ၂၀၀ ကျော် ဆင်နွှဲခဲ့ကြပါတယ်။
#Asia_Technology
Published 27 July 2026
#စက်ရုပ်လက်ဝှေ့လိဂ် #တရုတ်နိုင်ငံရှင်ကျန်မြို့
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 27 July 2026
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုများ လမ်းဖွင့်ပေးနိုင်ရန် ၁၃ ညဆက်တိုက် ပြုလုပ်ခဲ့တဲ့ အီရန်အပေါ် ဗုံးကျဲတိုက်ခိုက်မှုကို သောကြာနေ့မှာ ဆိုင်းငံ့ခဲ့ပါတယ်။
■ အမေရိကန်ဘက်က စစ်ဆင်ရေး ရပ်ဆိုင်းထားသရွေ့ ကာလပတ်လုံး အီရန်အနေနဲ့လည်း တိုက်ခိုက်မှုများ ရပ်တန့်ထားမယ်လို့ အီရန်ထိပ်တန်းအရာရှိတစ်ဦးက ပြောခဲ့ပြီး တိုက်ခိုက်လာပါက ပြန်လည်တိုက်ခိုက်မယ်ဆိုတဲ့ မူဝါဒက ကိုင်စွဲထားပါတယ်။
■ အမေရိကန်တပ်ဖွဲ့များက အသင့်အနေအထား ရှိနေဆဲဖြစ်ပေမယ့် သံတမန်ရေးရာ ညှိနှိုင်းမှုများအတွက် အခွင့်အလမ်းပေးရန် ထရမ့်က စစ်ဆင်ရေးများ ခေတ္တရပ်နားခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် မိုက်ဝေါ့ဇ်က ပြောပါတယ်။
■ ဟော်မုဇ်ရေလက်ကြား ပတ်ဝန်းကျင်ရှိ မူလသတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်အများစုမှာ ကုန်လုနီးပါးဖြစ်နေပြီလို့ အမေရိကန် ဗဟိုစစ်ဌာနချုပ်အကြီးအကဲ ဘရက်ဒါကူးပါးက တင်ပြထားပါတယ်။
■ စစ်ပွဲပိုမိုကြီးထွားလာပါက လေကြောင်းရန်ကာကွယ်ရေး လက်နက်ခဲယမ်းများ ကုန်ခမ်းသွားနိုင်ကြောင်း ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်းနဲ့ ဒုသမ္မတ ဂျေဒီဗန့်စ်အပါအဝင် ထိပ်တန်းအကြံပေးများ ပူပန်နေကြပါတယ်။
■ အီရန်အရာရှိများက အမေရိကန်ရည်ရွယ်ချက်အပေါ် သံသယရှိကြောင်း ထုတ်ဖော်ခဲ့ကြပြီး ယခုစစ်ဆင်ရေးရပ်နားမှုဟာ ငြိမ်းချမ်းရေး ကြိုးပမ်းမှုဆိုတာထက် စစ်ရေးဗျူဟာရွှေ့ကွက်တစ်ခုအဖြစ် ရှုမြင်နေကြပါတယ်။
Source: Reuters
#World_Health
Published 27 July 2026
■ ယူကေရဲ့ လေ့လာသုံးသပ်မှုကြီးတစ်ခုမှာ အသက် ၂ နှစ်အောက် မွေးကင်းစနဲ့လမ်းလျှောက်စ ကလေးငယ်တွေကို ဖုန်း၊ တီဗီ၊ တက်ဘလက်တို့ ကြည့်ရှုစေခြင်းမျိုး လုံးဝမပြုလုပ်ရန် အကြံပြုထားပါတယ်။
■ ယူကေတက္ကသိုလ် ၄ ခုမှ သုတေသီများဟာ ကလေးငယ်တစ်ဦးရဲ့ဘဝ အရေးအကြီးဆုံးအချိန်ဖြစ်တဲ့ ပထမဆုံးရက်ပေါင်း ၁,၀၀၁ ရက်အတွင်း ဒီဂျစ်တယ်ဖန်သားပြင်နဲ့ ထိတွေ့ခြင်းအန္တရာယ်များကို ဆန်းစစ်လေ့လာခဲ့ကြပါတယ်။
■ အသက်ငယ်စဉ်မှာ ဖန်သားပြင်နဲ့ ထိတွေ့ခြင်းဟာ စကားပြောဖွံ့ဖြိုးမှု နှောင့်နှေးခြင်း၊ အိပ်စက်မှု အနှောင့်အယှက်ဖြစ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းသွားခြင်း၊ ကလေးနဲ့မိဘကြား ရင်းနှီးမှုလျော့နည်းသွားခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။
■ ကလေးတွေ ငိုယိုနေတဲ့အခါ ဒီဂျစ်တယ်ပစ္စည်းတွေ အသုံးပြုပြီး ချော့လိုက်ခြင်းက မိဘစောင့်ရှောက်သူများအပေါ် မှီခိုမှုကို အစားထိုးလိုက်သလိုဖြစ်သွားပြီး ကလေးရဲ့ စိတ်ခံစားမှုဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ထိခိုက်စေနိုင်ပါတယ်။
■ မရည်ရွယ်ဘဲ အသုံးပြုမိတာမျိုး ဖြစ်လေ့ဖြစ်ထ ရှိပေမယ့် ဖွံ့ဖြိုးဆဲအရွယ်မှာ ရည်ရွယ်ချက်ရှိရှိ စက်ပစ္စည်းများ အသုံးပြုစေခြင်းက အကျိုးကျေးဇူး ထူးထူးခြားခြားပေးနိုင်မှာမဟုတ်ပါဘူး။
■ မိဘများကို ကူညီပံ့ပိုးနိုင်ရန် လက်ရှိလမ်းညွှန်ချက်များကို ပြန်လည်ပြင်ဆင်ရန်နဲ့ ကလေးများရဲ့ ဖန်သားပြင်အသုံးပြုမှု အန္တရာယ်ဆန်းစစ်ချက်များကို သတ်မှတ်ပေးရန် ကျွမ်းကျင်သူများက မူဝါဒချမှတ်သူများကို တိုက်တွန်းထားပါတယ်။
■ ပိုမိုရှင်းလင်းတဲ့ လမ်းညွှန်ချက်များ ပေးခြင်းဖြင့် မိဘများအနေဖြင့် ကလေးငယ်များကို ငယ်စဉ်တည်းက ဖန်သားပြင်ကြည့်စေတဲ့ အလေ့အကျင့်ဆိုးများ ပြုလုပ်စေခြင်းမှ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
Source: Indian Express
#World_Health
Published 27 July 2026
■ ညစာစားပြီးပြီးချင်း အလွန်အေးစက်တဲ့ အခန်းထဲမှာ အိပ်စက်ခြင်းမပြုရန် အစာအိမ်နဲ့ အူလမ်းကြောင်း အထူးကုဆရာဝန်ကြီး ဒေါက်တာ ဆူးရပ်ဘ်ဆက်သီက သတိပေးထားပါတယ်။
■ အစားစားပြီးနောက် အစာချေဖျက်မှုကို အထောက်အကူပြုရန်အတွက် ခန္ဓာကိုယ်တွင်းအပူချိန် သဘာဝအတိုင်း မြင့်တက်လာကာ ပြင်ပက အေးစက်မှုနဲ့ ရုတ်တရက် ထိတွေ့တဲ့အခါ အပူချိန်ရိုက်ခတ်မှု ဖြစ်ပေါ်စေပါတယ်။
■ ဒီလိုမျိုး အပူချိန်ကွာခြားသွားခြင်းက ခန္ဓာကိုယ် ဖိအားဖြစ်စေပြီး အူလမ်းကြောင်းဆိုင်ရာ အကျိုးပြုဘက်တီးရီးယား အလုပ်လုပ်ပုံပြောင်းလဲစေကာ အစာချေစနစ်တစ်ခုလုံး သိသိသာသာ နှေးသွားစေနိုင်ပါတယ်။
■ အေးစက်ခြင်းကြောင့် အစာချေစနစ် နှေးသွားခြင်းဟာ အစားစားပြီးပြီဂချင်း လဲလျောင်းခြင်းနဲ့ ပေါင်းစပ်သွားပါက အက်ဆစ်ပြန်တက်ခြင်း၊ ရင်ပူခြင်း၊ ဗိုက်အောင့်ဗိုက်ကယ်ခြင်း ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေပါတယ်။
■ အက်ဆစ်လျှံတက်ခြင်း၊ အူမကြီးလှုပ်ရှား မမှန်တဲ့ရောဂါ၊ နာတာရှည် အက်ဆစ်ဓာတ်များတဲ့ လူနာတွေဟာ ညဘက်မှာ အစာအိမ်နဲ့ အူလမ်းကြောင်း ပြင်းထန်တဲ့ဝေဒနာ ခံစားရလွယ်ပါတယ်။
■ အိပ်စက်အနားယူစဉ် အပူချိန်ကြောင့် ခန္ဓာကိုယ်မှာ ဖိအားမဖြစ်စေရန် အပူချိန်ကို ၂၄ မှ ၂၆ ဒီဂရီဆဲလ်စီးယပ်စ်ကြား ထားရှိရန် ကျွမ်းကျင်သူတွေအကြံပြုထားပါတယ်။
■ အစားအစာတွေကို အစာကျေညက်စေဖို့အတွက် အစားစားပြီးနောက် အနည်းဆုံး ၂ နာရီမှ ၃ နာရီခန့် စောင့်ပြီးမှသာ အိပ်စက်သင့်ကြောင်း ဆရာဝန်များ အကြံပြုထားပါတယ်။
Source: NDTV
#World_Health
Published 26 July 2026
■ JAMA Internal Medicine ဖော်ပြချက်အရ လေ့လာမှုတစ်ခုမှာ မိခင်နဲ့ကလေး အတွဲပေါင်း ၇ သိန်းကျော်ရဲ့ ကိုယ်ဝန်ဆောင်ချိန် ပါရာစီတမော သုံးစွဲမှုကို ဆန်းစစ်လေ့လာခဲ့ကြပါတယ်။
■ ညီအစ်ကို မောင်နှမများကြား နှိုင်းယှဉ်ဆန်းစစ်မှုနည်းလမ်းကို အသုံးပြုပြီး ဗီဇဆိုင်ရာနဲ့ မိသားစုတွင်း တူညီတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ လွှမ်းမိုးမှုကို တွက်ချက်ခဲ့ပါတယ်။
■ ကိုယ်ဝန်ဆောင်စဉ် ပါရာစီတမော သုံးစွဲခြင်းနဲ့ ကလေးတွေမှာ အော်တစ်ဇင်၊ ADHD ဖြစ်ပွားနိုင်ခြေ တိုးများလာခြင်းတို့ကြား ဆက်စပ်မှုတွေ မတွေ့ရပါဘူး။
■ ယခင်တွေ့ရှိချက်များရဲ့ ဆက်စပ်မှုတွေအရ မိခင်ဖျားနာခြင်း၊ ကူးစက်ရောဂါဖြစ်ခြင်း စတဲ့ ကျန်းမာရေးအခြေအနေတွေ ရောထွေးနေတဲ့ အကြောင်းအရင်းတွေကြောင့်သာ ဖြစ်တယ်လို့ ရလဒ်များ ဖော်ပြထားပါတယ်။
■ ပါရာစီတမောကို ဘယ်လောက်ပမာဏ၊ ဘယ်နှကြိမ်၊ ကိုယ်ဝန်လအပိုင်းအခြား သောက်သုံးသည်ဖြစ်စေ အန္တရာယ်မရှိကြောင်းတွေ့ရှိရပါတယ်။
■ ကိုယ်ဝန်ဆောင်ချိန် ပြင်းထန်စွာ နာမကျန်းဖြစ်ခြင်းကို မကုသဘဲ နေခြင်းက သင့်လျော်တဲ့ ဆေးဝါးသုံးစွဲခြင်းထက်စာရင် ကလေးအတွက် ပိုပြီးအန္တရာယ်ကြီးမားကြောင်း ကျန်းမာရေးကျွမ်းကျင်သူများ ထောက်ပြထားပါတယ်။
■ ပါရာစီတမောကို ဆရာဝန်ညွန်ကြားတဲ့အတိုင်း သုံးစွဲပါက ကိုယ်ဝန်ဆောင်ချိန်မှာ ဝေဒနာသက်သာစေရန် စိတ်ချရပြီး သင့်လျော်တဲ့ အကိုက်အခဲပျောက်ဆေးအဖြစ် ဆက်ရှိနေကြောင်း အတည်ပြုလိုက်ပါတယ်။
Source: NDTV
#World_Health
Published 26 July 2026
■ တက်တူးထိုးခြင်းကြောင့် အရေပြားအတွင်း ပိတ်မိနေတဲ့ တက်တူးမင်အမှုန်များကို သွေးဖြူဥဆဲလ်များက ဖယ်ရှားရန် ကြိုးပမ်းပေမယ့် မအောင်မြင်ဘဲ တသက်တာလုံး ကိုယ်ခံအားတုံ့ပြန်မှုဖြစ်စဉ် ဖြစ်ပေါ်စေပါတယ်။
■ အချိန်ကြာလာတာနဲ့အမျှ အဏုကြည့်မှန်ပြောင်းဖြင့်သာ မြင်ရတဲ့ တက်တူးမင်အမှုန်တွေဟာ ကွာကျလာပြီး ခန္ဓာကိုယ်အတွင်းသို့ ပျံ့နှံ့ကာ လင့်ဂလင်းများအတွင်းသို့ တိုက်ရိုက်စုပြုံလာကြပါတယ်။
■ တက်တူးအလွန်အကျွံ ထိုးခြင်းက ဖျားနာမှုပြင်းပြင်းထန်ထန် ဖြစ်စေနိုင်ပြီး ရက်ပါ MGK ဆိုရင် ကိုယ်လုံးတစ်ခုလုံးမှာ တက်တူးတွေ အပြင်းအထန် ထိုးခဲ့စဉ်က အသားဝါလာခြင်းလိုမျိုး ဖြစ်ရပ် ဖြစ်ပေါ်စေနိုင်ပါတယ်။
■ တက်တူးမင်တွေမှာ စက်မှုလုပ်ငန်းသုံး ရောင်ခြယ်ပစ္စည်းများ၊ သတ္တုထည်များ၊ အိတ်ဇောငွေ့နဲ့ ဆင်တူတဲ့ ဟိုက်ဒရိုကာဗွန်များ အများအပြား ပါဝင်တတ်ကြပါတယ်။
■ အရောင်ပါတဲ့မင်တွေ အထူးသဖြင့် အနီရောင်ဟာ ဓာတ်မတည့်မှု ပြင်းထန်စွာ ဖြစ်နိုင်ပြီး နာတာရှည် အတွင်းပိုင်းရောင်ရမ်းမှုများကို အများဆုံးဖြစ်စေနိုင်ပါတယ်။
■ နေရောင်ခြည်ထိတွေ့ခြင်း၊ လေဆာဖြင့် ဖယ်ရှားခြင်းတို့ကြောင့် မင်ရောင်ခြယ်ပစ္စည်းများဟာ မျိုးဗီဇထိခိုက်ပျက်စီးမှုနဲ့ ဆက်စပ်တဲ့ ဓာတုပစ္စည်းများအဖြစ် ပြိုကွဲသွားနိုင်ကာ ကင်ဆာဖြစ်ပွားနိုင်ခြေ စိုးရိမ်မှုများ မြင့်တက်စေပါတယ်။
■ ကျန်းမာရေးကျွမ်းကျင်သူများက တက်တူးမင်ပါဝင်ပစ္စည်းများကို သုတေသနပြု စစ်ဆေးကြရန် တိုက်တွန်းထားကြပြီး ကိုယ်ခံအားစနစ် အားနည်းသူများအနေဖြင့် တက်တူးမထိုးမီ ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်ဆွေးနွေးရန် အကြံပြုထားပါတယ်။
Source: NDTV
ဗောက်စ်ဝက်ဂန်ကုမ္ပဏီက ပြိုင်ဘက်များနဲ့ ကုန်ကျစရိတ် ကွာဟချက်လျှော့ချရန်အတွက် ကမ္ဘာတဝှမ်းမှ အလုပ်အကိုင်နေရာပေါင်း ၅ သောင်းကျော် လျှော့ချရန်လိုအပ်နိုင်ကြောင်း ကုမ္ပဏီစီအီးအို အိုလီဗာဘလူးမ်က ပြောကြားခဲ့တယ်လို့ ကုမ္ပဏီမှတ်တမ်းတစ်ခုအရ သိရပါတယ်။
#World_Industry
Published 25 July 2026
#ဗောက်စ်ဝက်ဂန်ကုမ္ပဏီ
#YMG #Yangon_Times #Yangon_Media_Group
Page 20 of 1216