#World_Health
Published 19 October 2024
▪️ ကလေးတွေရဲ့ ပြောဆိုဆက်ဆံရေး စွမ်းရည်များအပေါ် စမတ်ဖုန်းများရဲ့ သက်ရောက်မှုနဲ့ ပတ်သက်ပြီး မကြာသေးမီက စစ်တမ်းပြုလုပ်ရာမှာ စမတ်ဖုန်း အသုံးများခြင်းကြောင့် ကလေးတွေမှာ စကားပြောဆိုခြင်းနဲ့ နားထောင်ခြင်းစွမ်းရည်များ နှောင့်နှေးစေတယ်လို့ ညွှန်ပြနေပါတယ်။
▪️ စမတ်ဖုန်းတွေက ကလေးတွေရဲ့ ပြောဆိုဆက်ဆံမှုစွမ်းရည် ထိခိုက်စေမှာကို စီးပွားရေးခေါင်းဆောင် ၃ ပုံ ၂ ပုံကျော်လောက်က စိုးရိမ်နေကြတယ်လို့ အင်္ဂလန်နိုင်ငံမှ YouGov စစ်တမ်းမှာ ဖော်ပြထားပါတယ်။
▪️ အော်ရေစီပညာရေးကော်မရှင်က ဒီပြဿနာကို ဖြေရှင်းဖို့ ဗြိတိန်ပြည်ထောင်စု အစိုးရကို တိုက်တွန်းနေပါတယ်။
▪️ အဆိုပါစစ်တမ်းကို ယခုနှစ် ဖေဖော်ဝါရီမှ မတ်လအတွင်း ကောက်ယူခဲ့တာဖြစ်ကာ စီးပွားရေးပိုင်း ဆုံးဖြတ်သူ ၁၀၀၇ ဦးပါဝင်ထားပြီး ကဏ္ဍအသီးသီးမှာ စိုးရိမ်စရာရှိနေတာကို ထောက်ပြနေပါတယ်။
▪️ လူငယ်တွေမှာ စွမ်းရည်တွေ ကျဆင်းနေရင် စီးပွားရေး တိုးတက်မှာမဟုတ်သလို အားလုံးနေထိုင်ချင်ကြတဲ့ အဖွဲ့အစည်းလိုမျိုး ဖန်တီးနိုင်မှာ မဟုတ်ကြောင်း၊ စကားပြောခြင်းနဲ့ နားထောင်ခြင်းတို့က အခြေခံကျတဲ့အရာဖြစ်ကြောင်း KPMG ပညာရေးနှင့် စွမ်းရည်ပိုင်းဆိုင်ရာ အကြီးအကဲ ဂျက်စတင်းအန်ဒရူးက ပြောသွားပါတယ်။
▪️ လူငယ်တွေမှာ စိတ်ကူးဉာဏ်များ ပေါ်ထွက်ရန်၊ အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးမှုတွေမှာ ပါဝင်ရန်၊ ရှုထောင့်အမျိုးမျိုးကနေ နားလည်တတ်ရန် စတဲ့စွမ်းရည်များ ရှိနေဖို့ အရေးကြီးကြောင်း အော်ရေစီပညာရေးကော်မရှင် ဥက္ကဌ ဂျော့ဂျ်ဘာတန်က ဆိုပါတယ်။
▪️ ကျောင်းသားများ သင်ယူလေ့လာခြင်းကို မြှင့်တင်နိုင်ရန် ဆရာပိုင်းဆိုင်ရာ သင်ကြားရေး အဆင့်မြှင့်သွားဖို့ ဆွေးနွေးမှုတွေ ပြုလုပ်သင့်ကြောင်းလည်း ဖော်ပြချက်ထဲမှာ ထောက်ခံထားပါတယ်။
▪️ မွမ်းမံထားတဲ့ GCSE အင်္ဂလိပ်ဘာသာစကား အရည်အချင်းစစ်ဆေးခြင်းမှာ စကားပြောဆိုခြင်းနဲ့ နားထောင်ခြင်း စွမ်းရည်တို့ကို အစိတ်အပိုင်းတစ်ခုအနေဖြင့် တရားဝင်ထည့်သွင်းဖို့ အကြံပြုထားပါတယ်။
#Source: WION
တရုတ်ပြည်ရှိ ဂျပန်စွန့်ပစ်ဓာတုလက်နက်များ ဖျက်ဆီးရေးလုပ်ငန်းစဉ်အား OPCWအကြီးအကဲနှင့် ကိုယ်စားလှယ်များသွားရောက်စစ်ဆေးကြည့်ရှု
ဓာတုလက်နက်များ တားမြစ်ရေးအဖွဲ့အစည်း(OPCW) အကြီးအကဲက တရုတ်နိုင်ငံသို့ မကြာသေးမီကသွားရောက်ခဲ့ကာ တရုတ်ပြည်မှာ ဂျပန်တို့စွန့်ပစ်ထားတဲ့ ဓာတုလက်နက်များ ဖယ်ရှားဖို့က ကမ္ဘာကြီးမှာ ဓာတုလက်နက်များ ကင်းစင်ပပျောက်ရေး အဓိကဦးတည်ချက်တွေထဲက တစ်ခုဖြစ်တယ်လို့ ထပ်မံပြောကြားသွားပါတယ်။
#World_News
Published 19 October 2024
#OPCW #ဓာတုလက်နက်
#YMG #Yangon_Times #Yangon_Media_Group
Published 16 October 2024
တောင်ကိုရီးယား ဂျော်လာစီရင်စု ဂွန်ဆန်ရှိ မန်ဂျောင်မြစ်ကနေ ရရှိတဲ့ ငှက်မစင်တွေထဲကနေ အလွန်ကူးစက်မြန်တဲ့ H5N3 ငှက်တုပ်ကွေးရောဂါပိုးများ ပထမဆုံးတွေ့ရှိခဲ့တယ်လို့ ကျေးလက်နဲ့ စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။
Source CCTV
#Daily_News
Published 19 October 2024
၁။ သီတင်းကျွတ်ပွဲတော်ကာလ ဖြစ်သောကြောင့် သကြားအရောင်းအဝယ်ကောင်းနေ
၂။ ဒီဇယ်ဈေးတက်၍ ရထားလက်မှတ်ခများပြောင်းလဲသတ်မှတ်မည်
၃။ 'အာရှဖလားအမျိုးသမီး ဖူဆယ်ခြေစစ်ပွဲ' မြန်မာအပါအဝင်နိုင်ငံ(၄)ခု၌ စတင်ကျင်းပမည်
၄။ တရုတ်ပြည်ရှိ ဂျပန်စွန့်ပစ်ဓာတုလက်နက်များဖျက်ဆီးရေးလုပ်ငန်းစဉ်အား OPCW အကြီးအကဲနှင့် ကိုယ်စားလှယ်များ သွားရောက်စစ်ဆေးကြည့်ရှု ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 19 October 2024
▪️ ကျူးဘားနိုင်ငံမှာ အဓိကဓာတ်အားပေး စက်ရုံကြီးတွေထဲကတစ်ခု ပျက်စီးသွားသဖြင့် နိုင်ငံတဝှမ်း ဓာတ်အားပြတ်တောက်ပြီးနောက် နာရီပိုင်းအကြာမှာပဲ သောကြာနေ့ ညနေခင်းလောက်မှာ ဓာတ်အားလိုင်းအချို့ လျှပ်စစ်ပြန်ရနေပြီလို့ တာဝန်ရှိသူများက ပြောပါတယ်။
▪️ လူဦးရေ ၁၀ သန်းလောက်ရှိတဲ့ နိုင်ငံရဲ့ အများစုကတော့ သောကြာနေ့ညအထိ ဓာတ်အားမရသေးပေမယ့် အဓိကဆေးရုံကြီးများ အပါအဝင် မြို့တော်ဟာဗားနား အချို့နေရာတွေမှာ ခဏအတွင်းမှာပဲ ဓာတ်အားပြန်ရခဲ့ပါတယ်။
▪️ ရေနံလောင်စာသုံး ဓာတ်အားပေးစက်ရုံ အနည်းဆုံး ၅ ခုကို ညတွင်းချင်း ပြန်လည်မောင်းနှင်ခဲ့ကာ နေရာအများအပြားမှာ ဓာတ်အားပြန်လည် ရရှိစေတယ်လို့ လျှပ်စစ်ဓာတ်အားလိုင်းပိုင်ရှင် UNE က ဆိုပါတယ်။
▪️ ကွန်မြူနစ်အစိုးရက ကျောင်းများနဲ့ မရှိမဖြစ်မဟုတ် လုပ်ငန်းများကို သောကြာနေ့ အစောပိုင်းမှာ ပိတ်သိမ်းခိုင်းခဲ့ပြီး အစိုးရလုပ်သားအများစုကို အိမ်ပြန်လွှတ်ခဲ့ပါတယ်။
▪️ အပန်းဖြေနေရာများ နိုက်ကလပ်များကိုလည်း ပိတ်သိမ်းဖို့ အမိန့်ပေးခဲ့ပါတယ်။
နေ့လယ်မတိုင်ခင်မှာ နိုင်ငံရဲ့ အကြီးမားဆုံး အန်တိုနီယိုဂူထရက်စ် ဓာတ်အားပေးစက်ရုံ ဓာတ်အားမပေးနိုင်တော့သဖြင့် လုံးဝပြတ်တောက်သွားပြီး ကျွန်းတစ်ကျွန်းလုံး အမှောင်ဖုံးသွားပါတယ်။
▪️ ဓာတ်အားပေးစက်ရုံကြီး ပျက်သွားရတဲ့ ပြဿနာကို ဖြေရှင်းဖို့လုပ်နေပေမယ့် အကြောင်းအရင်းတော့ မသိရသေးပါဘူး။
▪️ ကျူးဘားနိုင်ငံမှာ စားနပ်ရိက္ခာ၊ လောင်စာ၊ ရေ၊ ဆေးဝါးများ ရှားပါးနေပြီး နေထိုင်ရေး ခက်ခဲနေချိန်မှာ အခုလို ဓာတ်အားပြတ်တောက်သွားတာက ပိုမိုဆိုးရွားစေပါတယ်။
▪️ ဘရာဇီးလ်မှ ခရီးသွားဧည့်သည် ကားလို့စ်ရောဘတ်ဘိုဂျူလီယိုက ဟာဗားနားကို မကြာမီကမှ ရောက်ရှိလာပြီး ဓာတ်အားပြတ်တောက်သဖြင့် စားသောက်ဆိုင်တွေမှာ စားစရာ မရသလို အင်တာနက်လည်း မရကြောင်း၊ နှစ်ရက်အတွင်းမှာပင် ပြဿနာအများအပြား ကြုံနေရကြောင်း ပြောသွားပါတယ်။
▪️ ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းက ဝင်ခဲ့တဲ့ မုန်တိုင်းတစ်ခုကြောင့် ဘေးဒုက္ခများ ကြုံနေရချိန်မှာ တစ်နိုင်ငံလုံး ဓာတ်အားပြတ်တောက်သွားရတာကို ဝန်ကြီးချုပ် မန်နျူယယ်မာရယ်ရိုက အပြစ်တင်သွားပါတယ်။
▪️ ဒေါ်နယ်ထရမ့်လက်ထက်က ချမှတ်ထားတဲ့ အမေရိကန်မှ အရေးယူပိတ်ဆို့မှုတွေကိုလည်း ကျူးဘားအစိုးရက အပြစ်တင်သွားကာ လောင်စာရရှိဖို့ ခက်ခဲနေပါတယ်။
▪️ ယခင်က ကျူးဘားဆီကို လောင်စာပေးပို့နေတဲ့ ရုရှားနဲ့ မက္ကဆီကိုကလည်း တင်ပို့မှုတွေကို အများအပြား လျှော့ချထားပါတယ်။
#Source: Reuters
#World_Science
Published 19 October 2024
▪️ သိပ္ပံပညာရှင်တွေဟာ ဂြိုဟ်သားနည်းပညာများ ရှာဖွေရန် မျှော်လင့်ချက်ဖြင့် နောက်ထပ် နေစကြဝဠာ အဖွဲ့အစည်းတစ်ခုကို မကြာသေးမီက လေ့လာခဲ့ကြပါတယ်။
▪️ ထိုစနစ်ကို အယ်လန်တယ်လီစကုပ်အရေး အသုံးပြုကာ ၂၈ နာရီကြာအောင် ကြည့်ရှုခဲ့ပေမယ့် ဘယ်နေရာမှာမှ ရှာမတွေ့ခဲ့ပါဘူး။
▪️ ဒါပေမဲ့ လာမယ့်နှစ်တွေမှာ ဂြိုဟ်သားတွေ အချက်ပြထုတ်လွှင့်တာကို ဖမ်းယူမိမယ်လို့ ယုံကြည်နေကြပါတယ်။
▪️ Trappist-1 လို့ နာမည်ပေးထားတဲ့ အဖွဲ့အစည်းစနစ်ဟာ ဂြိုဟ်သားရှာတွေ့နိုင်မယ့် အသေချာဆုံးနေရာအဖြစ် သတ်မှတ်ထားပါတယ်။
▪️ အနီရောင်ဂြိုဟ်သေးလေး တစ်ခုဖြစ်ပြီး အလင်းနှစ် ၄၀ ခန့်ကွာဝေးပါတယ်။
▪️ ဂြိုဟ်အများအပြား လှည့်ပတ်နေပြီး သက်ရှိများ နေထိုင်နိုင်လောက်တဲ့ အခြေအနေရှိနေမယ်လို့ သိပ္ပံပညာရှင်များ ယုံကြည်ထားပါတယ်။
▪️ Trappist-1 ကို ကာလကြာရှည်စွာ သုတေသနလုပ်ခဲ့ပေမယ့် လိုချင်တဲ့ရလဒ်မျိုး မရခဲ့ပါဘူး။
▪️ ဒါပေမဲ့ အနာဂတ်မှာတော့ ဂြိုဟ်သားအချက်ပြမှုများ တွေ့ရှိလာနိုင်မယ်လို့ ယူဆထားပါတယ်။
▪️ အချက်ပြမှုပေါင်း သန်းနဲ့ချီ ခြေရာခံတွေ့ရှိထားကာ ၁၁၀၀၀ ခန့်ကို ဆန်းစစ်ထားပါတယ်။
▪️ တစ်နေ့နေ့မှာ ဂြိုဟ်သားသက်ရှိ ရှိနိုင်မယ့်တည်နေရာနဲ့ အချိန်တို့ကို စစ်ထုတ်သွားဖို့ ရည်မှန်းနေကြပါတယ်။
▪️ အာကာသထဲသို့ လွှတ်လိုက်တဲ့ ရေဒီယိုအချက်ပြမှုတွေနဲ့ ဆင်တူတာကို တွေ့နိုင်ရန် နီးစပ်နေပြီလို့ ပန်စတိတ်တက္ကသိုလ်မှ ဘွဲ့ရကျောင်းသားသုတေသီ နစ်ခ်တူဆေးက ပြောပါတယ်။
▪️ အသစ်ထုတ်လုပ်ထားတဲ့ SKA ကိရိယာကို အာကာသယာဉ်ဖြင့် ချိတ်ဆက်ကာ အချက်ပြမှုများ ရှာတွေ့နိုင်မယ်လို့ ယုံကြည်နေပါတယ်။
#Source: WION
#World_Health
Published 19 October 2024
▪️ အမေရိကန် မင်နီဆိုတာမှ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ သွေးစုပ်ဖုတ်ကောင်(ဗမ်ပိုင်းယား) ရောဂါ ခံစားနေရတာကြောင့် ဆာလ်ဖာပါဝင်တဲ့ ကြက်သွန်ဖြူ စားတဲ့အခါ အသက်အန္တရာယ် ဖြစ်စေသည်အထိ ခံစားရကြောင်း ထုတ်ဖော်လာပါတယ်။
▪️ ဗမ်ပိုင်းယားရောဂါလို့ခေါ်တဲ့ AIP ဟာ ရှားပါးမျိုးဗီဇချို့ယွင်းခြင်း ရောဂါမျိုးဖြစ်ပြီး ရောဂါဖောက်တဲ့အခါမှာ အလွန်အမင်းနာကျင်ခံစားရကာ အခြားလက္ခဏာများလည်း ဖြစ်ပေါ်ရပါတယ်။
▪️ ဖီးနစ်နိုက်တင်ဂေးလ်ဆိုတဲ့ အမျိုးသမီးဟာ ဒီရောဂါကို ခံစားနေရသူဖြစ်ပါတယ်။
▪️ AIP ဆိုတာက ပေါ်ဖိုင်ရင်ဆိုတဲ့ ဓာတုပစ္စည်းများ စုပြုံလာခြင်းကြောင့် ဖြစ်ရပြီး သွေးနီဥဆဲလ်များထဲက ဟေမိုဂလိုဘင်ကို ထုတ်လုပ်ပေးတဲ့ ပစ္စည်းဖြစ်ပါတယ်။
▪️ ဒီရောဂါက အာရုံကြောစနစ်ကို ထိခိုက်ကာ ဝမ်းဗိုက်အလွန်အမင်း နာကျင်ခြင်း၊ အော့အန်ခြင်း၊ ခေါင်းတခြမ်းကိုက်ခြင်း၊ ဝမ်းချုပ်ခြင်းတို့ ဖြစ်စေပါတယ်။
▪️ နိုက်တင်ဂေးလ်က ဒီလက္ခဏာတွေကို ၂ ရက်လောက်အထိ ခံစားရကာ သတိလစ်ခြင်း၊ မခံမရပ်နိုင်အောင် နာကျင်ခြင်းအထိ ဖြစ်စေပါတယ်။
▪️ AIP ရောဂါသည်တွေရဲ့ ဖြစ်စဉ်က ဒဏ္ဍာရီထဲက သွေးစုပ်ဖုတ်ကောင်တွေရဲ့ အဖြစ်နဲ့ ဆင်တူနေပါတယ်။
▪️ သွေးစုပ်ဖုတ်ကောင်တွေလိုမျိုး အသားဖြူဖွေးပျော့ဖတ်နေခြင်း၊ နေရောင်အထိမခံနိုင်ခြင်း၊ ဆာလ်ဖာဓာတ်မတည့်ခြင်းကြောင့် ကြက်သွန်ဖြူမတည့်ခြင်းတို့ ဖြစ်တတ်ပါတယ်။
▪️ နိုက်တင်ဂေးလ်ဟာ စားသောက်တဲ့အခါမှာ ကြက်သွန်ဖြူ၊ စပျစ်နီ၊ ပဲပိစပ်၊ အယ်လ်ကိုဟော၊ ကော်ဖီတို့ အပါအဝင် အစားအစာအချို့ ရှောင်ရှားရပါတယ်။
▪️ AIP အတွက် ကုသနည်းမရှိပေမယ့် လက္ခဏာများ ထိန်းချုပ်ပေးခြင်းနဲ့ ရောဂါထစေတဲ့ အရာများ ရှောင်ရှားခြင်းတို့ ပြုလုပ်နိုင်ပါတယ်။
▪️ ထိုအမျိုးသမီးဟာ ဘဝတလျှောက်လုံးမှာ အကြိမ် ၄၈၀ ကျော် ရောဂါထခဲ့ပြီး ဆယ်စုနှစ်တွေကြာတော့မှ ၂၀၂၃ မှာ ရောဂါရှိကြောင်း သိရှိခဲ့ပါတယ်။
#Source: India Today
Page 24 of 821