#World_Health
Published 10 March 2026
■ လေ့လာချက်အသစ်ထဲမှာ သက်လတ်ပိုင်းလူတွေနဲ့ သက်ကြီးပိုင်းလူတွေမှာ ဆေးခြောက်အသုံးပြုသူတွေအနေနဲ့ ဦးနှောက်နဲ့ အသိဉာဏ်အကျိုးကျေးဇူးများ ရနိုင်ဖွယ်ရှိတယ်လို့ တွေ့ရှိလာပါတယ်။
■ သုတေသနအရ အမေရိကန်မှာ အသက် ၅၀ မှ ၆၄ နှစ်အတွင်း လူတွေမှာ ၅ ဦးလျှင် ၁ ဦးနှုန်းနီးပါးက ဆေးခြောက်အသုံးပြုနေပါတယ်။
■ အသက်ကြီးသူတွေမှာ ဆေးခြောက်ပိုမိုသုံးလာကြပြီး ပိုမိုရရှိလာနိုင်သလို အိပ်စက်မှု၊ နာတာရှည်ကိုက်ခဲမှုတို့အတွက် အသုံးပြုကြတယ်လို့ ကိုလိုရာဒိုအန်ရှက်ဇ်ဆေးတက္ကသိုလ်မှ စိတ်အထူးကု ဒေါက်တာ အန်နီကာဂူဟာက ပြောပါတယ်။
■ အသက်ကြီးလာတဲ့အခါ ဆေးခြောက်အသုံးပြုခြင်းရဲ့ ရေရှည်သက်ရောက်မှုတွေကို သိလာမှရပါမယ်လို့ ဆိုပါတယ်။
■ ဂူဟာနဲ့အဖွဲ့က ယူကေမှာနေထိုင်တဲ့ ပျမ်းမျှအသက် ၅၅ နှစ်ရှိတဲ့ လူပေါင်း ၂၆,၃၆၂ ဦးထံမှ အချက်အလက်များ ဆန်းစစ်ခဲ့ကြပါတယ်။
■ ဒီနောက် စိတ်ပိုင်းဆိုင်ရာနဲ့ ဆက်စပ်နေတဲ့ စမ်းသပ်မှုများကို ပြုလုပ်ခဲ့ကြရာ ဆေးခြောက်အသုံးပြုတဲ့ လူကြီးတွေမှာ ဦးနှောက်ထုထည်နေရာတွေ ပိုမိုကျယ်ပြန့်တာ တွေ့ရပါတယ်။
■ ယေဘုယျအားဖြင့် ဦးနှောက်ထုထည် ကျုံ့လာတဲ့အခါ အသိဉာဏ်လုပ်ဆောင်ချက်တွေ ကျဆင်းပြီး ဒီမန်ရှာရောဂါ ဖြစ်နိုင်ခြေ များပါတယ်။
■ ဆေးခြောက်ကို အသင့်အတင့် အသုံးပြုခြင်းက အကျိုးကျေးဇူး အများဆုံးပေးနိုင်မှာ ဖြစ်ပါတယ်။
■ ဆေးခြောက်အသုံးပြုတာ များရင်တော့ အချို့သော ဦးနှောက်အစိတ်အပိုင်းတွေ ကျုံ့သွားတာမျိုး ဖြစ်နိုင်ပါတယ်။
■ ဆေးခြောက်က ဦးနှောက်အပေါ်သက်ရောက်ပုံတွေကို စူးစမ်းလေ့လာဖို့ နောက်ထပ်သုတေသနတွေ လုပ်နေပါတယ်။
Source: New York Post
#World_Science
Published 10 March 2026
■ အဆင့်မြင့်ဆုံး နို့တိုက်သတ္တဝါ ပရိုင်းမိတ်တွေထဲမှာ မေးစေ့ပါတာဆိုလို့ လူသားတွေပဲ ရှိတဲ့အကြောင်းကို ဇီဝဗေဒပညာရှင်တွေ သိချင်နေကြပါတယ်။
■ လူဝံတွေရဲ့ ဦးခေါင်းဖွဲ့စည်းပုံကို ဆန်းစစ်ခဲ့ကြရာမှာ သဘာဝကြီးရဲ့ ရွေးချယ်မှုတွေကနေ ပြောင်းလဲမှုတွေရဲ့ ဘေးထွက်သက်ရောက်မှုအဖြစ် ဆင့်ကဲဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
■ ဆင့်ကဲပြောင်းလဲတယ်ဆိုတာဟာ ရှုပ်ထွေးနိုင်ပြီး လူတွေထင်ထားသလောက် မရိုးရှင်းဘူးလို့ နယူးယော့ခ် ဘက်ဖလိုတက္ကသိုလ်မှ နိုရင်းဗွန်ခရေမွန်တော်ဘာဒယ်က ပြောပါတယ်။
■ ရှင်းရှင်းပြောရရင် မေးစေ့ဆိုတာက အောက်မေးရိုးက ရှေ့သွားကိုကျော်ထွက်လာရာကနေ အရိုးငေါထွက်လာတာဖြစ်ပြီး ဘာလို့ဒီလိုပြောင်းလဲလာရလဲဆိုတာတော့ ထူးဆန်းနေပါတယ်။
■ အချို့သုတေသီတွေက ဒါဟာ အစာဝါးစားတဲ့အခါမျိုး၊ စကားပြောတဲ့အခါမျိုးမှာ မေးရိုးကို ထောက်ပံ့ပေးနိုင်အောင် ဖိအားလျှော့ချပေးတာ ဖြစ်တယ်လို့ ယူဆသလို အချို့ကတော့ အထီးအမခွဲခြားမှုအဖြစ်လည်း ပြောင်းလဲလာတယ်လို့ ယူဆပါတယ်။
■ အချို့ကလည်း မေးစေ့ဟာ ဘာအတွက်လဲဆိုတာကို သိချင်နေကြပါတယ်။
■ သုတေသနအသစ်အရဆိုရင် မျိုးဗီဇပြောင်းလဲခြင်းနဲ့ ဦးခေါင်း မေးရိုးတို့ ဖွဲ့စည်းမှုပြောင်းလဲပုံတွေက အဓိကအကြောင်းအရင်းတွေ ဖြစ်တယ်လို့ ညွှန်ပြနေပါတယ်။
■ ဦးခေါင်းခွံ ၅၃၂ ခုကို လေ့လာဆန်းစစ်ခဲ့ရာ မေးစေ့ဆက်စပ်နေတဲ့ သွင်ပြင်လက္ခဏာ ၃ ခုသာ တိုက်ရိုက်ရွေးချယ်ခံရပြီး အခြားဟာတွေကတော့ ဦးခေါင်းနဲ့မေးရိုး အစိတ်အပိုင်းတွေ ပြောင်းလဲခြင်းရဲ့ ဘေးထွက်သက်ရောက်မှုတွေ ဖြစ်ပါတယ်။
■ ယခုလို မေးစေ့အကြောင်း သိရှိလာခြင်းက ခန္ဓာကိုယ်ထဲမှ ဖွဲ့စည်းမှုတွေက သဘာဝတရားရဲ့ ရွေးချယ်မှုကြောင့် သွယ်ဝိုက်ဆင့်ကဲပြောင်းလဲလာပုံကို ဖော်ပြနေပါတယ်။
Source: NewScientist
#World_Health
Published 09 March 2026
■ အမေရိကန် ၇၅ ရာခိုင်နှုန်းလောက်ဟာ ဖြည့်စွက်အားဆေး တစ်မျိုးမျိုးတော့ အသုံးပြုကြပါတယ်။
■ နေရထိုင်ရတာ သိပ်မကောင်းသလို ခံစားရရင် ဖြည့်စွက်အားဆေး သောက်လိုက်တာဟာ သက်သာသလို ရှိပါတယ်။
■ ဆေးဆိုင်တွေကနေ ဝယ်ယူရရှိနိုင်တဲ့ ဖြည့်စွက်ဆေးတွေဟာ ဘေးကင်းစိတ်ချရတယ်လို့ လူတွေယုံကြည်တတ်ကြကြောင်း MedSter Health မှ ဒေါက်တာ ကယ်လီဂျွန်ဆန်အာဘာက ပြောပါတယ်။
■ ဖြည့်စွက်အားဆေးတွေကို FDA က တင်းကြပ်စွာ ထိန်းချုပ်ထားခြင်း မရှိတာကိုလည်း ဆရာဝန်တွေ စိုးရိမ်နေကြပါတယ်။
■ အင်တာနက်တွေပေါ်မှာ ဖြန့်ဖြူးရောင်းချနေတာတွေက သိပ္ပံနည်းကျ ထောက်ခံချက် အမြဲတမ်းရရှိနေတာ မဟုတ်ဘူးလို့ သတိပေးပါတယ်။
■ ဆရာဝန်နဲ့ မတိုင်ပင်ဘဲ ဖြည့်စွက်ဆေးအသစ်တစ်မျိုး သောက်ခြင်းက ဆေးအပြန်အလှန် ဓာတ်ပြုတာတွေ ဖြစ်နိုင်ပြီး ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။
■ ဒီလိုလုပ်ခြင်းဟာ ရောဂါသိရှိဖို့ ပိုမိုခက်ခဲနိုင်ပြီး ရောဂါအကြောင်းအရင်း ပိုဆိုးလာနိုင်ပါတယ်။
■ အချို့သော ဖြည့်စွက်ဆေးတွေက ခန္ဓာကိုယ်ဖြစ်စဉ်တွေ၊ ဇီဝဖြစ်ပျက်မှုတွေ၊ ဆေးတွေနဲ့ နှောင့်ယှက်နိုင်ပြီး ဆေးတွေရဲ့အာနိသင် ယုတ်လျော့စေနိုင်ကာ အဆိပ်သင့်စေနိုင်ပါတယ်။
■ ဗိုက်တာမင်အားဆေးတွေကတော့ ဆေးသက်ရောက်မှု အနည်းဆုံးရှိပြီး လူအများစုမှာ ပြဿနာဖြစ်လေ့ မရှိဘူးလို့ ဒေါက်တာအလန်က ပြောပါတယ်။
■ ဘယ်လိုပဲဖြစ်ဖြစ် ဖြည့်စွက်အားဆေး မသောက်ခင်မှာ ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်တာက အကောင်းဆုံးဖြစ်ပါတယ်။
Source: AOL
#World_Health
Published 09 March 2026
■ စင်္ကာပူရေပြင်ထဲမှာ ရှေးဟောင်းသုတေသန တူးဖော်ခဲ့ရာမှာ ၁၄ ရာစုနှစ် ယွမ်မင်းဆက်ရတနာသိုက် ကြွေထည်တွေရှိတဲ့ Temasek Wreck ကို တွေ့ရှိခဲ့ပါတယ်။
■ စင်္ကာပူအမျိုးသား အမွေအနှစ်ဘုတ်အဖွဲ့လက်ခွဲ HeritageSG မှ ဒေါက်တာ မိုက်ကယ်ဖလက်ကာ ဦးဆောင်ကာ ၂၀၁၆ မှ ၂၀၁၉ အတွင်း တူးဖော်ခဲ့ရာ ကြွေထည်အပိုင်းအစတွေနဲ့ အကောင်းပကတိကြွေပစ္စည်း ၃ တန်ခွဲခန့်အပြင် စုစုပေါင်းအလေးချိန် ၁၃၆ ကီလိုဂရမ်ခန့် ရရှိခဲ့ပါတယ်။
■ အထင်ရှားဆုံးက တရုတ်ပြည် ကျင်ဒယ်ရှန်မှ အပြာနဲ့အဖြူယွမ်ကြွေပစ္စည်း ဖြစ်ပါတယ်။
■ ယွမ်မင်းဆက်က ၁၂၇၁ စီအီးမှာ တည်ထောင်ခဲ့ပြီး ၁၃၆၈ စီအီးအထိ အဓွန့်ရှည်ခဲ့ပါတယ်။
■ Temasek Wreck စင်္ကာပူရေပြင် ရှေးခေတ်သင်္ဘောပျက်နေရာကြီးက ဒေသတွင်းသမိုင်းကြောင်းမှာ ကွက်လပ်တစ်ခုကို ဖြည့်ဆည်းနိုင်ခဲ့ပါတယ်။
■ ဖူကျန် ကွမ်ကျိုးမှာ တင်လာတဲ့ပစ္စည်းတွေကို Temasek သို့ ပို့ဆောင်ရန် သွားခဲ့တာဖြစ်တယ်လို့ အတည်ပြုထားပါတယ်။
■ ဒီတွေ့ရှိမှုက ယွမ်ခေတ် ပင်လယ်ပြင်ကွန်ရက်တွေ၊ ကုန်သွယ်ရေးတွေ၊ အရည်အသွေးမြင့် တရုတ်လက်မှုပညာတို့ကို ဖော်ပြနေပါတယ်။
■ အမျိုးသားအမွေအနှစ်ဘုတ်အဖွဲ့ကတော့ ဒီလိုတွေ့ရှိမှုဟာ သမိုင်းကြောင်း ရှာဖွေခြင်းနဲ့ အနာဂတ်သုတေသနလုပ်ငန်းများအတွက် အထောက်အကူဖြစ်လာနိုင်ခြင်းတို့ ရှိလာနိုင်တယ်လို့ အလေးပေးပြောထားပါတယ်။
Source: India Today
#World_Health
Published 08 March 2026
■ ဒေါသလေးတစ်ချက် ထွက်လိုက်တာနဲ့ သွေးကြောတွေ တောင့်တင်းစေကာ သွေးလည်ပတ်မှု အားနည်းပြီး နှလုံးဖောက်ခြင်း လေဖြတ်ခြင်းတို့ ဖြစ်နိုင်ခြေများတယ်လို့ တွေ့ရှိထားပါတယ်။
■ ၈ မိနစ်တာလောက် ဒေါသထွက်ရင်တောင် သွေးကြောချဲ့နိုင်စွမ်း တဝက်နီးပါးလောက် လျော့ကျသွားကာ နောက်ထပ် မိနစ် ၄၀ လောက်အထိ ကြာမြင့်နိုင်ပါတယ်။
■ ဒါကြောင့် မကြာခဏ ဒေါသထွက်ခြင်းက အချိန်ကြာလာရင် နှလုံးသွေးကြောပြဿနာတွေနဲ့ ပတ်သက်လာနိုင်တယ်လို့ ယူဆရပါတယ်။
■ ကျန်းမာရေးကောင်းတဲ့ လူပေါင်း ၂၈၀ ကို အမေရိကန်အဖွဲ့အစည်း အများအပြားက လေ့လာခဲ့ကြပါတယ်။
■ အဖွဲ့လေးဖွဲ့ခွဲကာ ၈ မိနစ်ကြာအောင် ဒေါသထွက်စရာ စိုးရိမ်စရာ ဝမ်းနည်းစရာ အမှတ်တရတွေကို ပြန်စဉ်းစားခိုင်းသလို စိတ်ကိုပုံမှန်အတိုင်းပဲ နေခိုင်းပါသေးတယ်။
■ ဒီနောက် သွေးကြောတွေ ဘယ်လောက်ချဲ့လဲဆိုတာကို စစ်ဆေးခဲ့ကြရာ သာမန်အတိုင်း စိတ်ခံစားချက်ထားတဲ့ အဖွဲ့နဲ့ယှဉ်ရင် ဒေါသထွက်စရာ ပြန်စဉ်းစားသူတွေက သွေးကြောကျယ်နှုန်း သိသိသာသာ ကျဆင်းသွားတာ တွေ့ရပါတယ်။
■ ဒေါသထွက်ရင် ကော်တီဆောနဲ့ အက်ဒရီနယ်လင်တို့လို ဖိစီးမှုဟော်မုန်းတွေ ထွက်လာပြီး သွေးကြောနံရံတွေ တောင့်တင်းစေတာကြောင့် သွေးကြောချဲ့ထွင်ရ ခက်ခဲစေကာ သွေးပေါင်ချိန်မြင့်တက်စေပါတယ်။
■ ဝမ်းနည်းခြင်း၊ စိုးရိမ်ပူပန်ခြင်းတို့လို ခံစားချက်တွေထက် ဒေါသစိတ်က သွေးကြောလုပ်ဆောင်ချက်တွေကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။
■ အသက်ရှူလေ့ကျင့်ခန်း၊ သတိကပ်ခြင်း၊ ဒေါသထိန်းချုပ်ခြင်းတို့ဖြင့် နှလုံးကျန်းမာရေးကို ကာကွယ်နိုင်စေမှာ ဖြစ်ပါတယ်။
Source: India Today
#World_Health
Published 08 March 2026
■ တစ်နေ့ကို ၃ ကြိမ်သွားတိုက်ပြီး ခံတွင်းကျန်းမာရေး စစ်ဆေးမှု ပုံမှန်ပြုလုပ်ပေးပါက ရောဂါပြဿနာပေါင်း ၅၀ ကျော် ဖြစ်နိုင်ခြေ နည်းစေတယ်လို့ မင်နီဆိုတာ သွားဆေးတက္ကသိုလ်မှ ပရော်ဖက်ဆာ အဲ့ဒိုဂန်ကန်တာချီက ပြောပါတယ်။
■ ခံတွင်းကျန်းမာရေးက အလုံးစုံကျန်းမာရေးနဲ့ ဆက်စပ်နေကြောင်း ယခင်တည်းက သိရှိထားကာ အယ်ဇိုင်းမား၊ ကင်ဆာ၊ နှလုံးသွေးကြောရောဂါများ၊ ဆီးချိုစတာတွေနဲ့ ဆက်စပ်နေပါတယ်။
■ သုတေသနအရဆိုရင် ပုံမှန်သွားတိုက်ပြီး သွားဂရုစိုက်တတ်တဲ့ အလယ်အလတ်ရောဂါတွေ ရှိသူတွေဟာ ဦးနှောက်အသိဉာဏ်တုံ့ပြန်မှု များစွာသာလွန်တာ တွေ့ရပါတယ်။
■ ခံတွင်းရောဂါတွေမှ ဘက်တီးရီးယားတွေက သွေးကြောတွေ ဦးနှောက်တွေထဲထိ ဝင်ရောက်ပြီး ရောင်ရမ်းမှုတွေ ဖြစ်စေကာ အဆစ်အမြစ်နာခြင်း၊ အနည်စုပြုံခြင်းတို့ ဖြစ်လာစေပါတယ်။
■ ဥရောပနိုင်ငံအများစုက ခံတွင်းသန့်ရှင်းရေးနဲ့ ပတ်သက်လို့ သိပ်ပြီးဂရုမစိုက်ကြတာ တွေ့ရပါတယ်။
■ ယူကေမှာ အဝလွန်ခြင်း အဖြစ်များနေတာကို ကြည့်ရင် အဆင့်ဆင့်ထုပ်ပိုး စားစရာတွေကို မှီခိုလွန်းတာက ခံတွင်းကျန်းမာရေး ပိုဆိုးစေတာ တွေ့ရပါတယ်။
■ သွားဖုံးရောဂါက ရောင်ရမ်းမှုတွေ ဖြစ်စေပေမယ့် ဒီမန်ရှာ၊ အဆစ်အမြစ်ရောင်ရောဂါတို့ကို တိုက်ရိုက်ဖြစ်စေတယ်လို့တော့ မဟုတ်ပါဘူး။
■ အနောက်တိုင်း စားသောက်ပုံစံတွေ လူမှုစီးပွားရေးကိစ္စတွေကြောင့် ခံတွင်းကျန်းမာရေး ညံ့နေကြပြီး သက်ကြီးရွယ်အိုတွေမှာ ပိုဆိုးစေပါတယ်။
■ အိပ်ရာမဝင်ခင်နဲ့ အချိုစာတွေ စားအပြီးမှာ သွားတိုက်သင့်ပြီး လျှပ်စစ်သွားတိုက်တံအသုံးပြုတိုက်ကာ လျှာကိုလည်း သန့်ရှင်းသင့်တယ်လို့ အကြံပြုထားကြပါတယ်။
Source: EuroNews
တနင်္လာနေ့ညနေက လော့စ်အိန်ဂျလိစ်မြို့တော်ခန်းမရှေ့မှာ စစ်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြပြီး အီရန်အပေါ် အမေရိကန်အစိုးရတိုက်ခိုက်မှုတွေကို ပြင်းထန်စွာရှုတ်ချခဲ့ကြပါတယ်။
#World_News
Published 07 March 2025
#အီရန် #လော့စ်အိန်ဂျလိစ်
#YMG #Yangon_Times #Yangon_Media_Group
Page 26 of 1152