#World_Health
Published 12 September 2025
▪️ တရုတ်က လူသားပါပီလိုမာဗိုင်းရပ်စ်(HPV) အမျိုးအစားကွဲပေါင်း ၉ မျိုးကို ကာကွယ်နိုင်မယ့် ပြည်တွင်းထုတ်ကာကွယ်ဆေးကို ထုတ်လုပ်လိုက်ပါတယ်။
▪️ ပထမဆုံးကာကွယ်ဆေးကို အင်္ဂါနေ့က ရှာမင်မြို့မှာ စတင်ထိုးနှံကာ အသက် ၉ နှစ်မှ ၄၅ နှစ်ကြား အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရေးအစီအစဉ် တိုးချဲ့လိုက်ပါတယ်။
▪️ အသက် ၉ နှစ်မှ ၁၇ ကြားက ကာကွယ်ဆေး ၂ ကြိမ်ထိုးဖို့လိုပြီး အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြားကတော့ ၃ ကြိမ်လိုအပ်တယ်လို့ ကျန်းမာရေးအာဏာပိုင်များ ပြောပါတယ်။
▪️ သားအိမ်ခေါင်းကင်ဆာက ကမ္ဘာတဝှမ်းက အမျိုးသမီးတွေမှာ အဖြစ်အများဆုံးကင်ဆာတွေထဲမှာ ပါဝင်ကာ HPV ကြောင့် နှစ်စဉ်ကင်ဆာဖြစ်ပွားသူ ၇ သိန်းခန့်ရှိကာ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွဦးသူ ၅၃၀,၀၀၀ ခန့်ပါဝင်ပြီး ကျန်တာတွေက စအိုကင်ဆာ၊ မျိုးပွားအင်္ဂါကင်ဆာနဲ့ အခြားသောကင်ဆာတွေ ဖြစ်ပါတယ်။
▪️ ကာကွယ်ဆေးထိုးနှံခြင်းက အဓိကကာကွယ်ရေး လုပ်ငန်းစဉ်တစ်ခု ဖြစ်နေပါတယ်။
▪️ မှန်ကန်ထိရောက်စွာ ထိုးနှံပါက HPV ကာကွယ်ဆေးက ရောဂါဖြစ်ပွားခြင်းကနေ ၉၄ ရာခိုင်နှုန်းထိရောက်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
Source: Xinhua.