#World_News
Published 12 September 2025
▪️ ဘရာဇီးလ်သမ္မတဟောင်း ဂျဲဘိုဆိုနာရိုဟာ စစ်အာဏာသိမ်းရန် အကွက်ချကြံစည်ခဲ့တယ်လို့ ပြစ်မှုထင်ရှားတဲ့အတွက် ထောင် ၂၇ နှစ်ကျသွားပါတယ်။
▪️ သမ္မတဟောင်းရဲ့အမှုကို တာဝန်ပေးအပ်ခံရတဲ့ တရားရုံးချုပ်မှ တရားသူကြီး ၅ ဦးအနက် ၄ ဦးက အပြစ်ရှိကြောင်းတွေ့ရှိခဲ့ပါတယ်။
▪️ ၂၀၂၂ ရွေးကောက်ပွဲမှာ ပြိုင်ဘက် လူးဝစ်အင်နာစီယိုလူလာဒါဆေးဗားကို ရှုံးနိမ့်ပြီးနောက် အသက် ၇၀ အရွယ်သမ္မတဟောင်းဟာ အာဏာဆက်လက်ရယူလိုတာကြောင့် ပုန်ကန်ရန်ကြံစည်ခဲ့တဲ့အတွက် တရားစီရင်ခံရတာ ဖြစ်ပါတယ်။
▪️ စစ်တပ်ထံကနေ ထောက်ခံမှု အလုံအလောက်မရဘဲ ကြံစည်မှုပျက်စီးခဲ့ပြီး ၂၀၂၃ ဇန်နဝါရီ ၈ ရက်မှာ ဘိုဆိုနာရိုထောက်ခံသူတွေက အစိုးရအဆောက်အအုံတွေမှာ သောင်းကျန်းခဲ့ကြပါတယ်။
▪️ စွပ်စွဲချက် ၅ ခုဖြစ်တဲ့ အာဏာသိမ်းရန် ကြံစည်ကြိုးပမ်းမှု၊ လက်နက်ကိုင် ရာဇဝတ်အဖွဲ့ဦးဆောင်မှု၊ ဒီမိုကရက်တစ် အုပ်ချုပ်ရေးဥပဒေ ချိုးဖောက်ရန်ကြိုးပမ်းမှု၊ အစိုးရအဆောက်အအုံများ ထိခိုက်စေခြင်းနဲ့ ပတ်သက်တဲ့ အမှုနှစ်ခု၊ စုစုပေါင်း ၅ မှုစလုံး အပြစ်ရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။
▪️ သမ္မတဟောင်းကတော့ အပြစ်မရှိကြောင်းပဲ ပြောနေပြီး ဒီအမှုစွဲချက်တွေဟာ နိုင်ငံရေးလှုံ့ဆော်မှုသာ ဖြစ်တယ်လို့ ဆိုပါတယ်။
▪️ သူ့ရဲ့အမှုကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အံ့အားသင့်ခဲ့ရပါတယ်။
Source: BBC