#World_Health
Published 12 September 2025
▪️ အစားအစာ၊ ကင်ဆာဖြစ်နိုင်ခြေနဲ့ အသက်အန္တရာယ်တို့ကြား ဆက်စပ်မှုရှိကြောင်းကို လေ့လာချက်အများအပြားမှာ တွေ့ရှိရပါတယ်။
ခရမ်းချဉ်သီးမှာပါဝင်တဲ့ လိုင်ကိုပင်းဓာတ်နဲ့ ကင်ဆာအန္တရာယ်တို့ ဆက်စပ်ပုံကို သုတေသီများ လေ့လာခဲ့ကြပါတယ်။
▪️ ပါဝင်စမ်းသပ်သူပေါင်း ၂.၇ သန်းနီးပါးရဲ့ အချက်အလက်တွေကို ဆန်းစစ်ရာမှာ ခန္ဓာကိုယ်ထဲ လိုင်ကိုပင်းဓာတ်များခြင်းက ကင်ဆာဖြစ်နိုင်ခြေ ၅ ရာခိုင်နှုန်း လျော့နည်းခြင်းနဲ့ ဆက်စပ်နေပါတယ်။
▪️ လိုင်ကိုပင်းဓာတ် ပိုစားပေးရင် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေနဲ့ အဆုတ်ကင်ဆာကြောင့် အသက်ဆုံးပါးနိုင်ခြေတို့ကို လျော့နည်းစေကြောင်း တွေ့ရှိရပါတယ်။
▪️ လိုင်ကိုပင်းဆိုတာက အသီးအနှံနဲ့ ဟင်းရွက်တွေမှာ အနီရောင်ဖြစ်စေတဲ့ဓာတ်ဖြစ်ပြီး ခန္ဓာကိုယ်ထဲမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် ဆောင်ရွက်ပေးပါတယ်။
▪️ လေ့လာချက်တွေအရ လိုင်ကိုပင်းက အဆုတ်နဲ့ ဆီးကျိတ်တို့လို ကိုယ်တွင်းအင်္ဂါတွေအတွက် အထူးကာကွယ်နိုင်စွမ်းရှိပါတယ်။
▪️ ဒါပေမဲ့ ခန္ဓာကိုယ်ကနေ မထုတ်လုပ်နိုင်တာကြောင့် စားသောက်ခြင်းဖြင့်သာ ရရှိနိုင်ပါတယ်။
▪️ လိုင်ကိုပင်းအဓိကပါဝင်တဲ့ အစားအစာက ခရမ်းချဉ်သီးဖြစ်ပြီး ချက်ပြုတ်လိုက်ရင် လိုင်ကိုပင်းစုပ်ယူနိုင်စွမ်း မြင့်မားစေတာကြောင့် အစိမ်းလိုက်မစားလည်း ရပါတယ်။
▪️ လိုင်ကိုပင်းက အဆီမှာပျော်ဝင်တာကြောင့် သံလွင်ဆီနဲ့ စားသုံးလို့ရပါတယ်။
▪️ ဒါ့အပြင် ဖရဲသီး၊ ဂရိပ်ဖရုသီး၊ မာလကာသီး၊ သင်္ဘောသီးတို့မှာလည်း တွေ့နိုင်ပါတယ်။
Source: The Jerusalem Post.