#World_News
Published 25 July 2026
■ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) အဖွဲ့ဝင်နိုင်ငံများက ရှေ့နေ ကာရင်ခန်းကို ရာထူးမှ ဖယ်ရှားရန် မဲပေးဆုံးဖြတ်ခဲ့ကြပါတယ်။
■ အဆိုပါ ဆုံးဖြတ်ချက်ကို ၂၀၂၆ ဇူလိုင် ၂၄ ရက်နေ့က ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပခဲ့တဲ့ အထူးအစည်းအဝေးအတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
■ အဖွဲ့ဝင် ၁၂၅ နိုင်ငံအနက် ၈၂ နိုင်ငံက ဗြိတိန်နိုင်ငံသားရှေ့နေကို ရာထူးမှ ဖယ်ရှားရန် ထောက်ခံမဲပေးခဲ့ကြပါတယ်။
■ ယခု မဲပေးမှုဟာ ICC သမိုင်းတလျှောက် တာဝန်ထမ်းဆောင်ဆဲ ရှေ့နေတစ်ဦးကို ပထမဆုံးအကြိမ် ရာထူးမှ ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။
■ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်မှု စွပ်စွဲချက်များနဲ့ ပတ်သက်ပြီး တရားရုံး စုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ယခုကဲ့သို့ ရာထူးမှ ဖယ်ရှားခဲ့ခြင်းဖြစ်ပါတယ်။
■ ကာရင်ခန်းရဲ့ လက်အောက်မှာ လုပ်ကိုင်ခဲ့တဲ့ အမျိုးသမီး ဝန်ထမ်းတစ်ဦးက အဓမ္မပြုကျင့်မှုနဲ့ အလိုမတူဘဲ ပြုမူနေထိုင်မှုများရှိကြောင်း ခန်းကို စွပ်စွဲခဲ့ပါတယ်။
■ ကာရင်ခန်းကတော့ ထိုစွပ်စွဲချက်များကို ဆက်တိုက်ငြင်းဆိုခဲ့ပြီး ဝန်ထမ်းရေးရာ စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းစဉ်ဟာ လုပ်ထုံးလုပ်နည်းအရ တရားမျှတမှု မရှိကြောင်း ပြောကြားထားပါတယ်။
Source: WION
#World_Health
Published 25 July 2026
■ ဗြိတိန်မှ လူပေါင်း ၉ သောင်းကျော်ကို လေ့လာဆန်းစစ်ခဲ့ရာမှာ မိနစ် ၃၀ ထက်ပိုပြီး ထိုင်ခြင်း၊ လဲလျောင်းနေခြင်းတို့က ကင်ဆာရောဂါဖြင့် သေဆုံးနိုင်ခြေကို မြင့်တက်စေကြောင်း တွေ့ရှိထားပါတယ်။
■ နေ့စဉ် ဆက်တိုက်ငြိမ်ငြိမ်လေး ထိုင်နေတဲ့အချိန် တစ်နာရီတိုးလာတိုင်း ကင်ဆာကြောင့် သေဆုံးနိုင်ခြေ ၁၀ ရာခိုင်နှုန်း ပိုမိုမြင့်မားလာတယ်လို့ ဆိုပါတယ်။
■ ကြာရှည်စွာ ထိုင်နေတဲ့ အလေ့အကျင့်တွေကို ပေါ့ပေါ့ပါးပါး ခန္ဓာကိုယ်လှုပ်ရှားမှုများဖြင့် ကြားဖြတ်ပြုလုပ်ပေးပါက အဆိုပါ ကျန်းမာရေးအန္တရာယ်များကို လျှော့ချပေးနိုင်ကြောင်း သုတေသီများ အကြံပြုထားပါတယ်။
■ တစ်နာရီ ထိုင်နေမယ့်အစား မီးပူတိုက်ခြင်း၊ ပန်းကန်ဆေးခြင်းတို့လိုမျိုး အိမ်မှုကိစ္စများဖြင့် အစားထိုးခြင်းက ကင်ဆာကြောင့် သေဆုံးနိုင်ခြေကို ၁၂ ရာခိုင်နှုန်းအထိ လျှော့ချပေးပါတယ်။
■ မိနစ် ၃၀ ထိုင်နေမယ့်အစား လှုပ်ရှားမှုအသင့်အတင့်ဖြင့် အစားထိုးပေးပါက ထိုအန္တရာယ်ကို ၈ ရာခိုင်နှုန်း လျှော့ချပေးပါတယ်။
■ ငြိမ်သက်စွာနေတဲ့အချိန် ၅ မိနစ်အစား ပြင်းထန်တဲ့ လေ့ကျင့်ခန်းဖြင့် အစားထိုးပါက အသက်ဆုံးပါးနိုင်ခြေ ၂၂ ရာခိုင်နှုန်းအထိ လျော့နည်းသွားနိုင်ပါတယ်။
■ ဒီလိုဆက်စပ်မှု အကြောင်းအရင်းတွေ တိုက်ရိုက်လားဆိုတာ အတည်ပြုရန်အတွက်တော့ သုတေသီများအနေနဲ့ နောက်ထပ်လေ့လာရန် လိုအပ်နေပေမယ့် မိနစ် ၃၀ ကြာတိုင်း မတ်တပ်ရပ်ပေးပြီး ခဏတာ လမ်းလျှောက်ပေးရန် ကျွမ်းကျင်သူများ အကြံပြုထားကြပါတယ်။
Source: The Guardian
#World_Health
Published 25 July 2026
■ အမေရိကန် ဇီဝနည်းပညာကုမ္ပဏီတစ်ခုက စတမ်ဆဲလ်များမှတဆင့် ကမ္ဘာ့ပထမဆုံး အစောပိုင်းအဆင့် လူသားမမျိုးဥဆဲလ်များကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ကြောင်း ပြောပါတယ်။
■ ဒီဖန်တီးမှုကနေ တစ်နေ့နေ့မှာ သန်းပေါင်းများစွာသော လူများအတွက် သားသမီးရရှိရေး ကုသမှုများကို အကြီးအကျယ် ပြောင်းလဲပေးနိုင်မှာ ဖြစ်ပါတယ်။
■ ကယ်လီဖိုးနီးယားအခြေစိုက် နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Conception က သွေးဆဲလ်များကို စတမ်ဆဲလ်များအဖြစ် ပြောင်းလဲပြီးနောက် ထိုဆဲလ်များကို မမျိုးဥသတ္တိဝင်ဆဲလ်များ ပါဝင်တဲ့ သေးငယ်တဲ့ လူသားမမျိုးဥအိမ်ပုံစံများအဖြစ် ဖြစ်ပေါ်လာစေကာ ပထမအဆင့် မမျိုးဥဆဲလ်များ ဖန်တီးထုတ်လုပ်နိုင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
■ ဒါပေမဲ့ ယခုအချိန်အထိ စမ်းသပ်အဆင့်သာ ရှိသေးပြီး နောက်ထပ်အတည်ပြု ဆန်းစစ်မှုများ လိုအပ်နေပါသေးတယ်။
■ ဒီလုပ်ငန်းစဉ်က သွေးဆဲလ်များကို စတမ်ဆဲလ်များအဖြစ် ပြန်လည်ပြောင်းလဲခြင်း ပါဝင်ပြီး ထိုမှတဆင့် မမျိုးဥအိမ်တစ်ရှူးများ ဖြစ်လာစေရန် လမ်းကြောင်းပေးခြင်း ဖြစ်ပါတယ်။
■ ဖွံ့ဖြိုးပြီး မမျိုးဥများကို အောင်မြင်စွာ ဖန်တီးနိုင်ခြင်းက မျိုးပွားခြင်းဆိုင်ရာ ရွေးချယ်စရာများ တိုးချဲ့ပေးနိုင်မှာ ဖြစ်ပြီး လက်ရှိ ဖန်ပြွန်သန္ဓေသား IVF ကုသမှုလုပ်ငန်းစဉ်များကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
■ ကုသမှုဆိုင်ရာ လက်တွေ့အသုံးချမှုများ မစတင်မီ ကျင့်ဝတ်နဲ့ စည်းမျဉ်းထိန်းသိမ်းရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို အရင်ဖြေရှင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
Source: Indian Express
တရုတ်စက်မှုလုပ်ငန်းသုံး စက်ရုပ်ထုတ်လုပ်သူများဟာ ပြောင်းလွယ်ပြင်လွယ်ရှိပြီး အနည်းငယ်စီ ခွဲထုတ်လုပ်နိုင်တဲ့ စမတ်စက်ရုပ်များ ဝယ်လိုအားဖြည့်ဆည်းနိုင်ရန် ရုပ်ပိုင်းဆိုင်ရာ အသိဉာဏ်အခြေပြု စက်ရုပ်နည်းပညာ (Embodied AI)စနစ် တိုးမြှင့်တီထွင်လာကြပါတယ်။
#Asia_Industry
Published 24 July 2026
#Embodied_AI
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 24 July 2026
■ သမ္မတ ဒေါ်နယ်ထရမ့်က ကုန်သွယ်ဖက်နိုင်ငံ ၆၀ ထံမှ တင်သွင်းကုန်များအပေါ် ၁၀ ရာခိုင်နှုန်းကနေ ၁၂.၅ ရာခိုင်နှုန်းအထိ အခွန်သစ်များကို သောကြာနေ့ကစလို့ စည်းကြပ်မယ်လို့ ကြေညာခဲ့ပါတယ်။
■ ယခုအခွန်စည်းကြပ်မှုတွေဟာ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုဖြင့် ထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်းများ တင်သွင်းမှုကို တားဆီးရန် လုံလောက်တဲ့ ဥပဒေ ဒါမှမဟုတ် အကောင်အထည်ဖော်ခြင်း မရှိတဲ့ နိုင်ငံများကို ပစ်မှတ်ထားခြင်းဖြစ်ပါတယ်။
■ အဆိုပါ အခွန်များဟာ သောကြာနေ့ နံနက် ၁၂:၀၁ နာရီ (EDT) မှစပြီး စတင်သက်ရောက်မှာဖြစ်ကာ သက်တမ်းကုန်ဆုံးတော့မယ့် ယာယီ ၁၀ ရာခိုင်နှုန်း ကမ္ဘာလုံးဆိုင်ရာ အခွန်နှုန်းထားကို ချက်ချင်း အစားထိုးသွားမှာ ဖြစ်ပါတယ်။
■ ၁၉၇၄ ခုနှစ် ကုန်သွယ်ရေးအက်ဥပဒေ ပုဒ်မ ၃၀၁ အရ အရေးယူဆောင်ရွက်ခြင်းဖြစ်ပြီး ပိုမိုခိုင်မာတဲ့ အခွန်စည်းရိုးတစ်ခု တည်ဆောက်ရန် ရည်ရွယ်တာ ဖြစ်ပါတယ်။
■ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှု တားဆီးရေးဥပဒေ လုံလောက်စွာရှိတဲ့ နိုင်ငံများက ၁၀ ရာခိုင်နှုန်း အခွန်ဆောင်ရမှာဖြစ်ပြီး တားမြစ်ချက် လုံလောက်မှုမရှိတဲ့ နိုင်ငံများကတော့ ၁၂.၅ ရာခိုင်နှုန်း အခွန်စည်းကြပ်ခံရမှာ ဖြစ်ပါတယ်။
■ အခွန်ကင်းလွတ်ခွင့်ရရှိမယ့်ကုန်ပစ္စည်းများမှာ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ဓာတ်မြေဩဇာ၊ USMCA သဘောတူညီချက်ဝင် ကုန်ပစ္စည်းများနဲ့ ပုဒ်မ ၂၃၂ အရ အခွန်စည်းကြပ်ပြီးသား သတ္တုများ ပါဝင်ပါတယ်။
■ အဆိုပါ ပေါ်လစီဟာ ဥရောပသမဂ္ဂ EU၊ တရုတ်နဲ့ အိန္ဒိယ အပါအဝင် အဓိက ကုန်သွယ်ဖက်နိုင်ငံများကို လွှမ်းခြုံပါဝင်ထားသဖြင့် အမေရိကန်ရဲ့ ကုန်ပစ္စည်းတင်သွင်းမှု အများစုအပေါ် သက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။
Source: Reuters
#World_Health
Published 24 July 2026
■ ကိုယ်ဝန်ဆောင်မိခင်တွေ ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ရှားရမယ့် အစားအစာတွေကို ရှာဖွေကြည့်ရင် သင်္ဘောသီးက ထိပ်ဆုံးမှာ ရှိနေပါလိမ့်မယ်။
■ မိသားစုအကြံပြုချက်တွေမှာရော လူမှုကွန်ရက်စာမျက်နှာတွေမှာရော အသိပေးချက်အများစုက သင်္ဘောသီးစားရင် သားပျက်သားလျှော ဖြစ်နိုင်တယ်လို့ ဆိုနေကြပါတယ်။
■ ဒါက ဆေးပညာအရ တကယ်ပဲ မှန်နေနိုင်မလား။
■ ဂုရုဂရမ် Paras Health ဆေးရုံမှ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာ အစ်ရှာခရီပလာနီကတော့ ထိုအယူအဆဟာ များသောအားဖြင့် နားလည်မှု လွဲမှားနေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
■ သင်္ဘောသီးမှည့်ကို သင့်တင့်ရုံပမာဏ စားခြင်းဟာ သားပျက်သားလျှော မဖြစ်စေဘူးလို့ ပြောပါတယ်။
■ အဓိကစိုးရိမ်ရမှာက မမှည့်သေးတဲ့ အကင်းသင်္ဘောသီးတွေကြောင့် ဖြစ်ပြီး ယင်းတို့မှာ ပါဝင်တဲ့ သစ်စိမ်းရည်ပမာဏက ပိုမိုပါဝင်နေလို့ဖြစ်ကြောင်း ရှင်းပြပါတယ်။
■ ဓာတ်ခွဲခန်း စမ်းသပ်မှုတွေအရ ဒီသစ်စိမ်းရည်ကို လွန်ကဲတဲ့ပမာဏ စားသုံးမိပါက သားအိမ်ကျုံ့ခြင်းကို လှုံ့ဆော်ပေးနိုင်တဲ့ ပါပိန်းလို ဒြပ်ပေါင်းတွေ ပါဝင်နေတာကြောင့် ဖြစ်တယ်လို့ ပြောသွားပါတယ်။
Source: Indian Express
#World_Health
Published 24 July 2026
■ ကျန်းမာရေးမှာ အရေးကြီးတဲ့ အိုမီဂါ-၃ ဖက်တီးအက်ဆစ်တွေကို ခန္ဓာကိုယ်ထဲက ဆဲလ်တိုင်းနီးပါးမှာ တွေ့ရပြီး အထူးသဖြင့် ဦးနှောက်၊ မျက်လုံး၊ နှလုံးနေရာတွေမှာ များစွာရှိကြပါတယ်။
■ လေ့လာချက်တွေအရ အိုမီဂါ-၃ အဆီတွေဟာ ဦးနှောက်နဲ့ နှလုံးသွေးကြောကျန်းမာရေးတို့ ကာကွယ်ရာမှာ ကူညီပေးနိုင်ကာ အိုမီဂါ-၃ လုံလောက်စွာ မစားမိရင်တော့ ဦးနှောက်အသိစိတ် ကျဆင်းခြင်း၊ စိတ်အခြေအနေ မမှန်ခြင်း၊ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ခြေ များနိုင်ပါတယ်။
■ ခန္ဓာကိုယ်က အိုမီဂါ-၃ ဖက်တီးအက်ဆစ်တွေကို မထုတ်လုပ်နိုင်တာကြောင့် အစားအစာမှရတဲ့ အိုမီဂါ-၃ က အရေးပါနေပါတယ်။
■ ပင်လယ်စာတွေက အိုမီဂါ-၃ ဖက်တီးအက်ဆစ် အဓိကပါဝင်သလို ငါးမစားတဲ့သူတွေအတွက် အပင်အစားအစာမှလည်း ရနိုင်ပါတယ်။
■ အိုမီဂါ-၃ ဖက်တီးအက်ဆစ်တွေက EPA , DHA , ALA စသဖြင့် ပုံစံတွေရှိနိုင်ပြီး မူလရင်းမြစ်တွေနဲ့ အကျိုးအာနိသင်တွေ ကွဲပြားပါတယ်။
■ ALA က EPA နဲ့ DHA အဖြစ်သို့ ပြောင်းလဲနိုင်ပေမယ့် ဒီဖြစ်စဉ်က လုံလောက်ခြင်းမရှိဘဲ အစားအစာတွေကနေ စားသောက်ရယူဖို့ လိုအပ်ပါတယ်။
■ အပင်အခြေပြုကိုသာ မှီခိုရသူတွေအတွက် ရေညှိအယ်ဂျေးအခြေပြု ဖြည့်စွက်ဆေးတွေက EPA နဲ့ DHA တို့ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။
■ အမျိုးသားတွေမှာ နေ့စဉ် ALA ၁.၆ ဂရမ်နဲ့ အမျိုးသမီးတွေမှာ ၁.၁ ဂရမ် စားသုံးပေးဖို့ အကြံပြုထားပါတယ်။
Source: Toronto Sun
Page 21 of 1216