NAY Pyi TAw, Sept 16-
A U.S. delegation arrived in Naypyitaw on the evening of Sept. 15 and departed the Myanmar capital the following evening after a visit lasting about one day, according to information posted on a Facebook account under the name “Kyaw Min.”
The identities of the delegation members, the individuals or officials they met in Naypyitaw, and the subjects discussed during the visit could not be independently verified based on information currently available.
Flight records indicate that the delegation traveled aboard a United States Air Force (USAF) Beech C-12D Huron aircraft bearing registration number 83-0498. The aircraft operated under the flight callsign “SPAR14,” according to aviation tracking records.
On Sept. 16, the aircraft departed Naypyitaw International Airport (NYT) and flew to Don Mueang International Airport (DMK) in Bangkok, Thailand, flight-tracking data showed.
Details concerning the visit were also reported on the Facebook account “Kyaw Min.” However, no official statement or independently verifiable information regarding the composition of the U.S. delegation, the purpose of the visit, the officials or individuals involved in the meetings, or the substance of the discussions was available at the time of publication.
“SPAR” callsigns are associated with U.S. military flights and have been used for missions involving the transportation of senior officials and congressional delegations. However, the use of the “SPAR14” callsign alone does not establish the identities or positions of the passengers aboard the aircraft.


#World_News
Published 16 Setember 2026
■ စီအိုင်အေ(CIA) အရာရှိဟောင်း ဒေးဗစ်ရပ်ရှ်ဟာ အမေရိကန်ဒေါ်လာသန်း ၄၀ တန်ဖိုးရှိ ရွှေခိုးယူဖောက်ထွင်းမှုဖြင့် ပြီးခဲ့တဲ့ မေလက ဖမ်းဆီးခံခဲ့ရပါတယ်။
■ FBI ရှာဖွေရာမှာ သူ့ရဲ့နေအိမ်မှ ရွှေချောင်း ၃၀၃ ချောင်း၊ အမေရိကန်ဒေါ်လာ ၂ သန်းနဲ့ တန်ဖိုးကြီး လက်ပတ်နာရီ ၃၅ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
■ ရပ်ရှ်ဟာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၆ ခုနှစ် မတ်လအတွင်း လျှို့ဝှက်လုပ်ငန်းသုံး စရိတ်များအဖြစ် ထိုရွှေနဲ့ ငွေကြေးများကို လက်ခံရရှိခဲ့ခြင်း ဖြစ်ပါတယ်။
■ CIA အနေဖြင့် သူ့ရဲ့ အလွန်လျှို့ဝှက်တဲ့ စီမံကိန်းအတွက် ခွဲဝေပေးထားတဲ့ ငွေတွေအသုံးချမှုကို သေချာ မစောင့်ကြည့်နိုင်ခဲ့ပါဘူး။
■ ရပ်ရှ်က သူ့ရဲ့ ပညာအရည်အချင်းနဲ့ ပတ်သက်ပြီး ဆယ်စုနှစ်များစွာ လိမ်လည်ခဲ့ကာ စစ်ဘက်ဆိုင်ရာ လေကြောင်းစစ်သည် ဖြစ်တယ်လို့လည်း မမှန်မကန် လိမ်လည်ပြောဆိုခဲ့ကြောင်း စုံစမ်းစစ်ဆေးသူများ တွေ့ရှိခဲ့ကြပါတယ်။
■ ဖမ်းဆီးခံရပြီး ၄ လအကြာမှာ ရပ်ရှ်ဟာ အမေရိကန် ဖက်ဒရယ် တရားလိုရှေ့နေများနဲ့ ယာယီ အပြစ်ဝန်ခံချက် သဘောတူညီမှု ရရှိခဲ့ပါတယ်။
■ တရားလိုရှေ့နေများအနေဖြင့် လျှို့ဝှက်ထားတဲ့ အချက်အလက်များကို ပွင့်လင်းမြင်သာတဲ့ တရားခွင်မှာ အငြင်းပွားဖွင့်ဟရမှာကို ရှောင်ရှားရန်အတွက် ထိုသဘောတူညီမှုကို ရွေးချယ်ခဲ့ကြခြင်းဖြစ်ပါတယ်။
■ ဒီအမှုဟာ လျှို့ဝှက်ဆန်းကြယ်ပြီး တန်ဖိုးကြီးမားတဲ့ လှုပ်ရှားမှုများနဲ့ တရားဥပဒေစိုးမိုးရေး စနစ်တို့ ရင်ဆိုင်ရတဲ့အခါ ကြုံတွေ့ရနိုင်တဲ့ ဘေးအန္တရာယ်များကို မီးမောင်းထိုးပြနေပါတယ်။
Source: WION
#World_Health
Published 16 September 2026
■ ကျောက်ကပ်တွေက ဗိုက်တာမင်များနဲ့ အာဟာရဖြည့်စွက်စာများ အပါအဝင် စားသောက်သမျှ အရာအားလုံးကနေ ဘေးထွက်စွန့်ပစ်ပစ္စည်းများကို စစ်ထုတ်ပေးပါတယ်။
■ အာဟာရဖြည့်စွက်စာအချို့ကို ပမာဏအလွန်အကျွံ သောက်သုံးခြင်းက ကျောက်ကပ်လုပ်ဆောင်ချက်ကို ဝန်ပိစေနိုင်ပြီး ကျောက်ကပ်အဆိပ်သင့်မှု ဖြစ်စေနိုင်ပါတယ်။
■ ဗိုက်တာမင်-စီလိုမျိုး ရေမှာပျော်ဝင်တဲ့ ဗိုက်တာမင်များကို ပမာဏအမြောက်အများ သောက်သုံးပါက ကျောက်ကပ်ကျောက်တည်စေနိုင်ပြီး ဗိုက်တာမင်-ဒီ ပမာဏလွန်ကဲပါက ကယ်စီယံဓာတ် လွန်ကဲမှုဖြစ်စေနိုင်ပါတယ်။
■ ကျောက်ကပ်လုပ်ဆောင် အားနည်းပါက ပိုတက်စီယံ၊ ဖော့စ်ဖရပ်စ်၊ ဆိုဒီယံတို့လို သတ္တုဓာတ်များကို ပမာဏအများအပြား သောက်သုံးခြင်းဖြင့် သွေးတွင်းလျင်မြန်စွာ စုပြုံလာနိုင်ပါတယ်။
■ အချို့သော သဘာဝသစ်ဥသစ်ဖုဆေးများနဲ့ စံချိန်စံညွှန်းမမီတဲ့ ဖြည့်စွက်စာတွေမှာ ကျောက်ကပ်တစ်ရှူးများကို တိုက်ရိုက်ပျက်စီးစေနိုင်တဲ့ ပုန်းကွယ်နေတဲ့ အဆိပ်အတောက် ဒါမှမဟုတ် သတ္တဓာတ်ကြီးများ ပါဝင်နေနိုင်ပါတယ်။
■ ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးများနဲ့အတူ ဖြည့်စွက်ဆေးအမျိုးမျိုးကို တွဲဖက်သောက်သုံးခြင်းက ကျောက်ကပ်အလုပ်ပိုလုပ်ရစေပြီး ဆေးဝါးချင်းတုံ့ပြန်မှုများ ဖြစ်စေနိုင်ပါတယ်။
■ အာဟာရပညာရှင်များက လိုအပ်တဲ့ အာဟာရများကို ပြင်းအားမြင့်ဆေးပြားများထက် အဓိကအားဖြင့် မျှတတဲ့ အစားအစာများမှ ရယူရန် အကြံပြုထားပါတယ်။
■ ဖြည့်စွက်စာအသစ်များ မသောက်သုံးမီ ကျောက်ကပ်အခြေအနေကို ဆရာဝန်များနဲ့ အမြဲတမ်းတိုင်ပင်သင့်ပါတယ်။
Source: Eating Well
#World_Science
Published 16 September 2026
■ ပန်းဂေါ်ဖီ ၁၀၀ ဂရမ်မှာ ၂၅ ကယ်လိုရီပဲ ပါဝင်တာကြောင့် ကယ်လိုရီအရမ်းမတိုးစေဘဲ ဗိုက်ပြည့်လွယ်စေပါတယ်။
■ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် အစာခြေစနစ်ကို ထောက်ကူပေးရုံတင်မက ဗိုက်ပြည့်စေပြီး သွေးတွင်းသကြားဓာတ် စုပ်ယူမှုကိုလည်း ဖြည်းဖြည်းချင်း ထိန်းညှိပေးပါတယ်။
■ ဗိုက်တာမင်-စီ ကြွယ်ဝစွာ ပါဝင်တာကြောင့် ကိုယ်ခံအားစနစ်၊ ကော်လာဂျင်ထုတ်လုပ်မှုနဲ့ အပင်မှရတဲ့ သံဓာတ်စုပ်ယူမှုကို အားပေးပါတယ်။
■ သွေးခဲမှုနဲ့ အရိုးကျန်းမာရေးအတွက် ဗိုက်တာမင်-ကေ ပါဝင်သလို ဆဲလ်ကွဲပွားမှု ဖြစ်စဉ်များအတွက် လိုအပ်တဲ့ ဖောလစ်အက်ဆစ်လည်း ပါဝင်ပါတယ်။
■ မုန်လာမျိုးနွယ်ဝင် ဟင်းရွက်ဖြစ်တာနဲ့အမျှ ဆဲလ်များကို ကာကွယ်ပေးပြီး အသည်းအဆိပ်အတောက် ပြယ်စေတဲ့ဖြစ်စဉ်ကို ထောက်ပံ့ပေးတဲ့ Glucosinolates ၊ Isothiocyanates ၊ Indoles ဒြပ်ပေါင်းများ ပါဝင်ပါတယ်။
■ မုန်လာမျိုးနွယ်များကို အစိမ်းစားပါက အိုင်အိုဒင်းစုပ်ယူမှုကို အနည်းငယ် နှောင့်ယှက်နိုင်တယ်ဆိုပေမယ့် ပုံမှန်စားသုံးခြင်းက ကျန်းမာရေးကောင်းသူတွေအတွက်တော့ ဘာပြဿနာမှ မရှိပါဘူး။
■ ချက်ပြုတ်စားသုံးခြင်းဖြင့် အိုင်အိုဒင်းစုပ်ယူမှုနှောင့်ယှက်တဲ့ ဓာတ်များကို လျှော့ချပေးနိုင်ပြီး အပူကြောင့်ပျက်စီးလွယ်တဲ့ အာဟာရများကိုလည်း ထိန်းသိမ်းပေးနိုင်ပါတယ်။
■ ပန်းဂေါ်ဖီကို ထမင်း၊ အာလူးထောင်းစသဖြင့် အစားအစာတွေများနဲ့တွဲကာ အာဟာရပြည့်ပြီး ကာဗိုဟိုက်ဒရိတ်နည်းတဲ့ အစားထိုးစားစရာအဖြစ် စားသုံးနိုင်ပါတယ်။
Source: The Jerusalem Post
နီပေါနိုင်ငံမှာဖြစ်ပွားတဲ့ မြေပြိုမှုကြီးကြောင့် မြစ်ကြောင်းတလျှောက် အရှိန်အဟုန်ဖြင့် စီးဆင်းစေပြီး အချို့ဒေသတွေမှာ ရေလွှမ်းမိုးမှုအဆင့် စံချိန်တင်မြင့်မားခဲ့ကြောင်း ခတ်မန်ဒူအခြေစိုက်တောင်တန်းဒေသဖွံ့ဖြိုးရေး နိုင်ငံတကာဗဟိုဌာန(ICIMOD)မှ ဘူမိပညာရှင်များ အင်္ဂါနေ့ကထုတ်ပြန်ခဲ့ပါတယ်။
#World_Crisis
Published 15 September 2026
#နီပေါ
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 15 September 2026
■ အီရန်ကျောထောက်နောက်ခံပြု ဟူသီလက်နက်ကိုင်များဟာ ခါမစ်မူရှိတ်လေတပ်စခန်း အပါအဝင် ဆော်ဒီစစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ပါတယ်။
■ ဆော်ဒီအရှေ့-အနောက် ရေနံပိုက်လိုင်း တိုက်ခိုက်ခံရမှုကြောင့် ဟော်မုဇ်ရေလက်ကြားကို ရှောင်ကွင်းပို့ဆောင်နိုင်တဲ့ အဓိကလမ်းကြောင်းတစ်ခု ပျက်စီးသွားခဲ့ပါတယ်။
■ ဆော်ဒီမှာ ပင်လယ်နီရေနံသိုလှောင်မှု ၅ ရက်မှ ၇ ရက်စာသာ ကျန်ရှိတော့သဖြင့် ကမ္ဘာ့ရေနံထောက်ပံ့မှုရဲ့ ၄ ရာခိုင်နှုန်းခန့် ထိခိုက်မယ့်အန္တရာယ်ရှိနေပါတယ်။
■ ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးအတွက် အိုမန်မှာကျင်းပဖို့ စီစဉ်ထားတဲ့ အီရန်နဲ့ ပင်လယ်ကွေ့ အာရပ်နိုင်ငံများကြား အရေးပါတဲ့ သံတမန်ဆွေးနွေးပွဲ ပျက်ပြားသွားခဲ့ပါတယ်။
■ ဟူသီတပ်ဖွဲ့များဟာ ဘပ်အယ်မန်ဒက်ရေလက်ကြားအနီး ဗျူဟာမြောက်ကျွန်းများကို သိမ်းပိုက်ခဲ့ပြီး သင်္ဘောလိုင်းပို့ဆောင်ရေး လမ်းကြောင်းများအပေါ် စိုးမိုးမှုအားကောင်းစေခဲ့ပါတယ်။
■ တစ်ကျော့ပြန်ပြင်းထန်လာတဲ့ တိုက်ပွဲများကြောင်း ယီမင်ပြည်သူ ၈ သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။
■ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများကို တုံ့ပြန်တဲ့အနေဖြင့် ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ဟာ ဟူသီစခန်းများကို လေကြောင်းမှ အကြိမ် ၃၀၀ ကျော် ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။
■ ယီမင်ရှိ ဟူသီတပ်ဖွဲ့များကို အမေရိကန်စစ်တပ်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ပေးရန် ဆော်ဒီရဲ့တောင်းဆိုမှုကို အမေရိကန်က ငြင်းဆန်ထားဆဲ ဖြစ်ပါတယ်။
Source: Reuters
#World_Science
Published 15 September 2026
■ သွေးစစ်ဆေးမှုရလဒ်များဟာ ဓာတ်ခွဲခန်းတစ်ခုနဲ့တစ်ခု မတူညီဘဲ သဘာဝအတိုင်း ကွဲလွဲနိုင်ပြီး ဒါဟာ စစ်ဆေးမှုဖော်ပြချက်တွေ မှားယွင်းနေတာ မဟုတ်ပါဘူး။
■ နမူနာများ ကောက်ယူခြင်း၊ လူနာများရဲ့ ပြင်ဆင်မှုများဖြစ်တဲ့ အစာငတ်ခံခြင်း၊ စိတ်ဖိစီးမှု၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ စစ်ဆေးတဲ့အချိန် စတာတွေက ရလဒ်များအပေါ် များစွာသက်ရောက်မှု ရှိနေပါတယ်။
■ နမူနာသယ်ယူပို့ဆောင်ရေး ကြန့်ကြာမှု၊ မသင့်တော်တဲ့ သိုလှောင်မှု၊ သွေးဆဲလ်များပျက်စီးမှုတို့လို ကိုင်တွယ်ထိန်းသိမ်းမှုဆိုင်ရာ အချက်အလက်များကလည်း စစ်ဆေးမှုရလဒ်များကို ပြောင်းလဲစေနိုင်ပါတယ်။
■ ဓာတ်ခွဲခန်းတွေက စစ်ဆေးမှုများပြုလုပ်ရန် မတူညီတဲ့ စက်ပစ္စည်းများ၊ ကိရိယာများကို အသုံးပြုကြပါတယ်။
■ ဓာတ်ခွဲခန်းတစ်ခုစီဟာ သီးခြားရည်ညွှန်းစံနှုန်းများကို သတ်မှတ်ထားသဖြင့် ဓာတ်ခွဲခန်းရဲ့ သတ်မှတ်စံနှုန်းနဲ့ ယှဉ်တွဲသုံးသပ်ရန် လိုအပ်ပါတယ်။
■ ရက်အလိုက် ခန္ဓာကိုယ်ရဲ့ သဘာဝဇီဝရုပ်ပြောင်းလဲမှုတွေဟာ ဟော်မုန်း၊ သကြားဓာတ်နဲ့ အဆီဓာတ်ပမာဏများ ပုံမှန်ပြောင်းလဲမှုများကို ဖြစ်ပေါ်စေပါတယ်။
■ ဆရာဝန်များက ရလဒ်တစ်ခုကွဲလွဲမှုကို ဆေးပညာအရ သတိပြုရမယ့် ပြောင်းလဲမှုအဖြစ် သတ်မှတ်ရန်အတွက် ဒီရလဒ်က ပုံမှန်အားဖြင့် ၁၅ မှ ၃၀ ရာခိုင်နှုန်းအထိ ပြောင်းလဲမှုရှိရန် လိုအပ်ပါတယ်။
■ ရေရှည်ကျန်းမာရေး စောင့်ကြည့်စစ်ဆေးမှုများအတွက် အလားတူ အခြေအနေများအောက်မှာ တူညီတဲ့ အသိအမှတ်ပြု ဓာတ်ခွဲခန်းတစ်ခုတည်းကိုသာ ပုံမှန်အသုံးပြုခြင်းက အကောင်းဆုံးဖြစ်ပါတယ်။
Source: NDTV
Page 21 of 1243