Published_ 06 April 2024
ငမိုးရိပ်ချောင်းကျော်ပြီး ဓာတ်အားလိုင်းကြိုးဆွဲနေ၍သင်္ကန်းကျွန်းမြို့နယ်တွင် လျှပ်စစ်မီး(၃)ရက် ဆက်ပျက်မည်ဖြစ်ကြောင်း သင်္ကန်းမြို့နယ် YESCမှထုတ်ပြန်ထားသည်။
ဧပြီလ(၆)၊(၇)၊(၈)ရက်ဆက်တိုက် နေ့စဉ်မနက် (09:00) နာရီမှညနေ(15:00)ထိ ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်းအသိပေးထားခြင်းဖြစ်သည်။
33kVသင်္ဃန်းကျွန်းကြီးပွားရေးမြောက်ခွဲရုံသို့ဓာတ်အားပေးထားသော ငမိုးရိပ်ချောင်းကျော်ဓာတ်အားလိုင်းကြိုးဆွဲခြင်းလုပ်ငန်းဆောင်ရွက်မည်ဖြစ်ပါ၍ လုပ်ငန်းဆောင်ရွက်စဥ်အချိန်အတွင်း
သုံးရက်တိတိ (၆-၄-၂၀၂၄ မှ ၈-၄-၂၀၂၄ ထိ) နံနက်(၉:၀၀)နာရီမှ ညနေ(၃:၀၀)နာရီအထိ မီးပျက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ YESC၏ထုတ်ပြန်ချက်၌ ဖော်ပြထားကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published_ 06 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 06 April 2024
ဆီးရီးယားရှိ အီရန်သံရုံးကို အစ္စရေးလ်တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး ထိုဒေသတွင်းရှိ အစ္စရေးလ်နဲ့ အမေရိကန်တို့ကို အီရန်က ပစ်မှတ်ထား လက်စားချေတိုက်ခိုက်လာနိုင်တဲ့အတွက် အမေရိကန်ဘက်က အထူးတပ်လှန့် ပြင်ဆင်နေကြောင်း အမေရိကန် အရာရှိတစ်ဦးက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
‘’အခုဆိုရင် အလွန်သတိထား စောင့်ကြည့်နေရပြီး လာမယ့်ရက်သတ္တပတ်မှာ တိုက်ခိုက်လာနိုင်ပါတယ်’’ လို့ ပြောပြသွားပါတယ်။
အစ္စရေးလ်ကလို့ သံသယရှိနေတဲ့ စစ်လေယာဥ်တွေဟာ တနင်္လာနေ့က ဆီးရီးယားနိုင်ငံ ဒါမတ်စ်ကပ်စ်ရှိ အီရန်သံရုံးကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အီရန်တပ်မှူးတစ်ဦး ကျဆုံးခဲ့ပြီး အစ္စရေးလ်စစ်ပွဲ တင်းမာမှုမြင့်တက်လာပါတယ်။
Quds Force မှ အကြီးတန်းတပ်မှူး မိုဟာမက်ရီဇာဇက်ဟယ်ဒီ အပါအဝင် အီရန်စစ်ရေးအကြံပေးအရာရှိ ၇ ဦး ကျဆုံးခဲ့ကြောင်း အီရန် အစ္စလာမ်တော်လှန်ရေး အစောင့်တပ်က ပြောကြားထားပါတယ်။
အီရန်ကတော့ ဒါကို ပြတ်ပြတ်သားသား လက်တုန့်ပြန်ခွင့်ရှိတယ်လို့ ဆိုထားပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူနဲ့ ကြာသပတေးနေ့က ဖုန်းပြောဆိုခဲ့ကာ အီရန်ဘက်က ခြိမ်းခြောက်လာနိုင်တဲ့အကြောင်း ဆွေးနွေးခဲ့ပါတယ်။
အဲဒီကတည်းက ယင်းတို့တွေဟာ အဆက်အသွယ်မပြတ် ရှိခဲ့ကြောင်း၊ အမေရိကန်က အီရန်ခြိမ်းခြောက်မှုမှ ကာကွယ်ရန် အစ္စရေးလ်ကာကွယ်ရေးကို အပြည့်အဝ ထောက်ပံ့ကြောင်း အမေရိကန် အစိုးရအဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးက ပြောပြသွားပါတယ်။
Source: Reuters
#World_News
#Published_ 06 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
၆ ဧပြီ ၂၀၂၄
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရက်စ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဩစတြေ လျနိုင်ငံခြားရေး ဝန်ကြီးဟောင်း ဂျူလီဘစ်ရှော့ကို ခန့်အပ်လိုက်တယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရသူက ဧပြီ၅ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။
၂၀၁၃ခုနှစ်မှ ၂၀၁၈ခုနှစ်အထိ ဩစတြေလျနိုင်ငံခြားရေးဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့တဲ့ ဘစ်ရှော့ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်က တာဝန်ပြီးဆုံးခဲ့တဲ့ စင်္ကာပူသံတမန် နိုလင်းဟေဇာရဲ့နေရာကို ဆက်ခံရမှာဖြစ်ပါတယ်။
သူမဟာ ၂၀၂၀ ဇန်နဝါရီလမှာ ဩစတြေလျအမျိုးသားတက္ကသိုလ် အေအင်န်ယူရဲ့ အဓိပတိအဖြစ်ခန့်အပ်ခံရပါတယ်။ အေအင်န်ယူရဲ့ ဒုတိယအဓိပတိ ပါမောက္ခ ဂျီနီဗီဘဲလ်က ဘစ်ရှော့ဟာ ထိုက်ထိုက်တန်တန်အသိအမှတ်ပြုခံရတာဖြစ်တယ်လို့ ပြောပါတယ်။
“ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အဖြစ် ကျွန်မခန့်အပ်ခံရလို့ အထူးဂုဏ်ယူမိပါတယ်” လို့ ဘစ်ရှော့ကပြောပါတယ်။
သူမဟာ မူဝါဒ၊ဥပဒေနှင့် အကြီးတန်းစီမံခန့်ခွဲမှု အတွေ့အကြုံရင့်ကျက်သူဖြစ်တယ်လို့ ကုလက ပြောပါတယ်။
သူမဟာ ဒေသဆိုင်ရာမိတ်ဖက်များနှင့် ထိတွေ့ဆက်ဆံမှုတွေ အားကောင်းခဲ့ပြီး ပထမဆုံးသော ပင်လယ်ပင် ဖျန်ဖြေရေး ဥပဒေဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအပါအဝင် နိုင်ငံတကာ စေ့စပ်ညှိနှိုင်းမှုတွေမှာ ဦးဆောင်ခဲ့သူဖြစ်တယ်လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။
Source Reiters/Agencies
Published 06 April 2024
သိပ္ပံပညာရှင်များက ဒီအင်န်အေနည်းပညာသစ်များကို အသုံးပြုကာ အမေရိကန်တည်ထောင်သူ ဂျော့ဂျ်ဝါရှင်တန် မိသားစုဝင်များရဲ့ ရုပ်အကြွင်းအကျန်များကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
ဗာဂျီးနီးယားအနောက်ဘက် ဟဲဝုဒ်မိသားစုသင်္ချိုင်းမှ အရိုးတွေဟာ ဂျော့ဂျ်ဝါရှင်တန်ရဲ့ မြေးဝမ်းကွဲများဖြစ်တဲ့ ဆမ်မြူရယ်ဝေါလ်တာ၊ ဂျော့ဂျ်စတပ်တိုးနဲ့ ယင်းတို့အမေ လူစီပိန်းဝါရှင်တန်တို့ရဲ့ အရိုးစတွေ ဖြစ်ပါတယ်။
အခုဆိုရင် သိပ္ပံပညာရှင်တွေဟာ ဒုတိယကမ္ဘာစစ်လောက်ကစပြီး ပဋိပက္ခတွေမှာ ကျဆုံးခဲ့တဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့ ရုပ်ကြွင်းတွေကိုပါ ဆက်လက်ရှာဖွေဖို့အတွက် အဆင့်မြင့်ဒီအင်န်အေ နည်းပညာများကို အသုံးချရန် စီစဥ်နေပါတယ်။
ဒီနည်းပညာက အလားတူ သမိုင်းဝင်ရုပ်ကြွင်းများကို ဆန်းစစ်ရှာဖွေနိုင်မှာဖြစ်တယ်လို့ ဒိုဗာလေတပ်အခြေစိုက်စခန်းရှိ AFMES-AFDIL ဓာတ်ခွဲခန်းမှ သုတေသနပြုစုသူ ကော့တ်နေးကာဗက်နီညိုက ဖော်ပြလိုက်ပါတယ်။
အတည်ပြုစစ်ဆေးဖို့ လိုအပ်နေတဲ့ ဒီထက်ခက်ခဲတဲ့ ဒီအင်န်အေနမူနာများမှာပါ စမ်းသပ်ခွင့်ရမှာဖြစ်ကြောင်း DoD ဒီအင်န်အေအဖွဲ့အစည်းမှ လက်ထောက်ညွှန်ကြားရေးမှူး ချာလာမာရှယ်က ဆိုပါတယ်။
AFMES-AFDIL ဆိုတာက အမေရိကန် ကာကွယ်ရေးဌာနရဲ့ လူသားရုပ်ကြွင်းဒီအင်န်အေ ဓာတ်ခွဲခန်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တိုက်ပွဲတွေရဲ့ တပ်ဖွဲ့ဝင်များကို ရှာဖွေတဲ့မစ်ရှင်တွေမှာ ထောက်ပံ့ကူညီနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် သံသယရှိသူတွေရဲ့ ရုပ်ကြွင်းတွေကိုလည်း ဒီအင်န်အေစစ်ဆေးမှုများ ပြုလုပ်ထားပါတယ်။
စမ်းသပ်ချက်ရလဒ်တွေကို လက်ရှိရှင်သန်နေတဲ့ ဆမ်မြူရယ်ဝေါလ်တာ ဝါရှင်တန်ရရဲ့ ဒီအင်န်အေနဲ့ ဆန်းစစ်ရှာဖွေထားတာ ဖြစ်ပါတယ်။
Source: WION.
#World_Science
#Published_ 06 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
တရုတ်အလယ်ပိုင်းရှိ ဟိုနန်ဟာ စီးပွားရေး အချက်အခြာနေရာကြီးဖြစ်ပြီး ဓာတ်ခွဲခန်းထုတ်စိန်များ ထုတ်လုပ်တဲ့နေရာမှာ အရေးပါနေပါတယ်။
အချက်အလက်များအရ ကမ္ဘာပေါ်မှာ စိန် ၂ လုံးရှိရင် တစ်လုံးက ထိုဒေသမှ ထုတ်လုပ်တာ ဖြစ်ပါတယ်။
ဟိုနန်ရှိ စိန်ထုတ်လုပ်ရေး လုပ်ငန်းများက ဆန်းသစ်တဲ့နည်းပညာများ အသုံးပြုကာ ဆယ်စုနှစ်တစ်ခုအတွင်း ဓာတ်ခွဲခန်းထုတ်စိန်များ ထုတ်လုပ်ရာ ဦးဆောင်သူဖြစ်လာပါတယ်။
#Asia_Economy
#Published_ 05 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 05 April 2024
၁။ ရွှေတိဂုံစေတီတွင် နှစ်သစ်ဦးအလှူအဖြစ် သင်္ကြန်တွင်း စတုဒိသာလှူဒါန်းနိုင်ရန် စီစဉ်ပေးနေ
၂။ လာမည့် မေလ ၁ရက်နေ့မှစပြီး UID ကတ်ပါမှသာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ထုတ်ပေးမည်
၃။ ချေးငွေ၊ ဆုကြေးနှင့်ပတ်သက်သည့် အွန်လိုင်းလိမ်လည်မှုများ ဆက်လက်ရှိနေ
၄။ တရုတ်နိုင်ငံ ဟိုနန်သည် ကမ္ဘာပေါ်တွင် လူလုပ်ဓာတ်ခွဲခန်းစိန်ကို အများဆုံး ထုတ်လုပ်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published_ 05 April 2024
ကူဝိတ်၊ကာဂျစ်စတန်၊ဗီယက်နမ်၊ထိုင်း၊တရုတ်အသင်းတို့ဖြင့်ယှဉ်ပြိုင်ရန် မြန်မာဖူဆယ်အသင်း ထိုင်းနိုင်ငံသို့ ထွက်ခွာသွားကြောင်းသိရသည်။
AFC Futsal Asian Cup 2024 ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်လျက် ရှိသည့် ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် ဧပြီလ(၅)ရက် က ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထွက်ခွာသွားခဲ့ပြီဖြစ်သည်ဟုဆိုသည်။
ထိုင်းနိုင်ငံတွင် ဧပြီလ ၆ ရက်တွင် ကူဝိတ် အသင်းနှင့် လည်းကောင်း၊ ၁၀ ရက်တွင် ကာဂျစ်စတန် အသင်းနှင့်လည်းကောင်း ခြေစမ်းပွဲများ ထပ်မံ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ယင်းနောက်ပဏာမ မြန်မာ့လက်ရွေးစင် အသင်းသည် AFC Futsal Asian Cup 2024 ပြိုင်ပွဲတွင် အုပ်စု (က)၌ ယှဉ်ပြိုင်ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ဧပြီ ၁၇ ရက်တွင် ဗီယက်နမ် အသင်းနှင့် လည်းကောင်း၊ ဧပြီ ၁၉ ရက်တွင် အိမ်ရှင်ထိုင်းအသင်းနှင့် လည်းကောင်း၊ ဧပြီ ၂၁ ရက်တွင် တရုတ် အသင်းနှင့် လည်းကောင်း အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းတွင် အုပ်ချုပ်နည်းပြ ၁၀ ဦး၊ ကစားသမား ၁၇ ဦးပါဝင်ပြီး အဆိုပါ နည်းပြနှင့် အားကစားသမားများထိုင်းနိုင်ငံသို့ သွားရောက်နေပြီဖြစ်ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 05 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရန်ကုန်တိုင်းထဲက မှော်ဘီ၊ ကမ္ဘာအေးအပါအဝင် နေ့အပူအချိန်(၄၀) ဒီဂရီဆဲလ်ဆီးယပ်နဲ့ (၄၀)ဒီဂရီ ဆဲလ်ဆီးယပ်အထက်ရှိတဲ့ ဒေသ(၃၀)အထိရှိလာတယ်။ အပူဒဏ်ကြောင့်မူးဝေ၊ခေါင်းကိုက်တာ၊ ကြွက်တက်တာ၊ ချွေးခြောက်တာ၊ကိုယ်အပူချိန်မြင့်တက်တာ၊ သတိလစ်တာတွေမဖြစ်အောင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှိုးဆော်ချက်တွေ လိုက်နာဖို့လိုတယ်။
Yangon_Times/tthl
#Local_News
#Published_ 05 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
ဘင်္ဂလားဒေရှ့နိုင်ငံကို တင်ပို့ဖို့ ချင်း(ဂျင်း)ထွက်ရှိတဲ့ဒေသမှာ ဝယ်ယူမှုများနေတဲ့ အတွက် ပြည်တွင်းဈေးကွက် မှာ ချင်းတစ်ပိသာကို ကျပ်၆၀၀၀ ကျော်သို့ ဈေးမြင့်တတ်လာတယ်လို့ ကုန်သည်တွေထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 05 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
၅ ဧပြီ ၂၀၂၄
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင် Chen Hai သည် မြန်မာအတာသင်္ကြန် အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံခေါင်းဆောင်ဟောင်းများဖြစ်သည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)၊ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး(ငြိမ်း)တို့ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ၍ နှစ်သစ်ကူးဂါရဝပြုခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန် ထားပါတယ်။
ထို့အပြင် တရုတ်သံရုံး ဒုတိယသံအမတ်ကြီး Cao Jing သည် ရန်ကုန်မြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကဦးတင်ဦး၊ဝန်ကြီးချုပ်ဟောင်းဦးနု၏ သမီး ဒေါ်သန်းသန်းနုနှင့် မြန်မာတရုတ်ချစ်ကြည် ရေးအသင်း ဥက္ကဋ္ဌ ဟောင်း ဦးစိန်ဝင်းအောင်တို့ထံလည်း သွားရောက်ဂါရဝပြုခဲ့ကြောင်းသိရပါတယ်။
-ymg/knl
Published 5 April 2024
ရန်ကုန်တိုင်းအပါအဝင် နိုင်ငံတစ်ဝန်းရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်များကို သင်္ကြန်ပွဲတော်ကာလ၌ နေ့စဉ် ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာန(ရန်ကုန်)မှ သိရသည် ။
မဟာသင်္ကြန်ပွဲတော်ကာလအတွင်း အများပြည်သူသွားလာမှုများ အဆင်ပြေချောမွေ့စေရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးအပါအဝင် နိုင်ငံတစ်ဝန်းဖွင့်လှစ်ထားသော မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့အရောင်းဆိုင်အများစုကို နေ့စဉ် ဖွင့်လှစ်ရောင်းချပေးသွားမည် ဖြစ်သည်။
အဓိကအားဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ဆိုင်များကိုလည်း ယခင် သင်္ကြန်ကာလများ ထက်ပိုမိုဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး အပြင် မဟာသင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ ဆိုင် ၄၁ ဆိုင်တွင် ၃၄ ဆိုင်ကို နေ့စဉ်ပိတ်ရက်မရှိ ဖွင့်လှစ်ရောင်းချပေးမည်ဖြစ်သည်။
အဆိုပါ မဟာသင်္ကြန်ကာလအတွင်း ဖွင့်လှစ်ပေးမည့် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ အရောင်းဆိုင်များအနေ ဖြင့် နံနက် ၅ နာရီမှ ည ၇ နာရီထိ ဖွင့်လှစ်ရောင်းချပေးသွားမည် ဖြစ်ပြီး သင်္ကြန်ကာလအတွင်းမှာ ယာယီပိတ်ထားလျက်ရှိ သည့် အရောင်းဆိုင်များကိုတော့ ဧပြီလ ၁၈ ရက်မှ စတင်ပြီး ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွား မည်ဖြစ်ကြောင်းသိရသည် ။
မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်များမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ၄၁ ဆိုင်၊ မန္တလေးတိုင်း ဒေသကြီးတွင် နှစ်ဆိုင်၊ မကွေးတိုင်းဒေသကြီးတွင်သုံးဆိုင် စုစုပေါင်း ၄၆ ဆိုင်ရှိကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 05 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 5 April 2024
ထိုင်း နိုင်ငံ ကန်ချနဘူရီခရိုင် မင်အ်မြို့ နောင်ဘွန်ကျေးရွာ အုပ်စု ၄ ရှိ စွန့်ပစ်အိမ်တစ်အိမ်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၂၀ ခန့်ကို ဧပြီ ၄ရက် က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရသိရသည်။
ထိုင်းအာဏာပိုင်များထံ မြန်မာအလုပ်သမားများ နေထိုင်သည်ဟု သတင်းပေးရရှိသဖြင့် နံနက်၉ နာရီအချိန့်တွင် ဒေသခံအာဏာပိုင်အဖွဲ့များ သွားရောက်စစ်ဆေးခဲ့ရာ မှ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါနေအိမ်တွင် တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာအလုပ်သမား အမျိုးသား ၉၄ဦး အမျိုးသမီး ၂၉ဦး စုစုပေါင်း ၁၂၃ ဦး တွေ့ရှိ ပြီး ဖမ်းဆီးခဲ့ကြောင်း သိရသည်။
စစ်ဆေးမေးမြန်းချက်အရ ယင်းအလုပ်သမားများသည် ပွဲစားကို အလုပ်သမား တစ်ဦးလျှင် လမ်းခရီးအကွာအဝေးပေါ်မူတည်ပြီး ဘတ် ၁၅၀၀၀မှ ဘတ်၃၀၀၀၀ထိပေးရကာ ယခုနေအိမ် တွင် လာကြိုမည့်ကားသမားကို စောင့်နေကြောင်းသိရှိရသည်။
ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမား များ ကို အားလုံးကို ကန်ကျနဘူရီ လူဝင်မှုကြီးကြပ်ရေးသို့ ပို့ဆောင်ပြီးနောက် ဥပဒေအရ အရေးယူဆောင်ရွက်ပြီးလျှင် မိခင်နိုင်ငံထံ ပြန်လည်လွှဲပြောင်း ပို့ဆောင်မည်ဖြစ်ကြောင်း ထိုင်းသတင်းများတွင်ဖေါ်ပြထားသည်။
Yangon_Times/LW
#Local_News
#Published_ 05 April 2024
#YMG_News #Yangon_Times #Yangon_Media_Group

Page 703 of 1925