#World_Health
Published 24 July 2024
▪️ ကော်လာဂျင်ဓာတ်က ခန္ဓာကိုယ်မှာ အပေါများဆုံး ပရိုတိန်းတစ်မျိုးဖြစ်ပြီး အမျိုးမျိုးသောတစ်ရှူးတွေကို သန်မာအောင် ထောက်ပံ့ပေးပါတယ်။
▪️ ကော်လာဂျင်ဖြည့်စွက်ဆေးတွေကို တိရိစ္ဆာန်နဲ့ ပင်လယ်သတ္တဝါများမှ အဓိကရရှိပြီး အရေပြားတင်းရင်းစေကာ အရိုးကျန်းမာရေးကို ကူညီပေးတဲ့အပြင် ကြွက်သားထုကိုလည်း မြှင့်တင်ပေးပါတယ်။
▪️ ဒါကြောင့် ကော်လာဂျင်ဖြည့်တင်းသုံးစွဲခြင်းဖြင့် ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြလိုက်ပါတယ်။
▪️ (၁) အရေပြားကျန်းမာရေးကောင်းမွန်စေခြင်း - အရေပြား တင်းရင်းစေကာ ရေဓာတ်ထိန်းသိမ်းပေးပြီး မျက်နှာပြင်တွန့်ခြင်းမှ ကာကွယ်ပေးပါတယ်။
▪️ (၂) အဆစ်အမြစ်နာခြင်းမှ သက်သာစေခြင်း - အရိုးနုများကို စုစည်းသန်မာစေကာ အဆစ်အမြစ်များ ရောင်ရမ်းခြင်းမှ လျှော့ချပေးပါတယ်။
▪️ (၃) အရိုးကျန်းမာရေးထောက်ပံ့ခြင်း - အရိုးသိပ်သည်းစေပြီး သတ္တုဓာတ်များကို မြှင့်တင်ပေးကာ အရိုးပျော့ခြင်း ကွဲအက်ခြင်းကို လျှော့ချပေးပါတယ်။
▪️ (၄) ကြွက်သားထုထည်တိုးစေခြင်း - ကြွက်သားပြုပြင်ခြင်းနဲ့ ကြီးထွားခြင်းကို ထောက်ပံ့ပေးကာ အရွယ်နဲ့အမျှ ကြွက်သားဆုံးရှုံးလာခြင်းကို လျှော့ချပေးပါတယ်။
▪️ (၅) နှလုံးကျန်းမာရေးကောင်းစေခြင်း - သွေးကြောများရဲ့ တည်ဆောက်ပုံကို ထောက်ပံ့ပေးပြီး သွေးကြောကျဉ်းခြင်းမှ ကာကွယ်ပေးကာ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်နိုင်ခြေ နည်းစေပါတယ်။
▪️ (၆) အူလမ်းကြောင်းကျန်းမာရေး ကောင်းစေခြင်း - အတွင်းနံရံတွေရဲ့ တည်ဆောက်ပုံကို သန်မာစေပြီး အစာခြေစနစ် ကောင်းမွန်စေပါတယ်။
▪️ (၇) ဆံပင်နှင့်လည်သည်းသန်မာစေခြင်း - ဆံပင်နဲ့ လက်သည်းရဲ့ တည်ဆောက်ပုံကို ထောက်ပံ့ပေးကာ သန်မာဖွံ့ဖြိုးစေပါတယ်။
▪️ (၈) ဒဏ်ရာလျင်မြန်စွာသက်သာစေခြင်း - တစ်ရှူးအသစ် ဖြစ်ပေါ်ခြင်းနဲ့ ဆဲလ်ပြုပြင်မှု မြှင့်တင်ပေးတာကြောင့် ဒဏ်ရာအနာတရများကို လျင်မြန်စွာ သက်သာစေပါတယ်။
▪️ (၉) အိပ်စက်မှုကောင်းမွန်စေခြင်း - ကော်လာဂျင်မှာပါတဲ့ ဂလိုင်ဆင်းဓာတ်က အာရုံကြောစနစ်ကို ငြိမ်သက်စေပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။
▪️ (၁၀) ကိုယ်အလေးချိန်ထိန်းရန် ကူညီပေးခြင်း - ကော်လာဂျင်ဖြည့်စွက်ဆေးတွေက ဆာလောင်မှုကို ထိန်းချုပ်ပေးကာ ဇီဝကမ္မဖြစ်စဉ်ကို ထောက်ပံ့ပေးပါတယ်။
#Source: DoctorNDTV
#World_Health
Published 24 July 2024
▪️ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၄ ခုအတွင်း ကမ္ဘာပေါ်မှာ HIV ကုသပျောက်ကင်းခဲ့တဲ့ ၇ ယောက်မြောက်လူသား ဂျာမနီမှ ပေါ်ထွက်လာပါတယ်။
▪️ ထိုလူဟာ ၂၀၁၅ အောက်တိုဘာလမှာ acute myeloid leukemia (AML)ရောဂါကို ပင်မစတမ်းဆဲလ် အစားထိုးကုသခဲ့ပါတယ်။
▪️ ၂၀၁၈ စက်တင်ဘာလကတည်းက HIV ရောဂါထိန်းဆေးတွေ မသုံးစွဲတော့ပါဘူး။
▪️ ဗိုင်းရပ်စ်ပြန်ထနိုင်တဲ့ အခြေအနေ ရှိပေမယ့် အကြိမ်ကြိမ်စစ်ဆေးခဲ့ရာမှာတော့ သူ့ခန္ဓာကိုယ်ထဲမှာ HIV မတွေ့ရှိတော့ပါဘူး။
▪️ ဒီကိစ္စကို မကြာခင် မြူးနစ်မြို့မှာပြုလုပ်မယ့် နိုင်ငံတကာ AIDS ကွန်ဖရင့်မှာ တင်ပြသွားဖို့ မျှော်မှန်းထားပါတယ်။
▪️ ထိုလူဟာ ကမ္ဘာပေါ်မှာ HIV ဗိုင်းရပ်စ်ကို ကုသပျောက်ကင်းခဲ့တဲ့ ၇ ယောက်မြောက်လူသား ဖြစ်လာပါတယ်။
▪️ နောက်ပိုင်းမှာ ဗိုင်းရပ်စ်ကူးစက်ခဲ့တဲ့ လူနာတွေက သွေးကင်ဆာဖြစ်လာနိုင်တဲ့ အခြေအနေကိုလည်း ပညာရှင်များ သတိပေးထားပါတယ်။
▪️ ရိုးတွင်းချဉ်ဆီအလှူရှင်များရဲ့ ခုခံအားဆဲလ်တွေမှာ HIV ဗိုင်းရပ်စ်ကို ခုခံနိုင်မယ့် အလားအလာ ရှားရှားပါးပါးရှိတတ်ပြီး လူနာကိုယ်ထဲမှ ဗိုင်းရပ်စ်ပွားတွေကို ရှင်းထုတ်နိုင်ပါတယ်။
▪️ HIV ဗိုင်းရပ်စ်ဟာ မျိုးဗီဇပြောင်းလဲတာတွေ များစွာဖြစ်ပေါ်တာကြောင့် ကုသရခက်ခဲပြီး ထိရောက်တဲ့ ကာကွယ်ဆေးလည်း ထုတ်လုပ်ဖို့ ခက်ခဲပါတယ်။
▪️ HIV ဆေးတွေဟာလည်း ဗိုင်းရပ်စ်ပွားခြင်းကို တားဆီးပေမယ့် လုံးဝရှင်းထုတ်နိုင်ခြင်း မရှိပါဘူး။
▪️ သူ့အရင်က HIV ကုသပျောက်ကင်းခဲ့တဲ့ သူတွေကတော့ ဘာလင်၊ လန်ဒန်၊ ဒူဆယ်ဒေါ့ဖ်၊ စီးတီးအော့ဖ်ဟုပ်၊ နယူးယော့ခ်၊ ဂျီနီဗာတို့မှ လူနာများဖြစ်ခဲ့ပြီး ဘာလင်ကတစ်ယောက်ကတော့ ၂၀၂၀ ခုနှစ်မှာ သွေးကင်ဆာပြန်ဖြစ်ပြီး ကွယ်လွန်ခဲ့ပါတယ်။
#Source: The Jerusalem Post
ယီမင်ဆိပ်ကမ်းမြို့ကို အစ္စရေးလ်တို့ လေကြောင်းမှတိုက်ခိုက်ခဲ့သဖြင့် လောင်စာဆီပြတ်တောက်မည်ကိုစိုးရိမ်ကာ စက်သုံးဆီဆိုင်များတွင် ကားအများအပြားတန်းစီစောင့်ဆိုင်းနေကြ
ယီမင်နိုင်ငံ ဟိုဒဲဒါဆိပ်ကမ်းနေရာကို အစ္စရေးလ်တို့က စနေနေ့မွန်းလွဲပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ယီမင်နိုင်ငံသား အများအပြားဟာ လောင်စာဆီပြတ်တောက်မှာ စိုးရိမ်နေကြပြီး စက်သုံးဆီအရောင်းဆိုင်တွေမှာ ကားတွေတန်းစီစောင့်ဆိုင်းနေကြပါတယ်။
#World_News
Published 23 July 2024
#လေကြောင်းမှတိုက်ခိုက် #လောင်စာဆီပြတ်တောက်
#YMG #Yangon_Times #Yangon_Media_Group
၂၃ ဇူလိုင် ၂၀၂၄
ယခုတစ်ပတ်ထဲ လာအိုနိုင်ငံမှာကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မြန်မာနစက အစိုးရက အကြီး တန်းအရာရှိတစ်ဦးကို စေလွှတ်မယ်လို့ သံတမန်သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး ကျုတိုသတင်းဌာနက သတင်းဖော် ပြလိုက်ပါတယ်။
ဒါဟာ မြန်မာနစကအစိုးရရဲ့ အကြီးတန်းအရာရှိတစ်ဦးအနေနှင့် လာအိုမှာကျင်းပတဲ့ အာဆီယံအစည်းအဝေးမှာ တတိယ အကြိမ်မြောက်ဆက်တိုက်တက်ရောက်ခြင်းဖြစ်ပါတယ်။
@ymg/knl
#Daily_News
Published 23 July 2024
၁။ ပုဂံရှေးဟောင်းဘုရားများ မြစ်ရေကြောင့် မစိုးရိမ်ရပေမည့်လည်း မိုးသည်းထန်မှုကြောင့် ထိခိုက်ပျက်စီးနိုင်ဟုဆို
၂။ ဓာတ်မြေဩဇာတင်သွင်း၊ ထုတ်လုပ်ခြင်းလုပ်ငန်းများအတွက် မှတ်ပုံတင်ပေါင်း တစ်သောင်း ကျော် ခွင့်ပြုပေးထား
၃။ တစ်ပတ်တာကာလအတွင်း ရွှေဈေးကျပ်ခုနှစ်သောင်းကျော်ကျဆင်း
၄။ ယီမင်ဆိပ်ကမ်းမြို့ကို အစ္စရေးလ်တို့ လေကြောင်းမှတိုက်ခိုက်ခဲ့သဖြင့် လောင်စာဆီပြတ်တောက်မည်ကိုစိုးရိမ်ကာ စက်သုံးဆီဆိုင်များတွင် ကားအများအပြားတန်းစီစောင့်ဆိုင်းနေကြ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၂၃ ဇူလိုင် ၂၀၂၄
နစက ဥက္ကဋ္ဌထံသို့ ယာယီသမ္မတ၏ တာဝန်ဝတ္တရားများလွှဲပြောင်းပေးခြင်းဟာ အခြေခံဥပဒေနှင့်ညီညွတ်တယ်လို့ သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားလိုက်ပါတယ်။
ဘောလုံးနည်းပြသင်တန်း MFF "D" Certificate Coaching Course ကို ဇူလိုင် ၂၃ ရက်မှ ၂၆ ရက်အထိဖွင့်လှစ်သွားမှာဖြစ်ပြီး သင်တန်းသား ၂၇ဦးနဲ့ သင်တန်းသူ ၃ ဦး တက်ရောက်လျက်ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 23 July 2024
#ဘောလုံးနည်းပြသင်တန်း #MFF"D"
#YMG/tthl #Yangon_Times
ကမ္ဘာ့ရွှေဈေးနဲ့အတူ အခုလတတိယပတ် တစ်ပတ်တာကာလအတွင်း အခေါက်ရွှေဈေးကျပ်ခုနှစ်သောင်းကျော်အထိကျဆင်းလာတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက သိရပါတယ်။ တစ်ပတ်တာကာလအတွင်းမှာ ကမ္ဘာ့ရွှေဈေးကလည်းတစ်အောင်စကို အမေရိကန်ဒေါ်လာ ၄၀ အထိကျဆင်းလာပြီး အခေါက်ရွှေတစ်ကျပ်သားကတော့ ၇၄,၅၈၄ ကျပ်အထိ ကျဆင်းလာတာပါ။
#Local_News
Published 23 July 2024
#ကမ္ဘာ့ရွှေဈေး #ရွှေဈေးကျဆင်း
#YMG/NN #Yangon_Times
မြန်မာနိုင်ငံအတွင်းရှိ မြေဩဇာတင်သွင်းမှုနဲ့ ထုတ်လုပ်မှုလုပ်ငန်းတွေအတွက် မှတ်ပုံတင်လက်မှတ် အစောင်ရေပေါင်း (၁၁,၀၀၀) ကျော်ကို စိစစ်ခွင့်ပြုပေးထားပြီးဖြစ်တယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မှ သိရပါတယ်။
#Local_News
Published 23 July 2024
#မြေဩဇာတင်သွင်းမှု #မှတ်ပုံတင်ပေါင်းတစ်သောင်းကျော်
#YMG/NN #Yangon_Times
ပုဂံရှေးဟောင်းဘုရားတွေဟာ မြစ်ရေကြောင့် မစိုးရိမ်ရပေမယ့်လည်း မိုးဆက်တိုက်သည်းထန်ပါက ဘုရားစေတီပုထိုးတွေပဲ့ကျတာတွေဖြစ်နိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 23 July 2024
#ပုဂံရှေးဟောင်းဘုရား #ဘုရားစေတီပုထိုးတွေပဲ့ကျ
#YMG/tthl #Yangon_Times
#Local_News
Published 23 July 2024
▪️ နိုင်ငံ့စီးပွားရေးတိုးတက်ရန် နိုင်ငံတကာမှလာရောက်ရင်းနှီးမြုပ်နှံသူများ၏ ယုံကြည်မှုTrustရရှိရန်နှင့် Trade ပေါ်လစီများကောင်းမွန်ရန်လိုအပ်ကြောင်း စီးပွားရေးပညာရှင်သန်းစိုး (ဘောဂဗေဒ)၏ ပြောကြားချက်အရ သိရသည်။
▪️ ယင်းလိုအပ်ချက်ကို စီးပွားရေးပညာရှင် သန်းစိုး(ဘောဂဗေဒ)က'နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးအခြေအနေများကြောင့်လက်ရှိ ပြည်တွင်းမငြိမ်သက်မှုအခြေအနေနှင့်ရွေးကောက်ပွဲ၏ အကျိုးကျေးဇူးများ ဆွေးနွေးပွဲ'၌ထည့်သွင်း ပြောကြားထားခြင်းဖြစ်သည်။
▪️ "နိုင်ငံတကာရင်းနှီးမြုပ်နှံမှု FBIတွေလာမလား မလာမလားဆိုတာနဲ့ပတ်သက်လို့ No.1ကတော့ နိုင်ငံရေးတည်ငြိမ်မှု Political Stable နဲ့ပတ်သက်တာ ရှိတယ်။
▪️ နောက်ပိုင်းမှာ နိုင်ငံရေးပြဿနာထက်ပိုပြီးတော့ အဲဒီ့နိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေကိုမစဉ်းစားတော့ဘူး။ နိုင်ငံတကာရဲ့ နိုင်ငံတကာအရေးပြဿနာကို စဉ်းစားပြီး ရင်းနှီးမြုပ်နှံမှု Investment လုပ်လာတယ်။ အခုကစဉ်းစားပုံစဉ်းစားနဲ့ ကွဲထွက်သွားပြီ။
▪️ အရင်ကစစ်ပွဲတွေကြောင့်စီးပွားပျက်သွားတဲ့နိုင်ငံ တွေရှိတယ်။ တောင်ကိုးရီးယားနဲ့ မြောက်ကိုရီးယား စစ်ပွဲဖြစ်လို့ အဲဒီ့နှစ်နိုင်ငံပျက်သွားတယ်။ တောင် မြောက်ကိုရီးယားစစ်ပွဲကို မှီပြီးတော့ ဂျပန်မှာ စီးပွားရေးတွေတက်သွားတယ်။ ဒါကဥပမာပေါ့။
▪️ စီးပွားရေးမှာကအရေးကြီးတာက ယုံကြည်မှု Trustပဲ။ကျွန်တော်တို့ကနိုင်ငံမှာက အမှန်အတိုင်းပြောရရင်ယုံကြည်မှု Trustကအရေးကြီးတယ်။Trust က နည်းနည်းစိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်။ အဲဒါလေး ဘယ်လိုလုပ်ရမလဲ။ Trust ဆိုရင် ဘဏ်ကိစ္စ တွေရွှေကိစ္စတွေအများကြီးရှိတယ်။
▪️ No.2က ခုနကပြောတဲ့ ကုန်သွယ်မှုTrade ပြဿနာ။ ကျွန်တော်တို့ ပို့ကုန် သွင်းကုန်Export/Importဆိုရင် Trade ပြဿနာပဲ။ သူတို့ကို အစိုးရသတ်မှတ်ထားတဲ့ ဈေးနှုန်းပြောင်းလိုက်၊ သူတို့ရှုံးနိုင်လား၊ အဲဒီ့အတွက်သူတို့ကို ကားပါမစ်ပေးမျိုးစသဖြင့် တစ်ခုခုစီစဉ်ပေးတာမျိုးတွေ လုပ်ဆောင်သင့်တာပေါ့"ဟု စီးပွားရေးပညာရှင်သန်းစိုး (ဘောဂဗေဒ)ကထည့်သွင်းပြောကြားခဲ့သည်။
▪️ လက်ရှိတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် နိုင်ငံ၏ စီးပွားရေးပြန်လည် ဦးမော့လာမလားမျှော်လင့် ချက်များရှိနေကြသည့်အပေါ် စီးပွား ရေးပညာရှင်သန်းစိုး(ဘောဂဗေဒ)က နိုင်ငံတစ်နိုင်ငံမှာ စီးပွားဖြစ်ထွန်းရန် နိုင်ငံတည်ငြိမ်ရန်လိုအပ်ပေမည့်လည်း ယင်းနိုင်ငံ၏ နိုင်ငံရေးအခြေအနေထက် အဆိုပါနိုင်ငံ၏ စီးပွားရေးပေါ်လစီများအပေါ်သာပိုမို မူတည်နေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ နိုင်ငံတကာရင်းနှီးမြုပ်နှံမှု FBIများ မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြုပ်နှံရန် နိုင်ငံရေးတည်ငြိမ်မှုအပြင် ပုဂ္ဂလိကပိုင်ဆိုင်မှု အာမခံချက်ဘယ် လောက်ပေးနိုင်မလဲ၊ ကုန်သွယ်မှုဆိုင်ရာ ပေါ်လစီများ Trade Policyများ ၊Tax အခွန်ဆိုင်ရာများ ပေါ်လစီများ၊ Institution များအပေါ်သာမူတည်ကြောင်း သိရသည်။
#YMG/tthl #Yangon_Times
#Local_News
Published 23 July 2024
▪️ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ရေဘေးဖြစ်ပွားမှုအကြိမ်ရေ(၁၄၄)ကြိမ်ဖြစ်ပွားခဲ့ပြီး နေအိမ်အဆောက်အဦပေါင်း (၂၇၉)လုံး ထိခိုက်ပျက်စီးခဲ့သည့်အပြင် လူနှင့်တိရစ္ဆာန်သေဆုံး၊ ထိခိုက်/ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
▪️ယင်းကဲ့သို့ ဆုံးရှုံးခဲ့ကြောင်းကို လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှထုတ်ပြန်သည့် ရေဘေးအန္တရာယ်ကြိုတင်ပြင် ဆင်ရေးနှင့် စပ်လျင်း၍ အသိပေးနှိုးဆော်ချက်၌ဖော်ပြထားသည်။
▪️ အဆိုပါ အသိပေးနှိုးဆော်ချက် ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၌ နှစ်စဉ်ဇူလိုင်၊ ဩဂုတ်လများတွင် ရေဘေးအန္တရာယ်နှင့် ကြုံတွေ့ရလေ့ရှိပြီး မိုးရွာသွန်းမှု၊ မြစ်ရေကြီးမှုအခြေအနေများအရ ပုံမှန်ရေကြီးရေလျှံမှုများအပြင် အချိန်တိုအတွင်း မိုးရေချိန် များပြားစွာရွာသွန်းမှုကြောင့် လျှပ်တစ်ပြက်ရေကြီးခြင်းများ၊ တောင်ပြို၊ မြေပြိုခြင်းများကိုလည်း ကြုံတွေ့ရနိုင်ကြောင်း၊
▪️ ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့နည်းသက်သာစေရန်အတွက် ရေဘေးမဖြစ်ပွားမီကြိုတင်ပြင်ဆင်ထားရမည့်သောက်သုံးရေများ ကြိုတင်စုဆောင်း ထားခြင်း၊ အရေးပေါ်သုံးပစ္စည်းများနှင့် အရေးပေါ်အသက်ကယ်ပစ္စည်းများကို ကြိုတင် ပြင်ဆင်ထားခြင်းစသည့်အသေးစိတ်အချက်များကိုဖော်ပြထားသည်။
▪️ အကယ်၍သဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့ရပါက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနတွင် (၂၄)နာရီ ဖွင့်လှစ်ထားရှိသည့် Hot-Line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆၊ ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်၍ အကူအညီ တောင်းခံနိုင်ကြောင်း ထုတ်ပြန် ဖော်ပြထားကြောင်း သိရသည်။
#YMG/tthl #Yangon_Times
Page 707 of 2058