#World_Health
Published 07 October 2024


▪️ ခန္ဓာကိုယ်မှာ မမောနိုင်မပန်းနိုင် အလုပ်လုပ်နေတဲ့ နှလုံးအင်္ဂါကို ဆေးဘက်ဆိုင်ရာမှာ ဆန်းသစ်တီထွင်မှုများ ဦးစားပေး ပြုလုပ်နေကြပါတယ်။

 

▪️ ယနေ့ဆိုရင် AI စနစ်ဖြင့် ရောဂါရှာဖွေမှုများ၊ ဆေးပစ္စည်းများ၊ ဒီဂျစ်တယ် ကျန်းမာရေး ရှာဖွေရေးများ၊ ဆန်းသစ်တဲ့ ကုသနည်းများ ပြုလုပ်နေကြကာ အသက်များစွာကို ကယ်ဆယ်နိုင်ရုံမက ကမ္ဘာပေါ်က လူတွေရဲ့ နေထိုင်မှုဘဝကိုပါ တိုးတက်လာစေပါတယ်။

 

▪️ ၂၀ ရာစုနှစ်လောက်က နှလုံးနဲ့ ပတ်သက်ပြီး ECG ဓာတ်မှန်ရိုက်ခြင်းကို ဝီလမ်အိုင်သိုဗင်က တီထွင်ခဲ့ပေမယ့် ကုသမှုတွေကတော့ အကန့်အသတ် ရှိခဲ့ပါတယ်။



▪️ ၁၉၅၀ ဝန်းကျင်မှာ ရင်ဘတ်ဖွင့်ပြီး နှလုံးခွဲစိတ်မှု စတင်ခဲ့ကာ ၁၉၆၇ မှာ ပထမဆုံး နှလုံးအစားထိုးမှု အောင်မြင်ခဲ့ပြီးနောက် နှလုံးရောဂါ ကုသနည်းအသစ်များ ထွက်ပေါ်ဖို့ လမ်းစဖြစ်လာပါတယ်။

 

▪️ ၂၁ ရာစုအစောပိုင်းမှာတော့ နှလုံးစောင့်ရှောက်ရေးမှာ ခေတ်မီနည်းပညာများ တိုးတက်လာပြီး ၁၉၇၀ လောက်မှာ နှလုံးသွေးကြောကျဉ်းခြင်းကို ဖွင့်ပေးတဲ့ အသေးစိတ်ခွဲစိတ်မှု စတင်ခဲ့ပါတယ်။

 

▪️ ဒါ့အပြင် သွေးကြောတွေထဲမှာ ပြွန်လေးတွေထည့်ပြီး သွေးစီးဆင်းမှုကောင်းစေတဲ့ နည်းလမ်းတွေလည်း ကျင့်သုံးလာပါတယ်။

 

▪️ နှလုံးခုန်မမှန်ခြင်းကို ထိန်းချုပ်ပေးမယ့် နှလုံးစက်ငယ်များလည်း တီထွင်လာကြပါတယ်။

 

▪️ ခေတ်မီစက်တွေဆိုရင် ခန္ဓာကိုယ် လှုပ်ရှားမှုပေါ်မူတည်ပြီး နှလုံးခုန်နှုန်းကို ထိန်းညှိလာနိုင်ပါတယ်။

 

▪️ ICD စက်ဆိုရင် နှလုံးခုန်ခြင်းကို စောင့်ကြည့်နေပြီး အန္တရာယ်ရှိလောက်တဲ့ နှလုံးရပ်ခြင်းမျိုး တွေ့ရှိပါက ရှော့ရိုက်ချက်ပေးကာ လူနာအသက်ကို ကယ်ဆယ်ပေးပါတယ်။

 

▪️ ဒီဂျစ်တယ်ခေတ် ရောက်လာတဲ့အခါ ထပ်မံအဆင့်မြင့်လာပြီး နှလုံးကျန်းမာရေးကို ထိန်းချုပ်စောင့်ကြည့်မယ့် ပစ္စည်းတွေ၊ အက်ပ်တွေ ပေါ်လာပါတယ်။

 

▪️ စမတ်နာရီ၊ ကျန်းမာရေးစောင့်ကြည့်စက်တွေဆိုရင် နှလုံးခုန်နှုန်း၊ ECG ဆင်ဆာများ၊ သွေးပေါင်ချိန်များကို စောင့်ကြည့်လာနိုင်ကာ လက်တွေ့အချက်အလက်တွေ ပေးစွမ်းနိုင်သလို နှလုံးပြဿနာများကို စောစီးစွာ တွေ့ရှိနိုင်ပါတယ်။

 

▪️ မိုဘိုင်းဖုန်းတွေထဲက အက်ပ်တွေမှာ နှလုံးကျန်းမာရေးကို စောင့်ကြည့်နိုင်သလို ဆေးဘက်ဆိုင်ရာ ခြေရာခံစနစ်တွေ ပါဝင်လာပြီး အသုံးပြုသူကို ကျန်းမာရေးအသိပညာများ ပေးနေမှာ ဖြစ်ပါတယ်။

 

▪️ ဆရာဝန်ထံသွားရောက်ဖို့ ခက်ခဲသူတွေအတွက် အဝေးကနေ ဆက်သွယ်စောင့်ရှောက်နိုင်တဲ့ နည်းလမ်းတွေလည်း ပေါ်လာပါတယ်။

 

▪️ အနာဂတ်မှာလည်း AI စနစ်များ အဆင့်မြင့်လာတာကြောင့် နှလုံးစောင့်ရှောက်ရေး နည်းပညာတွေ ထပ်မံပြောင်းလဲလာဖို့ ရှိနေပါတယ်။

 

#Source: DoctorNDTV