#World_News
Published 07 October 2024


▪️ အစ္စရေးလ်တို့က ဂါဇာမြောက်ပိုင်းနဲ့ လက်ဘနွန်တောင်ပိုင်းတို့မှာ အီရန်မဟာမိတ် စစ်သွေးကြွအဖွဲ့များကို ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်လျက်ရှိရာ တနင်္ဂနွေနေ့က လက်ဘနွန် ဘိုင်ရုမြို့ ဆင်ခြေဖုံးဒေသများကို လေကြောင်းတိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခဲ့ပါတယ်။

 

▪️ ဗလီကျောင်းတစ်ခုကို ထိမှန်ခဲ့ရာမှာ အနည်းဆုံးလူ ၁၉ ဦးသေဆုံးခဲ့တယ်လို့ ပါလက်စ်တိုင်း အရာရှိများက ပြောပါတယ်။

 

▪️ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့ ဟားမတ်စ်တို့ ကျူးကျော်တိုက်ခိုက်ပြီးနောက် ၁ နှစ်ပြည့်တဲ့အချိန်မှာ အစ္စရေးလ်က လက်ဘနွန်ရှိ ဟက်ဇ်ဘိုလာအဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်နေခဲ့ကာ စစ်မျက်နှာပြင်အသစ် ဖွင့်ခဲ့ပါတယ်။

 

▪️ ဟက်ဇ်ဘိုလာတို့က ဟိုင်ဖာမြို့မြောက်ပိုင်းကို တိုက်ခိုက်ခဲ့ကာ ဖျာထွက်လာတဲ့ ကျည်အစအနတွေက ဒုံးကျည်ကလား ဒုံးကျည်ဖျက်တွေကလားဆိုတာ မသေချာဘူးလို့ အစ္စရေးလ်စစ်တပ်က အတည်ပြုပါတယ်။

 

▪️ ဟက်ဇ်ဘိုလာတို့က အနီးနားရှိ ရေတပ်စခန်းတစ်ခုကို ပစ်ခတ်ဖို့ ကြိုးစားခဲ့တာဖြစ်ကြောင်းဆိုကာ မေဂန်ဒေးဗစ်အဒမ် လူနာတင်ကားစင်တာက အမြောက်ဆံတွေကြောင့် ဒဏ်ရာရသူ ၁၀ ဦးကို ကုသပေးခဲ့တယ်လို့ ပြောပါတယ်။

 

▪️ ပြီးခဲ့တဲ့သီတင်းပတ်က အီရန်တို့ အစ္စရေးလ်ကို ပဲ့ထိန်းဒုံးကျည်ဖြင့် ပစ်ခတ်ပြီးနောက် အစ္စရေးလ်ဘက်က ပြန်လည်ပစ်ခတ်မယ်လို့ ကြုံးဝါးထားပါတယ်။

 

▪️ ဒေသတွင်းပဋိပက္ခက ကျယ်ပြန့်လာတာကြောင့် အစ္စရေးလ်ကို ထောက်ပံ့နေတဲ့ အမေရိကန် ပတ်သက်လာတဲ့အပြင် ဆီးရီးယား၊ အီရတ်၊ ယီမင်တို့ရှိ အီရန်မဟာမိတ် စစ်သွေးကြွအဖွဲ့များကလည်း အစ္စရေးလ်ကို အဝေးကနေ ပစ်ခတ်လာပါတယ်။

 

▪️ တနင်္ဂနွေနှောင်းပိုင်းမှာ အစ္စရေးလ်တို့က ဘိုင်ရုဆင်ခြေဖုံးနေရာကို လေကြောင်းတိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခဲ့ပါတယ်။

 

▪️ ဟက်ဇ်ဘိုလာစစ်သွေးကြွအဖွဲ့ကို ပစ်မှတ်ထားပြီး ပစ်ခတ်တာ ဖြစ်တယ်လို့ အစ္စရေးလ်က ပြောပါတယ်။

 

▪️ ထိုနေ့အစောပိုင်းက ပစ်ခတ်မှုမှာလည်း ဘိုင်ရု အရှေ့တောင်ဘက်ရှိ ကာမာတီယာမြို့မှ ၆ ဦးသေဆုံးခဲ့တယ်လို့ လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

 

▪️ ဂါဇာဘက်မှာတော့ အဓိကဆေးရုံကြီးအနီး စစ်ဘေးရှောင်ပြည်သူတွေ ခိုလှုံနေတဲ့ ဗလီကျောင်းတစ်ခုကို အစ္စရေးလ်တို့ ပစ်ခတ်ခဲ့ပါတယ်။

 

▪️ ဟားမတ်စ်ဦးဆောင်တဲ့ စစ်သွေးကြတွေဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးလ်ဘက်ကို ကျူးကျော်ခဲ့ပြီး လူ ၁၂၀၀ ခန့်ကိုသတ်ဖြတ်ကာ ဓားစာခံ ၂၅၀ ကို ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

 

#Source: AP News