#Local_News
Published 7 October 2024


▪️ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ သိုလှောင်ခွင့်လိုင်စင်များကို ၂၀၂၅ခုနှစ်အတွက် သိုလှောင်ခွင့်လိုင်စင် သက်တမ်းများတိုးရန်  သတ္တုတွင်းဦးစီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ  အသိပေးထားသည်။

 

▪️ သတ္တုတွင်းဦးစီးဌာနမှ ခွင့်ပြုထုတ်ပေးထားသည့်  ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ သိုလှောင်ခွင့်လိုင်စင်များသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့တွင်  သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ သိုလှောင်ခွင့်လိုင်စင်များကို ရေနံနည်းဥပဒေ(၁၁၉)အရ သက်တမ်းကုန်ဆုံးမည့် နေ့ရက်မတိုင်မီ သက်တမ်းတိုးမြှင့် လျှောက်ထားကြရမည်ဖြစ်ကြောင်း သိရသည်။

 

▪️ အဆိုပါ သက်တမ်းကုန်ဆုံးမည့် နေ့ရက်မတိုင်မီနှစ်လကြိုတင်ပြီး လာမည့်နှစ်အတွက် သက်တမ်းတိုး လျှောက်ထားရန် လိုအပ်ကြောင်း၊ လိုင်စင်များ သက်တမ်းတိုးမြှင့်မှုကိုမူ နိုဝင်ဘာ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အတွင်း လျှောက်ထားကြရမည်ဖြစ်ကြောင်း သိရသည်။

 

▪️ ထို့အပြင် သက်တမ်းတိုးရန် ပျက်ကွက်သည့်  သိုလှောင်ခွင့်လိုင်စင်များအတွက် ရက်လွန်ဒဏ်ကြေးအဖြစ် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ပြီး တစ်ရက်လျှင်  သိုလှောင်ခွင့်လိုင်စင်ကြေးရဲ့ ၂ ရာခိုင်နှုန်းပေးရမည်ဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times