လာမယ့်နှစ်အတွင်း စေလွတ်ဖို့စီစဉ်နေတဲ့ တောင်ကိုရီးယားရာသီချိန် စိုက်ပျိုးရေးအလုပ်သမားတစ်ဦးကို ဝမ်၁၀သိန်းခန့် ပေးသွင်းဖို့ သက်ဆိုင်ရာတွေကို ကနဦးတင်ပြထားတယ်လို့ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF) ကသိရပါတယ်။
Yangon-Times/NN
#Local_News
#Published 16 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
‘လေနွေးတွေနဲ့ အယ်နီညိုသက်ရောက်မှုအနည်းငယ်ကြောင့် ဆောင်းတွင်းမှာ အရင်နှစ်တွေကလို မအေးတဲ့ ဒေသတွေကတော့ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ စတဲ့မြစ်ဝကျွန်းပေါ်ဒေသတွေ၊ မွန်၊ ကရင်၊ တနင်္သာရီစတဲ့ မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေ၊ မန္တလေး၊ မကွေး၊ နေပြည်တော်စတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေဖြစ်ပြီး ဒီဇင်ဘာလ ကုန်ပိုင်းနဲ့ဇန်နဝါရီလမှာသာ ပုံမှန်အအေးဓာတ်အနည်းငယ်သာရပြီး ဖေဖော်ဝါရီလမှာ ပြန်ပူမှာဖြစ်တယ်’
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်း
Yangon-Times/tthl
#Local_News
#Published 16 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 16 December 2023
ရန်ကုန်တိုင်း၊ တွံ့တေးမြို့နယ်အနီး ယနေ့ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့ညပိုင်း(၁၁)နာရီခန့်တွင် အင်အားရစ်(ခ်)တာစကေး (၃.၄) အဆင့်ရှိငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန(မြေငလျင်ဌာနခွဲ)မှသိရသည်။
အဆိုပါမြေငလျင်လှုပ်ခတ်မှုကို ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်အချို့အပြင် ဧရာဝတီတိုင်းအတွင်းရှိ ဒေးဒရဲ၊ဖျာပုံနှင့်မအူပင်ပါသက်ရောက်လှုပ်ခတ်မှုရှိဟုဒေသခံများကဖော်ပြထားသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန(မြေငလျင်ဌာနခွဲ)၏ထုတ်ပြန်ချက်တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃)နာရီ၊ (၀၀)မိနစ်၊ (၀၈)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် (၁၆) မိုင် ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (တွံတေးမြို့၏ မြောက်-အနောက်မြောက်ဘက် (၆)မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၆.၇၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၁) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၄) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိကြောင်းထုတ်ပြန်ထားကြောင်း သိရသည်။
၂၀၂၃ခုနှစ်အတွင်းရန်ကုန်တိုင်း၊မန္တလေးတိုင်း၊ဧရာဝတီတိုင်း၊စစ်ကိုင်းတိုင်း၊ပဲခူးတိုင်းတို့တွင်မြေငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်မှုများရှိခဲ့ပြီး တစ်ကျော့ပြန်ငလျင်ကြီးများလှုပ်ခတ်နိုင်သဖြင့်အဆောက်အဦးများကြိုတင် ပြင်ဆင်ထားသင့်ကြောင်း မြေငလျင်ပညာရှင်များမှအသိပေးထားကြောင်း သိရသည်။
Yangon-Times/tthl
#Local_News
#Published 16 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 16 December 2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၈၉)ရပ်ကွက်၊ စက်မှုဇုံ(၁)၊ ဦးရွှေဘင်လမ်းရှိ ဘိလပ်မြေအုတ်စက်ရုံအတွင်းရှိ ဘိလပ်မြေဖျော်သည့်စက်အတွင်း လူ(၁)ဦးညပ်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဒီဇင်ဘာ ၁၆ ရက် နံနက် ၉နာရီ ၅၀မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့ ခြင်းဖြစ်ကာ ယင်းညှပ်နေသူအား ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ရာ ၁၀ နာရီ အချိန်တွင် ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါ လူနာအား ပိတောက်ကွေ့သမလူမှုကူညီရေးအသင်းယာဉ်ဖြင့် စံပြဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲကြောင်း သိရသည်။
Yangon-Times/LW
#Local_News
#Published 16 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 16 December 2023
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် အလုပ်လုပ်ကိုင် မြန်မာအလုပ်သမားတစ်ဦးသည် မလေးရှား နိုင်ငံ၏ တရားဝင် ရောင်းချသည့် ၆ လုံးထီ ပေါက်ခဲ့ကာ မြန်မာငွေ ကျပ်သိန်း၁၅၀၀ နီးပါးရရှိခဲ့ကြောင်းနှလုံးလှ ပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ ထံက သိရသည်။
အဆိုပါ ကံထူးရှင်သည် ၎င်းကိုင်ဆောင်ထားသည့် ပတ်စပို့စ်နံပါတ်ကို (၆)လုံးထီထိုးခဲ့ရာမှ ထီဆုပေါက်ခဲ့တာဖြစ်ပြီး မလေးရှားငွေ ရင်းဂစ် (၂၀၀၀၀၀)ဆု၊မြန်မာကျပ်ငွေ သိန်း (၁၅၀၀) ခန့်ကို ရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ထီဆုပေါက်သူမှ ဆုငွေထုတ်ယူရန် နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ကို ဆက်သွယ်အကူအညီတောင်းခံခဲ့သောကြောင့် အဖွဲ့တာဝန်ရှိသူများ က ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ကာယကံရှင်နဲ့အတူ ဆုငွေသွားရောက်ထုတ်ယူပေးခဲ့ကြောင်းသိရသည်။
ယင်းကံထူးရှင်မှ လိုက်ပါကူညီဆောင်ရွက်ပေးခဲ့သည့် နှလုံးလှအသင်း၏ ပရဟိတကူညီမှုများဆောင်ရွက်သည့် နေရာတွင် အသုံးပြုနိုင်ရန် ရင်းဂစ် (၅၀၀၀) ကို လှူဒါန်းပေးအပ်ခဲ့ကြောင်းသိရသည်။
ထီဆုကံထူးရှင်သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ကနီမြို့နယ်မှ မလေးရှားနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။
Yangon-Times/LW
#Local_News
#Published 16 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 16 December 2023
အစ္စရေးလ်စစ်သားတွေဟာ အစ္စရေးလ်ဓားစာခံ ၃ ဦးကို ဘေးအန္တရာယ်ပြုမယ့်သူတွေလို့ မှားယွင်းစွာ ယူဆခဲ့ကာ အသေပစ်သတ်ခဲ့မိတယ်လို့ အစ္စရေးလ်စစ်တပ်က ဒီဇင်ဘာ ၁၆ ရက်နေ့ အစောပိုင်းမှာ ပြောကြားလိုက်ပါတယ်။
‘’ရှီဂျိုင်ယာမှာ တိုက်ခိုက်နေစဥ် အစ္စရေးလ်ကာကွယ်ရေးတပ် (IDF)က အစ္စရေးလ်ဓားစာခံ ၃ ဦးကို အန္တရာယ်ပေးမယ့်သူတွေလို့ မှားယွင်းစွာ ယူဆမိခဲ့ပါတယ်။ ဒီအတွက် ယင်းတို့ကို ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့ပါတယ်’’ လို့ ထုတ်ပြန်ခဲ့ကာ အလွန်ဝမ်းနည်းကြေကွဲမိပါကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒီဖြစ်ရပ်ကို IDF က ချက်ချင်းပြန်လည်သုံးသပ်နေပြီး အတွေ့အကြုံယူကာ IDF အဖွဲ့ဝင်အားလုံးသိရှိအောင် ဖြန့်ဝေထားပါတယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၇ ရက်နေ့က ဟားမတ်စ်စစ်သွေးကြွတွေဟာ အစ္စရေးလ်ဘက်ကို ကျူးကျော်ဝင်ရောက်ကာ လူပေါင်း ၁,၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ဓားစာခံ ၂၅၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ယခုသေဆုံးသွားတဲ့ ဓားစာခံတွေက ယိုတမ်ဟိုင်းနဲ့ ဆမ်မာအယ်လ်တယ်လာကာတို့ ဖြစ်တယ်လို့ သိရပါတယ်။
ပြင်သစ်-အစ္စရေးလ်လူမျိုး အယ်လီယာတိုလ်ဒါနိုရဲ့ အလောင်းကိုတော့ အစ္စရေးလ်ကို ပြန်ပို့ထားပြီး သူကတော့ ဓားစာခံအဖွဲ့ထဲက မဟုတ်ဘူးလို့ အစ္စရေးလ်စစ်တပ်က သောကြာနေ့ အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
အစ္စရေးလ်နဲ့ ဟားမတ်စ်တို့ရဲ့ စစ်ပွဲဆက်လက်ပြင်းထန်နေပြီး အစ္စရေးလ်က ဂါဇာကမ်းမြောင်ထံသို့ ထောက်ပံ့ကူညီမှုများကို ပြန်လည်ဖွင့်ပေးခဲ့ပါတယ်။
အရပ်သားများ ကာကွယ်ရေးနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် အစ္စရေးလ်ကို နိုင်ငံတကာမှ ဖိအားပေးမှုများ တိုးမြှင့်လာပါတယ်။
အမေရိကန်က အစ္စရေးလ်ကို များစွာထောက်ပံ့ထားပြီး စစ်ရေးအကူအညီအတွက် ဒေါ်လာဘီလီယံချီ ပံ့ပိုးထားကာ အစ္စရေးလ်အနေနဲ့ ကိုယ်ပိုင်ကာကွယ်ခွင့်ရှိတယ်လို့ ထောက်ခံထားပေမယ့် ဂါဇာကမ်းမြောင်မှာ အသေအပျောက်စာရင်း မြင့်တက်နေတာကို အမေရိကန်ထိပ်သီး အရာရှိများက စိုးရိမ်နေကြပါတယ်။
အစ္စရေးလ်အနေနဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေကို ရပ်တန့်သင့်တယ်လို့ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဥရောပသမဂ္ဂ၊ ဩစတြေးလျအပါအဝင် အနောက်တိုင်းနိုင်ငံ အများအပြားမှ တောင်းဆိုလိုက်ကြပါတယ်။
Source: WION
#World_News
#Published 16 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 16 December 2023
ကြက်ဥပြုတ်စားခြင်းဟာ ကိုယ်အလေးချိန်ချတဲ့ နည်းလမ်းထဲမှာ အပါအဝင်ဖြစ်ပြီး ပုံမှန်စားသုံးခြင်းဖြင့် ၂ ပတ်အတွင်း ၂၅ ပေါင်ခန့်ကျစေနိုင်တယ်လို့ ပညာရှင်များ လေ့လာဖော်ပြထားပါတယ်။
ထိုစားသောက်ပုံစံက မနက်စာကို အနည်းဆုံး ကြက်ဥပြုတ် ၂ လုံး၊ အသီးတစ်မျိုး စားသုံးပြီး နေ့လယ်စာနဲ့ ညစာကို ကြက်ဥ၊ ကာဗိုဟိုက်ဒရိတ်နည်းတဲ့ ဟင်းသီးဟင်းရွက်များဖြင့် စားသုံးရတာ ဖြစ်ပါတယ်။
ဒီလိုစားသောက်ပုံက ကယ်လိုရီနဲ့ ကာဗိုဟိုက်ဒရိတ် နည်းပါးပြီး ကိုယ်အလေးချိန်ကျစေတဲ့ နည်းလမ်းဖြစ်ပေမယ့် ရေရှည်မှာ အာဟာရဓာတ် မညီမျှမှု ဖြစ်စေနိုင်တယ်လို့ နယူးယော့ခ်အခြေစိုက် အာဟာရပညာရှင် အယ်ရင်ပယ်လင်စကီဝိတ်က ပြောပြခဲ့ပါတယ်။
ကြက်ဥပြုတ် စားသောက်ထိန်းသိမ်းမှု ပုံစံထဲမှာ ရှောင်ရှားရမယ့် အစားအစာများစွာ ပါဝင်နေတာကြောင့် အာဟာရဓာတ် ချို့တဲ့မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
ရေတိုထိရောက်မှုမှာတော့ တစ်ပတ်အတွင်း ၅ ပေါင်ကျသွားတယ်လို့ တစ်တော့မှာ လူတစ်ဦးက ဖော်ပြသွားပါတယ်။
အစပိုင်းမှာ ရေဓာတ်ပါဆုံးရှုံးတာကြောင့် ကိုယ်အလေးချိန် ကျဆင်းသွားတာဖြစ်ကြောင်း၊ တကယ်တမ်းမှာ ကိုယ်တွင်းအဆီတွေ ကျဆင်းသွားတာ မဟုတ်ကြောင်း ဒေါက်တာက ရှင်းပြခဲ့ပါတယ်။
ကြက်ဥမှာ အာဟာရဓာတ်များစွာ ပါဝင်ပြီး ဗိုက်တာမင် အေ၊ ဘီ၁၂၊ ဒီ၊ ဘီ၂၊ ဘီ၇၊ ဆယ်လီနီယမ်၊ အိုင်အိုဒင်းတို့ မြင့်မားစွာ ပါဝင်သလို ကိုလက်စ်ထရောလ်နဲ့ ပြည့်ဝဆီများလည်း ပါဝင်နေပါတယ်။
ကြက်ဥပြုတ်နည်းလမ်းကို စမ်းကြည့်ချင်သူတွေအနေနဲ့ ရက်သတ္တပတ် အနည်းငယ်လောက် အဆင်ပြေနိုင်ပေမယ့် ရေရှည်အတွက်တော့ မသင့်လျော်နိုင်ဘူးဆိုတဲ့ ကိစ္စက အစိုးရိမ်ရဆုံး ဖြစ်နေပါတယ်။
နောက်ဆုံးမှာတော့ ထိုအတောအတွင်း ကျသွားခဲ့တဲ့ ကိုယ်အလေးချိန်တွေ ပြန်တက်လာနိုင်ကာ ပိုပြီးတော့ပင် များလာနိုင်ပါတယ်။
အသင့်လျော်ဆုံးနည်းလမ်းကတော့ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး မိမိအတွက် ရေရှည်အထိပါ အကျန်းမာဆုံးနည်းလမ်းကို ဆွေးနွေးသင့်ပါတယ်။
Source: New York Post
#World_Health
#Published 15 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၁၅ ဒီဇင်ဘာ ၂၀၂၃
တပ်မတော်(လေ)ဖွဲ့စည်းတည်ထောင်မှု (၇၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် လေယာဉ်များတပ်တော်ဝင်ခြင်း အခမ်းအနားကိုဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် နေပြည်တော်လေတပ်စခန်း၌ နစကဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ပြီး Su-30 SME တိုက်လေယာဉ် ၂ စီးကို တပ်တော်ဝင်၍ တပ်မတော်(လေ)သို့ လွှဲပြောင်းပေးခဲ့ကြောင်းသိရှိရပါတယ်။
“ယခု ၁၄ ကြိမ် မြောက် တပ်တော်ဝင်အခမ်းအနားတွင် စတုတ္ထမျိုးဆက်လွန် လေကြောင်းအရေးသာမှု လေယာဉ်အမျိုးအစား ဖြစ်သည့် Su-30 SME တိုက်လေယာဉ် ၂ စီးကို တပ်တော်ဝင်ပြီး တပ်မတော်(လေ)သို့ လွှဲပြောင်းပေးခြင်းဟာ တပ်မတော်(လေ)ရှိ အရာရှိ/ စစ်သည်အားလုံး၏ စိတ်ဓာတ်အင်အားကို မြှင့်တင်ပေးရာရောက်သကဲ့သို့ တပ်မတော်အတွက် တိုက် စွမ်းအား၊ တိုက်စွမ်းရည် တိုးတက်မြင့်မားအောင် အထောက်အကူပြုစေမည်ဖြစ်တယ်” လို့ ဗိုလ်ချုပ်မှူးကြီးက အခမ်း အနားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ယနေ့တပ်တော်ဝင်မည့် Su-30 SME တိုက်လေယာဉ်များသည် စတုတ္ထမျိုး ဆက်လွန် တိုက်လေယာဉ်များဖြစ်သည့်အတွက် ယခုကဲ့သို့ တပ်တော်ဝင်နိုင်ခြင်းသည် တပ်မတော်(လေ)၏ လေကြောင်းစွမ်းအားကို တိုးမြှင့်ပေးရာ ရောက်သကဲ့သို့ တပ်မတော်(လေ)၏ အနာဂတ်ရည်မှန်းချက်ဖြစ်သည့် လေကြောင်းစွမ်းအားနှင့် ပတ်သက်သည့် လုပ်ငန်းတာဝန်အများစုကို ထိရောက်စွာ စွမ်းဆောင်နိုင်သော မဟာ ဗျူဟာမြောက် စွမ်းရည်အချို့ကို ပိုင်ဆိုင်သည့် နည်းဗျူဟာမြောက် လေတပ်အဖြစ် ကူးပြောင်းရပ်တည်နိုင်ရန် ခြေလှမ်းသစ်တစ်ရပ်ဖြစ်တယ်လို့လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးက ပြောဆိုပါတယ်။
စစ်နည်းဗျူဟာ ကျွမ်းကျင်မှု၊ လေကြောင်းအကဲသာမှုနှင့် အီလက်ထရောနစ် နည်းပညာသာလွန်မှု၊ လက်နက်ခဲယမ်းများ ခေတ်မီကောင်းမွန်မှု၊ ထိရောက်တိကျမှုတို့ သည် စစ်ပွဲ၏အနိုင်အရှုံးကို အဓိက အဆုံးအဖြတ်ပေးသည့်အတွက် တပ်မတော် (လေ)အနေဖြင့် နည်းပညာတိုးတက်လာမှုနှင့်အတူ ပြောင်းလဲကျင့်သုံးလာသည့် စစ်နည်းဗျူဟာများနှင့် စစ်လက်နက်ပစ္စည်း များကို ခေတ်နှင့်အညီ ကျွမ်းကျင်စွာ အသုံးချနိုင်ရန် စဉ်ဆက်မပြတ်လေ့ကျင့်ရေးကို အလေးအနက်ထား လုပ်ဆောင်သွား ကြရမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုပါတယ်။
“တပ်မတော်(လေ)အနေဖြင့်သမိုင်းကြောင်းတစ်လျှောက် ပိုင်နက်ဝေဟင် စိုးမိုးရေးနှင့်လေကြောင်းရန်ကာကွယ်ရေးတာဝန် များ သာမကပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေးစစ်ဆင်ရေးများတွင်ခေတ်အဆက်ဆက်တာဝန်ကျေပွန်အောင် ထမ်းဆောင် နိုင်ခဲ့သည်ကို မြင်တွေ့ရမည်ဖြစ်ပြီး ပြည်ပကျူးကျော်မှု၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကဏ္ဍများတွင် တပ်မတော်(ကြည်း)၊ တပ်မတော်(ရေ)၊ ပြည်သူလူထုနှင့်အတူလက်တွဲပြီး စွမ်းစွမ်းတမံ တိုက်ပွဲဝင်နိုင်ခဲ့တယ်” လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။
နယ်မြေဒေသများတည်ငြိမ်အေးချမ်းပြီး ပြည်သူများ၏ လူနေမှုဘဝ အေးချမ်းစွာရှိနေရန်အတွက် တပ်မတော်က လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများကို တရားသောစစ်ပွဲများဆင်နွှဲလျက် ချေမှုန်း နှိမ်နင်းရာတွင် တပ်မတော်(လေ)အနေဖြင့် ကြည်း၊ ရေ၊ လက်ရုံးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ စစ်ဆင်ရေးများတွင် လေကြောင်းစွမ်းအားကို ထိထိရောက်ရောက် အသုံးချကာ တစ်တပ်တစ်အား ပါဝင်ဆင်နွှဲနေသည်ကို ဂုဏ်ယူဖွယ်တွေ့မြင်ရတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးကလက်ရှိအခြေအနေများကိုပြောဆိုပါတယ်။
ထို့အပြင် အရှေ့မြောက် ပိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် အခြားတိုင်းစစ်ဌာနချုပ်နယ်မြေများ၌ ဖြစ်ပွားလျက်ရှိ သည့် စစ်ဆင်ရေးများတွင် လေတပ်စစ်သည်တော်များအနေဖြင့် တပ်မတော်(လေ) တွင် ရှိသည့် လေယာဉ်/ရဟတ်ယာဉ်များကို စွမ်းအားပြည့်အသုံးပြုပြီး တိုက်ပွဲ အောင်နိုင်ရေးအတွက် စွန့်လွှတ်စွန့်စားစိတ်ဖြင့်သက်စွန့်ဆံဖျား ကြိုးပမ်းတိုက်ပွဲဝင်ခဲ့ကြလို့ တိုက်ပွဲဝင်စစ်သည်များအားလုံးကို ချီးကျူးဂုဏ်ပြု ပါကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ရှမ်း(မြောက်)တိုက်ပွဲများအကြောင်း ထည့်သွင်းပြောဆိုသွားကြောင်း သတင်းထုတ်ပြန် ချက်အရသိရပါတယ်။
အဲဒီနောက်စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်က လေယာဉ်များအား တပ်တော်ဝင်အဖြစ် ကြေညာခဲ့ပါတယ်။
ဆက်လက်၍နစကဥက္ကဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က လေယာဉ်များ တပ်တော်ဝင်အထိမ်းအမှတ် လေယာဉ် ပုံစံငယ်ကို ဂါရဝပြု ပေးအပ်ခဲ့ပါတယ်။
ထို့နောက် စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံး အကြီးစားတိုက်လေယာဉ်ဖြစ် သည့် Su–30 SME တိုက်လေယာဉ် ၁ စီးဖြင့် ပျံသန်းအလေးပြုပြီး ၎င်းတိုက်လေယာဉ်၏ အဆင့်မြင့် လှုပ်ရှားစစ်ကစားမှု (High Performance Maneuver) များအား စွမ်းရည်ပြ ပျံသန်းပြသခဲ့ပါတယ်။
အခမ်းအနားသို့်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှနှင့်အတူ နစကဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ လေတပ်စခန်းဌာနချုပ်မှူးများ၊ တပ်မတော်(လေ)မှ အရာရှိ၊ စစ်သည်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
-ymg/knl
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီရဲ့ အထွေထွေ အတွင်းရေးမှူးဖြစ်တဲ့အပြင် တရုတ်သမ္မတလည်းဖြစ်တဲ့ ရှီကျင့်ဖင်ဟာ ဗီယက်နမ်မြို့တော် ဟနွိုင်းမှာ ဗုဒ္ဓဟူးနေ့နံနက်က ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်းချင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။
တရုတ်သမ္မတဖြစ်လာပြီးနောက် ရှီကျင့်ဖင်ဟာ ဗီယက်နမ်သို့ တတိယအကြိမ် ရောက်ရှိတာဖြစ်ပြီး ၂၀၁၇ နိုဝင်ဘာလက နောက်ဆုံးရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
#Asia_Development
#Published 15 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၁၅ ဒီဇင်ဘာ ၂၀၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) ပဋိပက္ခများနှင့်ပတ်သက်၍ တရုတ်နိုင်ငံမှ နယ်မြေငြိမ်းချမ်းရေး၊ လုံခြုံရေးအတွက် ကူညီနေမှုများအပေါ် ဝေဖန်ချက်အမျိုးမျိုးဖြင့် ထုတ်လွှင့်ပြောဆိုနေမှုများ
၁၅-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး ထီးချိုင့်တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများ
ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများ
နှင့် ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်အပြည့်အစုံကို
ပြန်လည်ဖော်ပြပေးအပ်ပါတယ်။
-ymg/knl
#Daily_News
Published 15 December 2023
၁။ တက္ကသိုလ်ဝင်စာမေးပွဲ(ဆယ်တန်း) လာမည့်မတ်လ ၁၁ရက်တွင် စတင်ကျင်းပမည် ၊ ပြင်ပဖြေဆိုသူနှင့် ပုဂ္ဂလိကကျောင်းများမှ ဖြေဆိုသူများစာရင်း ကောက်ခံနေဟုဆို
၂။ စားဝတ်နေရေး အခက်ခဲတွေကြောင့် စစ်ရှောင်စခန်းမှ အမျိုးသားအများစု ပြည်ပကို အဆင်ပြေသလို သွားရောက် အလုပ်လုပ်ကိုင်မှု များလာဟုဆို
၃။ ထိုင်း၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံများသို့ ပုဂ္ဂလိက လုပ်ငန်းအချင်းချင်း B to B စနစ်ဖြင့် မြန်မာ့ပြောင်းတန်ချိန်ခုနှစ်သိန်း ဧပြီလနောက်ဆုံး တင်ပို့သွားမည်
၄။ ဗီယက်နမ်သို့ တရုတ်သမ္မတရှီကျင့်ဖင်လာရောက်ကာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ရေးအတွက် ထိပ်သီးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 709 of 1775